ပူအိုက်တဲ့ နွေရာသီမှာ ရောက်လာတဲ့အတွက်ကြောင့် လူတွေကရေအေးအေးလေးတွေ သောက်လာကြတယ်။ ရေခဲရေက သောက်တုန်းခဏပဲ ကောင်းတာပါ။ တကယ်တော့ ရေခဲရေက ခန္ဓာကိုယ်ကို အများကြီးထိခိုက်စေပါတယ်။

ဒီနေ့ ပြောပြပေးမယ့်အကြောင်းအရာကတော့ ရေခဲရေသောက်ခြင်းကြောင့် ဖြစ်လာမယ့်ဆိုးကျိုးတွေ အကြောင်းပါပဲ။

အစာခြေစနစ် ကိုထိခိုက်စေတယ်

Source: How to take care of a burn wound

ရေခဲရေဟာ အစာအိမ်ထဲရောက်ရှိသွားတဲ့အခါ အစာအိမ်ရဲ့ အစာချေဖျက်မှုလုပ်ငန်းစဉ်တွေကို ပိုမိုခက်ခဲသွားစေနိုင်ပါတယ်။ ပြီးတော့ ရေခဲရေသောက်တာက အစာအိမ်ထဲမှာ မအီမသာဖြစ်တာ၊ ဗိုက်နာတာ၊ လေထတာနဲ့ မအီမသာဖြစ်တာမျိုးတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။

ဝမ်းချုပ်စေတယ်

Source: Healthline

ရေခဲရေ သောက်သုံးတာဟာ ဝမ်းချုပ်စေနိုင်ပါတယ်။ ရေခဲရေက စားလိုက်တဲ့အစားအစာတွေကို ခဲသွားစေပြီး ချေဖျက်ရခက်ခဲစေတာကြောင့် ဝမ်းချုပ်တာကို ဖြစ် ပေါ်စေနိုင်တာပါ

လည်ချောင်းနာစေတယ်

Source: Everyday Health

အအေးမိတာကြောင့် နှာစေးတာနဲ့နှာခေါင်းပိတ်တာတွေကို ဖြစ်စေသလိုမျိုး ရေခဲရေကလည်း ခန္ဓာကိုယ်ကို အလားတူ အကျိုးသက်ရောက်မှုတွေဖြစ်ပေါ်ခံစားရစေနိုင်ပါတယ်။ ခန္ဓာကိုယ်က ချွဲတွေကို အေးမြတဲ့ လေတွေနဲ့ အရည်တွေကို ချေဖျက်ရာမှာ အနွေးဓာတ်ရရှိစေဖို့အတွက် သဘာဝအစိုဓာတ်ထိန်းတဲ့အရာအနေနဲ့ အသုံးပြုတာဖြစ်ပါတယ်။

ရေခဲရေသောာက်ချလိုက်တဲ့အခါမှာတော့ ခန္ဓာကိုယ်ကို မလိုအပ်ဘဲတုံ့ပြန်မှုဖြစ်စေတာကြောင့် ချွဲတွေကို လေပြွန်တွေထဲမှာ ပိတ်ဆို့စုပုံမှုတွေဖြစ်စေရာကနေ လည်ချောင်းနာတာတွေ ကိုခံစားရတာဖြစ်ပါတယ်။

အဆီပိုတွေဖြစ်စေနိုင်တယ်

Source: BBC

ရေခဲရေသောက်လိုက်တဲ့အချိန်မှာ ခန္ဓာကိုယ်တွင်း အပူချိန်လျော့ကျသွားကြောင့် အဆီတွေကို စုသွားစေပြီး ချေဖျက်ဖို့ပိုခက်ခဲသွားစေပါတယ်။ အစာချေလမ်းကြောင်းထဲမှာ စားသုံးတဲ့အဆီတွေ ကိုခဲသွားစေတာကြောင့် အစာချေဖျက်မှုကို ပိုမိုခက်ခဲသွားစေပါတယ်။

ခေါင်းကိုက်စေနိုင်တယ်

Source: www.vejthani

ရေခဲရေဟာ ခေါင်းကိုက်တာကို ဖြစ်ပေါ်ခံစားရစေနိုင်ပါတယ်။ ရေခဲရေရဲ့ အအေးဓာတ်က ကျောရိုးထဲက အာရုံခံ နာဗ်ကြောတွေထဲရောက်ရှိသွားပြီး ဦးနှောက်ကို ချက်ချင်း အချက်ပြပေးပို့မှုလုပ်ဆာင်လိုက်တဲ့အခါ ခေါင်းကိုက်တာကို ဖြစ်ပေါ်စေပါတယ်။