သင့်ရဲ့အာခံတွင်းရနံ့က နံနေပါသလား။ ခံတွင်းရနံ့ နံခြင်းသည် ရည်းစားနဲ့ ချိန်းတွေ့တဲ့အချိန် (သို့) အင်တာဗျူးဖြေတဲ့အချိန်တွေမှာ မိမိကိုယ်ကို မဝံ့မရဲဖြစ်စေပြီး ယုံကြည်မှု ကျဆင်းစေပါတယ်။ ဒီလိုမျိုး မိမိရဲ့ခံတွင်းရနံ့ကြောင့် စိတ်ညစ်နေရတဲ့ ယောကျာ်းများအတွက် ခံတွင်းရနံ့ မွှေးပျံ့စေမယ့် အိမ်တွင်းနည်းလမ်းကောင်းအချို့ ဝေမျှပေးချင်ပါတယ်။
ပန်းသီးရှာလကာရည် အသုံးပြုပါ

ပန်းသီးရှာလကာရည် စားပွဲတင်ဇွန်း ၂ ဇွန်းကို ရေအေးအေး ၁ ဖန်ခွက်ထဲထည့်ကာ သမအောင် ဖျော်လိုက်ပါ။ ရရှိလာတဲ့ဖျော်ရည်ဖြင့် ၃ မိနစ်မှ ၅ မိနစ်ခန့် ပလုတ်ကျင်းပေးလိုက်ပါ။ ထို့နောက် ရိုးရိုးရေဖြင့် ထပ်မံပလုတ်ကျင်းရပါမယ်။
ပန်းသီးရှာလကာရည်ဖြင့် ပလုတ်ကျင်းခြင်းကို မနက်တစ်ကြိမ်၊ ညအိပ်ရာဝင် တစ်ကြိမ် ပြုလုပ်ပေးရပါမယ်။
သကြားမပါသော ပီကေဝါးပါ

Photo Source: Clipartkey.com
ပီကေဝါးခြင်းသည် တံတွေးထွက်နှုန်းကို တိုးမြှင့်စေပြီး ခံတွင်းရနံ့ သင်းပျံ့အောင် ကူညီပေးပါတယ်။ အထူးသဖြင့် ပူရှိန်းပီကေများသည် နာရီအတော်ကြာအောင် ခံတွင်းရနံ့ သင်းပျံ့စေပါတယ်။
အုန်းဆီ အသုံးပြုပါ

သဘာဝအုန်းဆီစစ်စစ် စားပွဲတင်ဇွန်း ၁ ဇွန်းကို ပါးစပ်ထဲတွင် ၅ မိနစ်မှ ၁၀ မိနစ်ခန့် ငုံထားပြီး ပလုတ်ကျင်းပေးလိုက်ပါ။ ထို့နောက် ကြက်သီးနွေးရေနွေး အသုံးပြုကာ ပလုတ်ပြန်ကျင်းပေးလိုက်ပါ။ ဒီနည်းလမ်းကို နေ့စဉ်နေ့တိုင်း ပြုလုပ်ပေးပါက ခံတွင်းအနံ့ နံခြင်းများ ပျောက်ကင်းသွားပါလိမ့်မယ်။
ဂျင်း အသုံးပြုပါ

ဂျင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်းခန့်ကို ကြိတ်ချေပြီးနောက် အရည်ရလာအောင် ညှစ်ပေးလိုက်ပါ။ ထို့နောက် ရေနွေးနွေး တစ်ဖန်ခွက်ထဲထည့်ကာ သမအောင် ဖျော်ပေးလိုက်ပါ။ ရရှိလာတဲ့ ဂျင်းဖျော်ရည်ဖြင့် ပလုတ်ကျင်းပေးလိုက်ပါ။ တစ်နေ့လျှင် တစ်ကြိမ်ခန့် မှန်မှန်ပြုလုပ်ပေးပါက သင့်ခံတွင်းရနံ့လေး သင်းပျံ့သွားပါလိမ့်မယ်။
သံပုယိုရည်နှင့် ဒိန်ချဉ်

Photo Source: Cookforyourlife.com
သံပုယိုရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းကို ဒိန်ချဉ် စားပွဲတင်ဇွန်း ၂ ဇွန်းဖြင့် သမအောင် ရောမွှေလိုက်ပါ။ ထို့နောက် ရရှိလာတဲ့အနှစ်ကို သွားပေါ်တွင် သုတ်လိမ်းကာ ၅ မိနစ်မှ ၇ မိနစ်ခန့် ထားထားပါ။ သတ်မှတ်ချိန်ပြည့်မှ ပလုတ်ကျင်းပေးလိုက်ပါ။ သံပုယိုရည်က ခံတွင်းအနံ့ နံစေတဲ့ ဘက်တီးရီးယားများကို ဖယ်ရှားပေးပြီး ဒိန်ချဉ်ကတော့ ကောင်းတဲ့ဘက်တီးရီးယားများကို ပြန်လည်ပေါက်ပွားစေတာကြောင့် သင့်ရဲ့အာခံတွင်း ကျန်းမာရေးအတွက် အထူးကောင်းမွန်ပါတယ်။
Source: Stylecraze.com
