ဇွန်လကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးတော့မည့် ၀ါရင့်ကစားသမားနှစ်ဦးဖြစ်သူ အသင်းခေါင်းဆောင် သီယာဂိုဆေးလ်ဗား ၊ တိုက်စစ်မှူး ကာဗာနီတို့နှင့် လမ်းခွဲမည်ဟု PSG အားကစားဒါရိုက်တာ လီယိုနာဒိုက အတည်ပြုပြောကြားသွားခဲ့ပါတယ်။

Souce: BBC

“ဒီဆုံးဖြတ်ချက်က တော်တော်လေးကို ခတ်ခဲခဲ့ပါတယ်။ သူတို့တွေဟာ အသင်းမှာ သမိုင်းရေးထိုးနိူင်ခဲ့ကြသူတွေပါ။ ပုံပြင်လေးက အရမ်းကိုလှပခဲ့ပါတယ်။ ဒါပေမယ့် ပုံပြင်တိုင်းမှာ အဆုံးသက်ဆိုတာ ရှိတာပဲလေ။ စီးပွားရေးကဏ္ဍအပြင် မျိုးဆက်သစ်ကစားသမားတွေအတွက် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချဖို့ လိုအပ်ပါတယ်။ သူတို့တွေဟာ ချန်ပီယံလိဂ် ပြိုင်ပွဲတွေပြီးဆုံးသည့်အထိ (ဩဂုတ်လကုန်အထိ) အသင်းမှာဆက်ရှိနေအုံးမှာပါ။” ဟု အားကစားဒါရိုက်တာ လီယိုနာဒိုက ပြောကြားသွားခဲ့ပါတယ်။

Source: Sports Press News

အသက် (၃၆) နှစ်ပြည့်တော့မယ့် ဘရာဇီးလ်နောက်ခံလူ သီယာဂိုဆေးလ်ဗားဟာ PSG မှာ (၈) ရာသီကြာပါဝင်ကစားခဲ့ပြီး ဥရုဂွေးတိုက်စစ်မှူး စစ်မှူး ကာဗာနီ (၃၃ နှစ်) ဟာလည်း အသင်းအတွက် (၇) ရာသီကြာ ကစားပေးခဲ့ပြီဖြစ်ပါတယ်။ ကာဗာနီဟာ အသင်းအတွက် ပြိုင်ပွဲစုံ (၃၀၀) ကျော်ကစားပေးခဲ့ပြီး ဂိုးပေါင်း (၂၀၀) သွင်းယူပေးထားကာ အသင်းသမိုင်းတစ်လျှောက် ဂိုးအများဆုံးကစားသမားအဖြစ် စံချိန်တင်ထားပါတယ်။

Source: AS English

ကစားသမားနှစ်ယောက်စလုံးရဲ့ စာချုပ်သက်တမ်းဟာ ဇွန်လ (၃၀) ရက်နေမှာ ကုန်ဆုံးတော့မှာဖြစ်ပါတယ်။ ပြင်သစ် လီဂူးဝမ်းပြိုင်ပွဲတွေကို ဧပြီလက ရပ်နားခဲ့ပေမယ့် PSG အသင်းအနေနဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲတွေကိုတော့ ဝင်ရောက်ယှဉ်ပြိုင်ရအုံးမှာပါ။

PSG အသင်းသည် ယခုရာသီကုန်တွင် စာချုပ်ကုန်ဆုံးမည့် မြူနီယာ၊ ကာဇာဝါ၊ ချူပိုမိုတင်းတို့နှင့်လည်း လမ်းခွဲဖွယ်ရှိကြောင်း သိရသည်။