ခါးနာခြင်းကို သက်သာပျောက်ကင်းအောင် ဆေးသောက်တာ စက်ပစ္စည်းတွေနဲ့ ကုသတာတွေ ပြုလုပ်နိုင်ပါတယ်။ ဒါတွေအပြင် ဆေးလည်းမသောက်ချင်ဘူး စက်ပစ္စည်းတွေနဲ့ကုဖို့ကလည်း ငွေမတက်နိုင်ဘူးဆိုရင် တခြားနည်းလမ်းတွေ ရှိနေပါသေးတယ်။ ဒါကတော့ အစားအသောက်ကို ရွေးချယ်စားသုံးခြင်းပါပဲ။ ဒီနေ့ဆောင်းပါးမှာ ပရိသတ်တွေအတွက် ခါးနာခြင်းကို သက်သာစေမယ့် အစားအသောက်တွေအကြောင်း ပြောပြပေးသွားမှာပါ။

တူနာငါး

Source: Branko Prpa MD

တူနာငါးတွေမှာ ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေတဲ့ အာဟာရတွေ ပါဝင်နေပါတယ်။ တူနာငါးမှာ ရောင်ရမ်းခြင်းကို ကာကွယ်ပေးတဲ့ အာဟာရဓာတ်တွေပါဝင်တာကြောင့် ခါးနာခြင်းကို သက်သာစေပါတယ်။ ပြီးတော့ ငါးမှာ omega-3 ဖက်တီအက်ဆစ်တွေပါဝင်တာကြောင့် ခါးနာဝေဒနာတွေအတွက် အကိုက်အခဲပျောက်ဆေးတစ်မျိုးအဖြစ်လည်း အသုံးပြုနိုင်ပါတယ်။

ကန်စွန်းဥ

Source: Chicago Sun-Times

ကန်စွန်းဥကလည်း ရောင်ရမ်းခြင်းကို လျော့ကျစေပါတယ်။ တစ်ချို့လူတွေက ကန်စွန်းဥကို “superfood” လို့တောင်တင်စားခေါ်ဝေါ်ကြပြီး တကယ်လည်း အာဟာရတွေနဲ့ ပြည့်ဝနေတဲ့ အစားအစာဖြစ်ပါတယ်။ ကန်စွန်းဥကို အချိုပွဲအနေနဲ့ စားသုံးနိုင်ပြီး ရောင်ရမ်းခြင်းကို လျော့ကျစေတာကြောင့် ခါးနာခြင်းကို သက်သာစေပါတယ်။

နာနတ်သီး

Source: Hospitality Dental

bromelian လို့ခေါ်တဲ့ အစွမ်းထက်အင်ဇိုင်းတွေဟာ ခန္ဓာကိုယ်ထဲမှာ သဘာဝအကိုက်အခဲပျောက်ဆေး တစ်မျိုးအဖြစ် လုပ်ဆောင်ပေးနိုင်တဲ့အတွက် ခါးနာနေချိန်မှာ နာနတ်သီးစားပေးခြင်းက ကျန်းမာရေးအတွက် သင့်တော်နိုင်ပါတယ်။ စည်သွပ်ထားတဲ့ နာနတ်သီးထက် လတ်ဆတ်တဲ့ နာနတ်သီးက အာနိသင်ပိုမိုထိရောက်ပါတယ်။

အမျှင်ဓာတ်များတဲ့ အစားအစာတွေ

Source: Virtual-Health-Partner

ဝမ်းချုပ်ရင် ခါးကိုက်၊ ခါးနာခြင်းက ပိုမိုဆိုးရွားလာနိုင်ပါတယ်။ ဒါကြောင့်လည်း သစ်သီးဝလံတွေ၊ ဟင်းသီးဟင်းရွက်တွေကို များများစားဖို့ အကြံပြုကြတာဖြစ်ပါတယ်။ နောက်ပြီး တစ်နေ့ ရေ (၈) ခွက် ပြည့်အောင် သောက်ခြင်းဖြင့်လည်း ရေဓာတ်ဖြည့်တင်းပြီး ခါးနာခြင်းဝေဒနာကို သက်သာစေပါတယ်။

ပူစီနံဆီ

Source: Medical News Today

ပူစီနံရွက်က ထုတ်ထားတဲ့ အဆီနဲ့ နှိပ်နယ်ပေးခြင်းက နာကျင်ခြင်းဝေဒနာတွေကို သက်သာလျော့ပါးစေပါတယ်။ ခါးနာနေတယ်ဆိုရင် ပူစီနံရွက်ဆီနဲ့ အုန်းဆီကို ရောပြီး နာကျင်နေတဲ့ ခါး ဧရိယာတဝိုက်မှာ လိမ်းပေးနိုင်ပါတယ်။ ဒီလိုလုပ်ခြင်းဖြင့် သွေးလည်ပတ်မှုကို ပိုမိုမြန်ဆန်စေပြီး နာကျင်မှုလျော့ပါးစေပါတယ်။