အခုရက်ပိုင်းအတွင်း ဘာကိုမှ လုပ်ချင်ကိုင်ချင်စိတ်မရှိဘဲ အရာရာတိုင်းမှာ ပျင်းရိငြီးငွေ့စိတ် ဝင်နေပြီလား။
ဒီလိုမျိုး ဘာကိုမှ မလုပ်ချင်ဘဲ ခဏတဖြုတ်အနားယူချင်တဲ့စိတ်တွေ ပေါ်လာတဲ့အခါ အနားပေးလိုက်ပါ။ ဒါပေမဲ့ အမြဲတမ်းပျင်းရိပြီး တစ်ချိန်လုံးအနားပေးမယ်ဆိုရင်တော့ သတိထားရပါမယ်။
ထိုပျင်းရိတတ်တဲ့ရောဂါ စွဲကပ်လာပြီဆိုရင် ကိုယ့်ရဲ့ရည်မှန်းချက်ပန်းတိုင်နဲ့ အလှမ်းဝေးသွားနိုင်လို့ပါပဲ။
ပျင်းရိငြီးငွေ့စိတ်များ မိမိဆီမှာ ရေရှည်မစွဲကပ်အောင် ဘယ်လိုကြိုးစားပြီး တွန်းလှန်တိုက်ထုတ်ရမလဲ။ စာဖတ်သူတို့အတွက် အသုံးဝင်မယ့်နည်းလမ်းလေးတွေကို ဝေမျှပေးလိုက်ပါတယ်။
တစ်ချိန်တည်းမှာ အလုပ်နှစ်ခု၊ သုံးခု ပြိုင်တူပြုလုပ်ခြင်းကို ရှောင်ကြဉ်ပါ
ထိုကဲ့သို့ ပြုလုပ်တဲ့အခါ စိတ်အာရုံပိုမိုထွေပြားပြီး သင်ပဲ စိတ်ဖိစီးမှုဒဏ်တွေ ခံနေရမှာပါ။ လုပ်စရာတွေကလည်း များလိုက်တာ မပြီးနိုင်တော့ဘူးဆိုတဲ့ အတွေးတွေဝင်လာပြီး အချိန်ဆွဲချင်တဲ့စိတ်၊ ပျင်းရိငြီးငွေ့တဲ့စိတ်တွေပဲ ဝင်လာပြီး ပျင်းရိခြင်းက သင့်ကို အနိုင်ယူသွားပါလိမ့်မယ်။ ဒါ့ကြောင့် သင့်ရဲ့ပျင်းရိစိတ်ကို ဖယ်ရှားလိုက်ပါ။
အချိန်ဆွဲတဲ့ အကျင့်ဆိုးကို ဖျောက်ဖျက်ပစ်ပါ
အချိန်ဆွဲတတ်တဲ့အလေ့အကျင့်သည် ကောင်းတဲ့အလေ့အကျင့်မဟုတ်ဘူးဆိုတာ အားလုံးသိပြီးသားဖြစ်ပါတယ်။ အောင်မြင်ချင်တယ်၊ ကိုယ့်ရဲ့ ရည်မှန်းချက်ပန်းတိုင်ဆီသို့ အရောက်လှမ်းချင်တယ်ဆိုရင် “ အခုချက်ချင်းလုပ်လို့ရတဲ့ အရာတစ်ခုကို နောက်နေ့မရွေ့လိုက်ပါနဲ့။”
ကောင်းမွန်တဲ့အကျိုးရလာဒ်များကို ပုံဖော်ကြည့်လိုက်ပါ
လတ်တလောဖြစ်ပေါ်နေတဲ့ ပျင်းရိစိတ်ကိုကျော်လွှားနိုင်တယ်ဆိုရင် ဘယ်လိုရလဒ်ကောင်းတွေ ခံစားရမလဲဆိုတာကို စဉ်းစားကြည့်ပါ။ အတားအဆီးတွေ၊ အခက်အခဲတွေကိုပဲ တွေးနေမိမယ်ဆိုရင် ပိုလို့တောင် ပျင်းရိငြီးငွေ့လာပါလိမ့်မယ်။ ဒါ့ကြောင့် အတားအဆီး၊ အခက်အခဲတွေကို လုံးဝမေ့ထားလိုက်ပါ။ မြူမှုန်လေးလောက်တောင် မစဉ်းစားမိပါစေနဲ့။
ကိုယ့်ရဲ့ရည်မှန်းချက်ပြည့်ဝတဲ့အခါ ခံစားရမယ့် အကျိုးရလဒ် (သို့) စည်းစိမ်ချမ်းသာ (သို့) ဂုဏ်ဒြပ်တစ်ခုခုကို စဉ်းစားလိုက်ပါ။ ဒီနည်းလမ်းက တော်တော်လေးအကျိုးသက်ရောက်မှုရှိတဲ့နည်းလမ်းပဲဖြစ်ပါတယ်။
ဒီအချက်လေးတွေကို သိရပြီဆိုတော့ ဒီနေ့ကစပြီး ပျင်းရိတတ်တဲ့စိတ်ကို တွန်းလှန်ပစ်လိုက်ကြရအောင်။
Source: Lifehack.org
Featured Image Source: Freepik.com