Edgar ဆံပင်ကေကို မြန်မာလိုလွယ်လွယ်ကူကူပြန်လိုက်ရင်တော့ အုန်းမုတ်ခွက်ကေလို့ခေါ်ရမှာပေါ့နော်။ ဆံပင်အပေါ်ပိုင်း ၃ ပုံ ၂ ပုံလောက်ကို ညီညီညာညာ တိထားပြီး ကျန်တဲ့အောက်ပိုင်း ၃ ပုံ ၁ ပုံခန့်ရှိ ဆံပင်များကို မပြောင်တပြောင်လေး ရိတ်ထားတာကို Edgar ဆံပင်ကေလို့ ခေါ်ပါတယ်။ ယခုနောက်ပိုင်းမှာ လူငယ်များအကြား ခေတ်စားလာတဲ့ ဆံပင်ကေတစ်ခုဖြစ်ပါတယ်။
ဆံပင်တိုတိုကပ်ကပ်လေး ထားချင်တဲ့ယောကျာ်းများအတွက် အလိုက်ဖက်ဆုံးဆံပင်ကေပဲဖြစ်ပါတယ်။ Edgar ဆံပင်ကေကိုမှ နောက်ထပ် စတိုင်လ် (၁၀) မျိုး ထပ်ခွဲနိုင်ပါတယ်။ သင့်အနေနဲ့ ကိုယ်နဲ့အလိုက်ဖက်ဆုံးဆံပင်ကေကို ရွေးချယ်နိုင်အောင်လို့ ဝေမျှပေးလိုက်ပါတယ်။
ဆံပင်အုံထူသူများနဲ့ လိုက်ဖက်တဲ့ Edgar စတိုင်လ်
ဒီဆံပင်ကေကတော့ ဆံပင်အုံထားပြီး နဖူးပြင်ကျယ်တဲ့ယောကျာ်းများနဲ့ လိုက်ဖက်ပါတယ်။
လှိုင်းတွန်း ဆံပင်ကေ
ကိုယ့်နဂိုဆံပင်ကေက လှိုင်းတွန်းပုံသဏ္ဍာန် (သို့) ဆံပင်ကောက်တဲ့သူများနဲ့ လိုက်ဖက်ပါတယ်။
အရှေ့သို့ ချွန်ထွက်တဲ့ ဆံပင်ကေ
အရှေ့သို့ ခပ်ချွန်ချွန်လေး ညှပ်ထားပြီး အနောက်ကို ပိုပါးအောင် ရိတ်ရမှာဖြစ်ပါတယ်။ မျက်နှာချွန်သူများနဲ့ လိုက်ဖက်ပါတယ်။
အနောက်မှာ ခပ်စောင်းစောင်းလေး ညှပ်ထားတဲ့ ဆံပင်ကေ
သူများနဲ့မတူဘဲ ကိုယ့်ရဲ့ကိုယ်ပိုင်ဆံပင်ကေများ ဖန်တီးချင်တယ်ဆိုရင်တော့ ဒီဆံပင်ကေမျိုး ရွေးချယ်နိုင်ပါတယ်။
ဆံပင်ရဲ့အပေါ်ပိုင်း ၃ ပုံ ၁ ပုံလောက်သာ ညှပ်ထားတဲ့ Edgar ကေ
သင့်အနေနဲ့ တစ်ခေါင်းလုံးကို ကတုံးဆံပင်ပေါက်ပုံမဖန်တီးချင်ဘူးဆိုရင်တော့ ဦးခေါင်းအလယ်ပိုင်း ၃ ပုံ ၁ ပုံလောက်သာ ဆံပင်အနည်းငယ်ချန်ထားပြီး ကျန်နေရာများကို မပြောင်တပြောင်လေး ကတုံးရိတ်လိုက်ပါ။
ပလမ်တီနမ်ဆံပင်အရောင်
Edgar ဆံပင်ကေကိုမှ အမိုက်စားလေး ဖြစ်သွားချင်တယ်ဆိုရင်တော့ ဆံပင်အရောင်ဆိုးလိုက်ပါ။ ပလမ်တီနမ်အရောင်ကတော့ ရေပန်းအစားဆုံးပါပဲ။
အရှေ့အတိဆံပင်ကေ
များသောအားဖြင့် ဆံပင်အရှေ့အတိသည် အမျိုးသမီးများ အရှေ့ဆံမြိတ်ချတဲ့အခါ ညှပ်လေ့ရှိတာပါ။ ဒါပေမဲ့ ထိုအရှေ့အတိကို ခပ်တိုတိုလေး တိလိုက်တဲ့အခါ အမျိုးသားတစ်ယောက်ကို ဆွဲဆောင်မှုအပြည့်အဝရရှိအောင် ကူညီပေးနိုင်ပါတယ်။
နဖူးဖော်ထားတဲ့ ဆံပင်ကေ
ဒီစတိုင်လ်ကတော့ နဖူးပြင်တစ်ခုလုံးကနေ တိညှပ်ထားတဲ့ ဆံပင်ကေဖြစ်ပြီး နဖူးပြင်ကျယ်တဲ့ အမျိုးသားတွေထက် နဖူးပြင်ကျဉ်းတဲ့အမျိုးသားများနဲ့ ပိုမိုလိုက်ဖက်ပါတယ်။
မုတ်ဆိတ်မွှေးရှိတဲ့သူနဲ့ လိုက်ဖက်တဲ့ Edgar ဆံပင်ကေ
မုတ်ဆိတ်မွှေးသည် သင့်ကို ပိုပြီး ရင့်ကျက်တဲ့အသွယ်ဖန်တီးပေးပြီး ထိုမုတ်ဆိတ်မွှေးနဲ့ လိုက်ဖက်တဲ့ Edgar ဆံပင်ကေကတော့ ပုံပါအတိုင်းပဲဖြစ်ပါတယ်။
အားလုံးနဲ့ လိုက်ဖက်တဲ့ Edgar စတိုင်လ်
ဒီဆံပင်ကေလေးကတော့ မျက်နှာချွန်သူပဲဖြစ်ဖြစ်၊ မျက်နှာဝိုင်းသူပဲဖြစ်ဖြစ် မည်သည့်မျက်နှာကျမျိုးနဲ့မဆို လိုက်ဖက်တဲ့ဆံပင်စတိုင်လ်တစ်ခုပါ။
စာဖတ်သူအနေနဲ့ မိမိကြိုက်နှစ်သက်ရာ Edgar ဆံပင်စတိုင်လ်တစ်ခုကို ရွေးချယ်ကာ မိမိုက်တဲ့စတိုင်လ်လေး ဖန်တီးနိုင်ပါပြီ။
Source: Thetrendspotter.net
Featured Image Source: Thetrendspotter.net