ၿပီးခဲ႔တဲ႔ ၾကားရက္မွာ က်င္းပသြားခဲ႔တဲ႔ ကုိပါအီတလီယာ ရွုံးထြက္ဖလား ကြာတားဖုိင္နယ္ပြဲစဥ္ေတြထဲကမွ ဖီအုိရင္တီးနားအသင္းနဲ႔ ရုိးမားအသင္းတုိ႔ရဲ႕ ပြဲစဥ္အတြင္းမွာ ကြင္းလယ္ဒုိင္လူႀကီးကို တံေထြးျဖင့္ေထြးခဲ့မိလုိ႔ တို္က္ရုိက္အနီကတ္ျပ အထုတ္ပယ္ခံလုိက္ရတဲ႔ ရုိးမားအသင္းရဲ႕ အဓိကတိုက္စစ္မွဴး ဒီဂ်က္ကုိဟာ သူရဲ႕ မသင့္ေလွ်ာ္တဲ႔ လုပ္ရက္ေၾကာင့္ ကာလရွည္ပြဲပယ္ခံရဖြယ္ ရွိလုိ႔ေနပါတယ္။

အသက္၃၂ႏွစ္အရႊယ္ရွိ ေဘာ့စနီးယားလက္ေရြးစင္ တုိက္စစ္ကစားသမား ဂ်က္ကုိမွာ အဆုိပါပြဲစဥ္မွာ ပြဲထြက္ကစားသမားအျဖစ္ မပါဝင္ခဲ႔ရေပမယ့္လည္း ဒုတိယပုိင္းအစမွာ ပါဝင္ခြင့္ရခဲ႔ၿပီး ပြဲခ်ိန္၇၀ခန္႔မွာေတာ့ သူရဲ႕ ရုိးမားအသင္းေဖာ္တစ္ဦး ထိခုိက္ဒဏ္ရာ ရရွိသြားခဲ႔တဲ႔အေပၚမွာ ျပစ္ဒဏ္ေဘာမသတ္မွတ္ေပးခဲ့တဲ႔ ကြင္းလယ္ဒုိင္ျဖစ္သူကုိ လုိက္လံေစာဒကတတ္ရင္းကေန ဒုိင္ကုိ တံေထြးနဲ႔ ေထြးမိခဲ႔တာျဖစ္ပါတယ္။ ဒီလုပ္ရက္ေၾကာင့္ ကြင္းလယ္ဒုိင္က ဂ်က္ကုိကုိ အနီကတ္ျပၿပီး ၿပိဳင္ပြဲကေန ထုတ္ပယ္သြားခဲ႔ပါတယ္။

ဂ်က္ကုိရဲ႕ လုပ္ရက္က ရုပ္သံကေန ၾကည့္ရွုရင္ မျမင္ေတြ႕ႏုိင္ရေလာက္ေပမယ့္လည္း အေႏွးျပကြက္နဲ႔ ျပန္လည္ၾကည့္မယ္ဆုိရင္ေတာ့ ကြင္းလယ္ဒုိင္ရဲ႕ ရင္ဘတ္ကုိ တံေထြးေထြးလုိက္တာကုိ ထင္ထင္ရွားရွား ျမင္ေတြ႕ရႏုိင္ပါတယ္။ ဒီအနီကတ္ျပစ္ဒဏ္ေၾကာင့္ ရုိးမားအသင္းကေနလည္း တစ္ေယာက္အေလ်ာ့နဲ႔ ဖီအုိရင္တီးနားအသင္းရဲ႕ ဦးေဆာင္မႈကုိ ျပန္လည္မတြန္းလွန္ႏုိင္ေတာ့သလုိ ျပစ္ဒဏ္က်ဴးလြန္သူ ဂ်က္ကုိမွာ အနီကတ္ျပစ္ဒဏ္ထက္ အဆမ်ားစြာ ႀကီးေလးတဲ႔ ျပစ္မႈေတြနဲ႔ ရင္ဆုိင္လာရႏုိင္ပါတယ္။

မန္ခ်က္စတာစီးတီးအသင္းနဲ႔အတူ ပရီးမီးယားလိဂ္ဆုဖလားကုိ ဆြတ္ခူးခဲ႔ဖူးသူ ဂ်က္ကုိဟာ ရုိးမားအသင္းကုိ ၂၀၁၅-၂၀၁၆ ေဘာလုံးရာသီမွာ အငွားနဲ႔စတင္ေရာက္ရွိလာခဲ႔တာျဖစ္ၿပီးေတာ့ အငွားစာခ်ဳပ္ျပည့္ခ်ိန္မွာ အၿပီးသတ္ေျပာင္းေရႊ႕ခဲ႔တာျဖစ္ပါတယ္။ သူဟာ အခု ရုိးမားအသင္းအတြက္ ၿပိဳင္ပြဲစုံ ၈၉ပြဲ ပါဝင္ကစားထားၿပီး ၄၉ဂုိးအထိကုိ သြင္းယူေပးထားပါတယ္။

