အမျိုးသားတွေဟာ သဘာဝရုပ်ရည် အသားအရေနဲ့ နေတာ များပါတယ်။ ပုံမှန်ဆိုရင် ဒီလို နေထိုင်တဲ့အလေ့အထဟာ ပြဿနာမဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ့်ရဲ့ ရုပ်ရည်ကြောင့် ပိုပြီး ယုံကြည်မှု ရှိချင်တယ်ဆိုရင် အခုပြောမယ့် Skin Care တွေ လုပ်သင့်ပါတယ်။

(၁) မျက်နှာကို သန့်စင်ခြင်း

Source: Men’s Journal

ယောင်္ကျားလေးတွေဟာ အပြင်အထွက်များတဲ့သူတွေ ဖြစ်ပြီး အသားအရေကိုက အဆီများတဲ့ အသားအရဖြစ်တတ်ပါတယ်။ ဝက်ခြံဖြစ်ရတဲ့ အကြောင်းတစ်ခုကလည်း အဆီများတဲ့ မျက်နှာပိုင်ရှင်တွေ အညစ်အကြေးတွေကြောင့် မျက်နှာမွေးညှင်းပေါက်တွေပိတ်ပြီး ဖြစ်ရတာပါ။ ဒီလိုအသားအရေကြမ်းတမ်းမှုကြောင့် မုတ်ဆိတ်ရိတ်ရင် ဓါးထိတာတို့ ပါ ဖြစ်နိုင်ပါတယ်။ ဒီတော့တစ်နေ့ကို အနည်းဆုံး ၂ ကြိမ် မျက်နှာသစ်ပေးပြီး မျက်နှာပေါ်ကအဆီနဲ့ အညစ်အကြေးတွေ ဖယ်ရှားလိုက်ပါ။

(၂) မုတ်ဆိတ်ရိတ်နည်း မှန်ပါစေ

Source: AskMen

မုတ်ဆိတ်ရိတ်တဲ့ ပုံစံကလည်း Skin Care မှာ ပြဿနာရှိပါတယ်။ မုတ်ဆိတ်ရိတ်နည်း မှားလို့ မျက်နှာမှာ ဓါးရာထိပြီး အမာရွတ်ဖြစ်သွားမယ်ဆိုရင် ရုပ်ရည်ပါထိခိုက်နိုင်ပါတယ်။မုတ်ဆိတ်ရိတ်မယ်ဆိုရင် အမွေးအမှင်ပေါက်တဲ့ လမ်းကြောင်းအတိုင်း အလိုက်သင့်ရိတ်ပေးရမှာဖြစ်ပြီး လှန်ရိတ်မယ်ဆိုရင် ဓါးထိနိုင်သလို တစ်နေရာတည်းကို နှစ်ကြိမ် ရိတ်တာမျိုးကို တတ်နိုင်သမျှ ရှောင်သင့်ပါတယ်။မုတ်ဆိတ်ရိတ်ဓါးနဲ့ လျှပ်စစ် Shaver ကိုလည်း အရည်အသွေး ကောင်းနိုင်သမျှ ကောင်းတဲ့ပစ္စည်းသုံးသင့်ပါတယ်။သုံးရတာသက်တောင့်သက်သာ ရှိပြီး မုတ်ဆိတ်ရိတ်ဖို့ သိပ်အားမစိုက်ရတဲ့ မုတ်ဆိတ်ရိတ်ဓါးသုံးတာ အကောင်းဆုံးပါပဲ။

(၃) အသားအရေ အစိုဓါတ်ထိန်းသိမ်းပါ

Source: RD

တကယ်လို့ အခုထိ Moisturizer တို့ Body Lotion တို့ Hand Cream တို့ မသုံးဖူးဘူးဆိုရင် အခုကစပြီး သုံးသင့်ပါတယ်။ လူဟာ နေ့တိုင်းမှာ အညစ်အကြေးတွေနဲ့ ထိတွေ့ နေရသ လို ရာသီဥတုကလည်း ကိုယ့်အသားအရေကို ပျက်စီးစေဖို့ အသင့်ရှိနေပါတယ်။ ဒီလို Skin Care Products တွေ ပုံမှန်သုံးခြင်းအားဖြင့် အသားအရေ အစိုဓါတ် ထိန်းသိမ်းပြီးဖြစ်သလို ရုပ်ရည်လည်း ကြည်လင်ဝင်းပစေပါတယ်။

(၄) အပတ်စဉ် Scrubing လုပ်ပါ

Source: Glyder.io

ပုံမှန် တစ်နေ့ နှစ်ကြိမ် မျက်နှာသစ်တာအပြင် မျက်နှာချေးချွတ်တာကိုလည်း တစ်ပတ်တစ်ခါလောက် လုပ်ပေးသင့်ပါတယ်။ Face Scrubing ကိုတော့ နေ့ တိုင်းလုပ်ပေးစရာ မလိုပါဘူး။ ဒီလိုလုပ်ပေးခြင်းအားဖြင့် ဆဲလ်သေတွေ ၊ အဆီနဲ့ အညစ်အကြေးတွေကို ထိထိရောက်ရောက် ဖယ်ရှားနိုင်ပြီး အသားအရေ စိုပြေဝင်းလက်ပြီး နူးညံ့ချောမောစေပါတယ်။

(၅) ပါးရေမတွန့် အောင်နေပါ

Source: Spy.com

မျက်ကွင်းညိုခြင်း  ပါးရေတွန့် ခြင်းတို့ ရဲ အဓိက အကြောင်းရင်းက ချွေးနဲ့ အဆီကလင်းနည်းခြင်းကြောင့် ဖြစ်တတ်သလို အိပ်ရေးပျက်တာ  ဆေးလိပ်သောက်တာနဲ့ အသက်ကြီးလာတာလည်း ပါပါတယ်။ မျက်လုံးတစ်ဝိုက်မှာရေဓါတ်ပုံမှန်ဖြည့်ပေးမယ်ဆိုရင် မျက်ကွင်းညိုတာ  ပါးရေနားရေတွန့် တာ သက်သာပါတယ်။ ဒီအတွက် Eye Cream ၊ Moisturizer နဲ့ သခွားသီးကပ်တာတို့ လုပ်ပြီး ကာကွယ်နိုင်ပါတယ်။