ကမ္ဘာကျော် ပေါ့ပ်စတားတစ်ဦးဖြစ်တဲ့ အဆိုတော် Ed Sheeran နဲ့ နှုတ်ခမ်းနီလေးတွေနဲ့ အသည်းစွဲ Justin Bieber တို့နှစ်ဦးကတော့ ၂၀၁၉ နှစ်သစ်မှာ ပထမဆုံးသော အမိုက်စားသီချင်းသစ်တစ်ပုဒ်ကို အတူတူပူးပေါင်းဖန်တီးလိုက်ပြန်ပါတယ်။ သူတို့နှစ်ဦးရဲ့ သီချင်းအသစ်ကိုတော့ “I Don’t Care” လို့အမည်ပေးထားပြီး မေလ (၁၀) ရက်နေ့ ပရိသတ်တွေလက်ထဲ အရောက်ပို့ပေးခဲ့တာဖြစ်ပါတယ်။ “I Don’t Care” သီချင်းကတော့ JB နဲ့ Ed Sheeran တို့ရဲ့ ပူးပေါင်းဖန်တီးတဲ့ ပထမဆုံး အနုပညာရှေ့လှမ်းတစ်ခုတော့ မဟုတ်ပါဘူး။

Source : Dancing Astronaut

၂၀၁၅ ခုနှစ်ကတည်းက ပရိသတ်တွေအားလုံးအကြိုက်နဲ့ ထပ်တူကျရေပန်းစားခဲ့ပြီး Billboard Music Chart မှာ အချိန်အတော်ကြာနေရာယူခဲ့တဲ့ “ Love Yourself ” သီချင်းလေးဟာလည်း သူတို့နှစ်ဦးဖန်တီးထားတဲ့ လက်ရာလေးပဲ ဖြစ်ပါတယ်။ အချိန်အားဖြင့် လေးနှစ်နီးပါးကြာမြင်ခဲ့ပြီးမှ ပြန်လည်ပူးပေါင်းဖန်တီးထားတဲ့ သီချင်းလေးဖြစ်တာကြောင့် JB နဲ့ Ed Sheeran တို့ပူးပေါင်းတင်ဆက်မှုတွေကို လွမ်းနေတဲ့ ပရိသတ်တွေအတွက်တော့ အချိန်ကိုက်ပဲ ဖြစ်စေမယ်ထင်ပါတယ်။ သူတို့နှစ်ဦးရဲ့ ဖန်တီးမှုကလည်း တစ်ပုဒ်ဆိုတစ်ပုဒ် ပရိသတ်တွေရင်ထဲရောက်စေတာကြောင့် ယခင်ကပေါက်ခဲ့တဲ့ “ Love Yourself ” သီချင်းလိုပဲ ပရိသတ်တွေ အကြိုက်တွေ့ကြရဦးမယ်ဆိုတာ ယုံကြည်ပါတယ်။

Source : Us Weekly

I Don’t Care သီချင်းမှာတော့ Justin Bieber က Featuring အနေနဲ့ ဝင်ရောက်အားဖြည့် သီဆိုထားတာဖြစ်ပါတယ်။ ဒီသီချင်းလေးကိုတော့ Ed Sheeran နဲ့ Justin Bieber နှစ်ဦးစလုံးကိုယ်တိုင် ရေးသားခဲ့ကြတာဖြစ်ပြီး Fred Gibson, Jason Boyd, Max Martin, Shellback တို့ကလည်း ပါဝင်ကူညီရေးသားပေးခဲ့ကြတယ်လို့ သိရပါတယ်။ လက်ရှိ You Tube စာမျက်နှာပေါ်မှာတော့ I Don’t Care သီချင်းဟာ ၃ ရက်အတွင်း ဝင်ရောက်ကြည့်ရှုသူပေါင်း ၁၄ မီလီယံကျော်ရှိခဲ့ပြီပဲ ဖြစ်ပါတယ်။ အောင်မြင်မှုများစွာနဲ့ နောက်ထပ်အနုပညာ ခြေလှမ်းသစ်တစ်ခု စိုက်ထူလိုက်နိုင်ပြီဖြစ်တဲ့ Ed Sheeran နဲ့ Justin Bieber တို့ရဲ့ I Don’t Care သီချင်းလေးကို သီချင်းချစ်သူပရိသတ်တွေနားဆင်နိုင်စေဖို့အတွက် တင်ဆက်ပေးလိုက်ပါတယ်နော်။

Source : Dlisted

I Don’t Care – Ed Sheeran & Justin Bieber

Source – Ed Sheeran