အသက် (၂၈) နှစ်အရွယ် ချယ်လ်ဆီးအသင်း တောင်ပံတိုက်စစ်ကစားသမား အီဒင်ဟာဇက်ကတော့ ပြီးခဲ့တဲ့ ဧပြီလအတွက် ပရီးမီးယားလိဂ်အကောင်းဆုံးသွင်းဂိုးဆုကို ထိုက်ထိုက်တန်တန်ဆွတ်ခူးရရှိခဲ့ပါတယ်။ ဟာဇက်ဟာ ပြီးခဲ့တဲ့ ဧပြီလအတွင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ဝက်စ်ဟမ်းအသင်းနဲ့ ပွဲစဉ်မှာ ပြိုင်ဘက်အသင်း ကစားသမားငါးယောက်ကို ကျော်ဖြတ်ပြီး လှလှပပသွင်းယူခဲ့တဲ့ ဂိုးတွေနဲ့ အဆိုပါ ပရီးမီးယားလိဂ်အကောင်းဆုံးသွင်းဂိုးဆုကို ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။

 

Source : Sky Sports

အဆိုပါပွဲစဉ်မှာတော့ ပွဲချိန် (၂၄) မိနစ်မှာပဲ ဝက်စ်ဟမ်းအသင်းဘက်ကို တစ်ကိုယ်တော် ထိုးဖောက်မှုနဲ့ အတူဦးဆောင်ဂိုးကို စွမ်းဆောင်ပေးခဲ့တာဖြစ်ပါတယ်။ ထပ်မံပြီး ချယ်လ်ဆီးအသင်းအတွက် သေချာတဲ့ အနိုင်ဂိုးကိုတော့ ပွဲချိန်မိနစ် (၉၀) တိတိမှာထပ်မံသွင်းယူခဲ့ပြီး ဝက်စ်ဟမ်းအသင်းကို (၂-ဝ) ဂိုးဖြင့် အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ အဆိုပါပွဲစဉ်မှာ သွင်းယူခဲ့တဲ့ တိုက်စစ်ကစားသမား အီဒင်ဟာဇက်ရဲ့ သွင်းဂိုးတွေဟာ ဧပြီလရဲ့ ဆန်ကာတင်ဆုစာရင်းမှာ ရွေးချယ်ခြင်းခံခဲ့ရတာဖြစ်ပြီး ပရိသတ်တွေရဲ့ Voting ပေးမှုကနေတစ်ဆင့် ဧပြီလရဲ့ အကောင်းဆုံးသွင်းဂိုးဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးသွားခဲ့တာဖြစ်ပါတယ်။

Source : AS English – Diario AS

ဟာဇက်ဟာ ပြီးခဲ့တဲ့ ၂၀၁၇၊ ဖေဖော်ဝါရီလတုန်းကလည်း အာဆင်နယ်အသင်းနှင့်ပွဲစဉ်မှာ တစ်ကိုယ်တော်စွမ်းဆောင်ရည်နဲ့ပဲ လှပစွာသွင်းခဲ့တဲ့ သွင်းဂိုးကို ပရီးမီးယားလိဂ်အကောင်းဆုံးသွင်းဂိုးဆုအဖြစ် ပထမဆုံးအကြိမ်ရရှိခဲ့တာ ဖြစ်ပါတယ်။ ယခုနှစ်ဧပြီလမှာထပ်မံရရှိခဲ့တဲ့ ပရီးမီးယားလိဂ်အကောင်းဆုံးသွင်းဂိုးဆုဟာ ၎င်းအတွက် ဒုတိယအကြိမ်မြောက်ရရှိတဲ့ ဆုတစ်ဆုပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဧပြီလအတွက် ပရီးမီးယားလိဂ်အကောင်းဆုံးကစားသမားဆုကိုတော့ လက်စတာစီးတီးအသင်းတိုက်စစ်မှူး ဗာဒီက တတိယအကြိမ်မြောက်ရရှိခဲ့တာဖြစ်ပြီး မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာကတော့ ဧပြီလအတွက် အကောင်းဆုံးနည်းပြဆုကို အသီးသီးဆွတ်ခူးရရှိခဲ့ကြတာဖြစ်ပါတယ်။

Source : Fox Sports