အခုလို အပြင်သိပ်မထွက်ရတဲ့ကာလတွေမှာ သင့်အနေနဲ့ TV ရှေ့မှာပဲ အစားစားရတာကို ကြိုက်နေတယ်ဆိုရင်တော့ ဒီဆောင်းပါးကိုဖတ်ကြည့်သင့်ပါတယ်။ TV ဖုန်းနဲ့ လက်ပ်တော့တွေကို သင့်ရဲ့အသိပညာကို တိုးပွားအောင်နဲ့ ဖျော်ဖြေရေးအတွက် အသုံးပြုတာမှန်ပေမယ့်လို့ screen time များခြင်းကတော့ သင့်ရဲ့ကျန်းမာရေးကိုဆိုးကျိုးသက်ရောက်မှုတွေရှိ နိုင်ပါတယ်။ ပိုဆိုးတာကတော့ TV တွေ၊ ဖုန်းတွေကြည့်ရင်းအစားစားခြင်းပါပဲ။ ကျွမ်းကျင်သူတွေရဲ့အဆိုအရ TV ကြည့်ရင်း ကွန်ပျူတာရှေ့မှာအလုပ်လုပ်ရင်း အစားစားတာက လိုတာထက်ပိုစားမိစေတယ်လို့ဆိုပါတယ်။  နောက်ထပ်အကြောင်းအရင်းတွေကို ပြောပြပေးပါမယ်။

(၁) အသင့်စားအစားအစာတွေကိုပိုစားမိစေတယ်

Source : My Hollywood Hangover

TVတွေ၊ ကွန်ပျူတာတွေရှေ့မှာအစားစားတဲ့အခါ ကျန်းမာရေးနဲ့မညီညွတ်တဲ့အသင့်စားအစားအစာတွေကို ပိုစားမိစေပါတယ်။ ရယ်ဒီမိတ်အစားအစာအများစုမှာ ခန္တာကိုယ်အတွက်မလိုမအပ်တဲ့ ကယ်လိုရီများစွာပါဝင်ပါတယ်။ သို့ပေမယ့် ကြော်ငြာအားကောင်းလာတာနဲ့အမျှလူတွေရဲ့ရယ်ဒီမိတ်အစားအစာတွေစားသုံးမှုက အလေ့အထတစ်ခုလိုဖြစ်လာပါတယ်။ အထူးသဖြင့် အခုလိုကာလတွေမှာ သင့်အနေနဲ့TV၊ ဖုန်း၊ ကွန်ပျူတာတွေရှေ့မှာအစားစားမိဖို့ဖြစ်နိုင်တဲ့အတွက် ပိုသတိထားသင့်ပါတယ်။

(၂) အဝလွန်စေနိုင်တယ်

Source : MEDICINA ONLINE

လေ့လာမှုတွေအရ screen time တွေမှာ ထမင်းစားတာ၊ အစားတစ်ခုခုစားတာတွေကအထူးသဖြင့် ကလေးတွေအဝလွန်ခြင်းကို ပိုဖြစ်စေတယ်လို့ဆိုပါတယ်။ TV၊ ကွန်ပျူတာရှေ့မှာ နာရီပေါင်းများစွာထိုင်ခြင်းက ခန္တာကိုယ်ရဲ့ဇီဝဖြစ်စဉ်နှုန်းနဲ့ ကယ်လိုရီလောင်ကျွမ်းမှုကိုဖြစ်စေတဲ့ သင့်ခန္တာကိုယ်ရဲ့ စွမ်းရည်ကိုနှေးကွေးစေပါတယ်။ ဒါ့ကြောင့်ခါးမှာအဆီတွေစုလာတာမျိုးနဲ့ အဝလွန်ခြင်းအန္တရာယ်ကို မြင့်တက်စေပါတယ်။ ဒါကြောင့် ပထမဆုံးအစားစားပါ ပြီးမှ TV၊ ကွန်ပျူတာရှေ့မှာထိုင်ဖို့ အကြံပြုလိုပါတယ်။

(၃) ဗိုက်ခကြာခဏဆာစေတယ်

Source : Eat This, Not That

TV၊ ဖုန်းတွေကြည့်ရင်းအစားစားတဲ့အခါ သင့်ရဲ့စိတ်က အဲ့ဒီအပေါ်မှာပဲ အာရုံရောက်နေမှာဖြစ်ပါတယ်။ ရလဒ်အနေနဲ့ သင်ဘယ်လောက်စားစားဗိုက်ပြည့်တယ်ဆိုတဲ့ ခံစားမှုကိုပိတ်ဆို့ထားနိုင်ပြီး ဗိုက်ပြန်ဆာစေပါလိမ့်မယ်။ နေ့လည်စာနဲ့ ညစာစားချိန်တွေမှာ TV၊ ဖုန်းကြည့်တာက မကြာခင်မှာပဲ သရေစာစားဖို့ပိုဖြစ်နိုင်ပါတယ်။

(၄) သင့်ရဲ့အစားစားတဲ့အကျင့်ကိုဘယ်လိုပြောင်းမလဲ

Source : Tes

တကယ်လို့သင့်မှာ ဒီလို screen time တွေမှာအစားစားတဲ့အလေ့အကျင့်လုပ်မိနေတယ်ဆိုရင်တော့ သင့်ခန္တာကိုယ်အတွက်ကောင်းတဲ့အလေ့အကျင့်ရအောင်သင့်ကိုယ်သင်ပြောင်းလဲသင့်ပါပြီ။ သင်အစားစားတဲ့အချိန် အနီးနားက TV တွေ၊ ဖုန်းတွေပိတ်ထားဖို့လိုပါတယ် ဒါမှမဟုတ် တခြားနေရာတခုမှာစားသင့်ပါတယ်။ သင်နေ့လည်စာစားတဲ့အခါ အစားစားတာကလွဲပြီး တခြားအရာတွေကိုအာရံမစိုက်သင့်ပါဘူး။ တကယ်လို့ သင်အကြိုက်ဆုံး TV အစီအစဉ်တခုကြည့်ရင်း ဗိုက်ဆာလာတဲ့အခါ အစားတခုခုစားတာထက် ရေတခွက်သောက်တာ၊ အသီးတခုခုစားပေးတာမျိုး လုပ်လို့ရပါတယ်။