(Unicode)

ပြီးခဲ့တဲ့ ကြားရက်မှာ ကျင်းပသွားခဲ့တဲ့ ကိုပါအီတလီယာ ရှုံးထွက်ဖလား ကွာတားဖိုင်နယ်ပွဲစဉ်တွေထဲကမှ ဖီအိုရင်တီးနားအသင်းနဲ့ ရိုးမားအသင်းတို့ရဲ့ ပွဲစဉ်အတွင်းမှာ ကွင်းလယ်ဒိုင်လူကြီးကို တံထွေးဖြင့်ထွေးခဲ့မိလို့ တို်က်ရိုက်အနီကတ်ပြ အထုတ်ပယ်ခံလိုက်ရတဲ့ ရိုးမားအသင်းရဲ့ အဓိကတိုက်စစ်မှူး ဒီဂျက်ကိုဟာ သူရဲ့ မသင့်လျှော်တဲ့ လုပ်ရက်ကြောင့် ကာလရှည်ပွဲပယ်ခံရဖွယ် ရှိလို့နေပါတယ်။

အသက်၃၂နှစ်အရွှယ်ရှိ ဘော့စနီးယားလက်ရွေးစင် တိုက်စစ်ကစားသမား ဂျက်ကိုမှာ အဆု်ပါပွဲစဉ်မှာ ပွဲထွက်ကစားသမားအဖြစ် မပါဝင်ခဲ့ရပေမယ့်လည်း ဒုတိယပိုင်းအစမှာ ပါဝင်ခွင့်ရခဲ့ပြီး ပွဲချိန်ရ၀ခန့်မှာတော့ သူရဲ့ ရိုးမားအသင်းဖော်တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့တဲ့အပေါ်မှာ ပြစ်ဒဏ်ဘောမသတ်မှတ်ပေးခဲ့တဲ့ ကွင်းလယ်ဒိုင်ဖြစ်သူကို လိုက်လံစောဒကတတ်ရင်းကနေ ဒိုင်ကို တံထွေးနဲ့ ထွေးမိခဲ့တာဖြစ်ပါတယ်။ ဒီလုပ်ရက်ကြောင့် ကွင်းလယ်ဒိုင်က ဂျက်ကိုကို အနီကတ်ပြပြီး ပြိုင်ပွဲကနေ ထုတ်ပယ်သွားခဲ့ပါတယ်။

ဂျက်ကိုရဲ့ လုပ်ရက်က ရုပ်သံကနေ ကြည့်ရှုရင် မမြင်တွေ့နိုင်ရလောက်ပေမယ့်လည်း အနှေးပြကွက်နဲ့ ပြန်လည်ကြည့်မယ်ဆိုရင်တော့ ကွင်းလယ်ဒိုင်ရဲ့ ရင်ဘတ်ကို တံထွေးထွေးလိုက်တာကို ထင်ထင်ရှားရှား မြင်တွေ့ရနိုင်ပါတယ်။ ဒီအနီကတ်ပြစ်ဒဏ်ကြောင့် ရိုးမားအသင်းကနေလည်း တစ်ယောက်အလျော့နဲ့ ဖီအိုရင်တီးနားအသင်းရဲ့ ဦးဆောင်မှုကို ပြန်လည်မတွန်းလှန်နိုင်တော့သလို ပြစ်ဒဏ်ကျူးလွန်သူ ဂျက်ကိုမှာ အနီကတ်ပြစ်ဒဏ်ထက် အဆများစွာ ကြီးလေးတဲ့ ပြစ်မှုတွေနဲ့ ရင်ဆိုင်လာရနိုင်ပါတယ်။

မန်ချက်စတာစီးတီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ဆုဖလားကို ဆွတ်ခူးခဲ့ဖူးသူ ဂျက်ကိုဟာ ရိုးမားအသင်းကို ၂၀၁၅-၂၀၁၆ ဘောလုံးရာသီမှာ အငှားနဲ့စတင်ရောက်ရှိလာခဲ့တာဖြစ်ပြီးတော့ အငှားစာချုပ်ပြည့်ချိန်မှာ အပြီးသတ်ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ သူဟာ အခု ရိုးမားအသင်းအတွက် ပြိုင်ပွဲစုံ ၈၉ပွဲ ပါဝင်ကစားထားပြီး ၄၉ဂိုးအထိကို သွင်းယူပေးထားပါတယ်။