ယောကျာ်းဆိုတာမျိုးက စီးပွားရေးမှာသာ သူများ ကျားဆိုတာနဲ့ လိုက်ကျားချင်မှ ကျားမယ်။ ချစ်မှုရေးရာနဲ့ လိင်ကိစ္စမှာဆို ကျား, ကျားနဲ့ ဖြစ်ချင်သူက အများသားပါ ။ အိပ်ရာခင်းပေါ်မှာ ချစ်တင်းနှောလို့ ပျော်ပြီဆိုရင် ကိုယ့်ပါတနာကို အလိုမဖြည့်နိုင်မှာနဲ့ ကိုယ့်ရဲ့ ‘ကျား’ အစွမ်းကို မပြနိုင်မှာလည်း စိုးရိမ်တတ်ကြပါတယ်။ ဒါကြောင့် ပုရိသတို့အတွက် စိတ်ထဲက Underconfident ဖြစ်နေတဲ့အချက်လေးတွေကို ရှင်းထုတ်ဖို့ အချက်လေးတွေ မျှဝေပေးချင်ပါတယ်။

(၁) ကိုယ့်ပုံစံနဲ့ကိုယ် လှုပ်ရှားပါ

Couple in bed

Photo: Unsplash

အိပ်ရာပေါ်မှာ ဘာဆက်လုပ်ရမလဲ မသိတော့ဘူးဆိုရင် ကွီးတို့အရင်က ဖတ်ဖူးမှတ်ဖူးတာတွေ ခဏမေ့ထားပြီး ကိုယ်တကယ် ရင်းရင်းနှီးနှီးသိထားတဲ့ အကွက်တွေ ထုတ်သုံးလိုက်ပါ။ အရင်တုန်းက နှစ်ကိုယ်တူ ကြည်နူးကျေနပ်ခဲ့ရတဲ့ အကွက်လေးနဲ့ ပျော်စရာဂိမ်းလေးကို စနိုင်ရင် ပိုကောင်းပါတယ်။ သိပ်ပြီး အူလည်လည် ဖြစ်မသွားတော့တာပေါ့။

(၂) မာစတာဘေးရှင်းက အရေးကြီးတယ်

Masturbation

Photo: Unsplash

တစ်ခါတလေ တစ်ကိုယ်ရေအာသာဖြေတာက လိုအပ်ပါတယ်။ မာစတာဘေးရှင်းလုပ်တယ်ဆိုတာ ကွီးတို့ရဲ့ တောင့်တ ထက်သန်နေတဲ့ စိတ်ကို နေသာထိုင်သာရှိသွားအောင် လုပ်လိုက်တာပဲ ဖြစ်ပါတယ်။ မာစတာဗေးရှင်းကို နည်းမှန်လမ်းမှန်လုပ်တတ်ရင် ကိုယ့်ကောင်မလေးကို စိတ်ချမ်းသာအောင် ထားတတ်ပြီး လိင်မှုကိစ္စအတွင်းမှာလည်း ရလဒ်ကောင်းတွေ ရအောင် စွမ်းဆောင်နိုင်ပါတယ်။

(၃) ဆက်ဆံရေးကောင်းပါစေ

Kissing In Bed

Photo: Unsplash

လူနှစ်ယောက် အပေးအယူတည့်တဲ့ စကားပြောဆိုမှုကနေမှ အောင်မြင်တဲ့ဆက်သွယ်မှုတစ်ခု ၊ ဆက်ဆံရေးတစ်ခု ဖြစ်လာနိုင်တာပါ။ ဆက်ဆံရေးဆိုတာ တစ်ယောက်အကြောင်း တစ်ယောက်သိအောင် လုပ်တာပါ။ အိပ်ရာပေါ် ရောက်ရင် ကိုယ့်ဆီက ဘာလိုချင်တယ်ဆိုတာမျိုးအထိ ပြောလာနိုင်အောင် ပွင့်လင်းပြီး ဖြောင့်ဖြူးတဲ့ ဆက်ဆံရေးလမ်းကြောင်းတစ်ခု ဖွင့်ထားဖို့ လိုပါတယ်။ ဒါမှသာ သင်တို့နှစ်ယောက်ရဲ့ လောကီနိဗ္ဗာန် တည်ဆောက်ရေးမှာ ပိုပြီး ချက်ကျလက်ကျ ဖြစ်လာမှာ ဖြစ်ပါတယ်။

(၄) သာယာရေး အာရုံစိုက်ပါ

Pleasure

Photo: Unsplash

လိင်ဆက်ဆံတယ်ဆိုတာ သာယာမှုရှာတာပါပဲ။ Pleasure ရဖို့အတွက် နှစ်ယောက်စလုံး တစ်ယောက်ကိုတစ်ယောက်ချစ်ရည်လူးပြီး ချစ်စိတ်တွေနဲ့ ပျော်မြူးနေဖို့ လိုပါတယ်။ ဒီလို သာယာဖို့ အရှက်အကြောက်တွေ ဘေးဖယ်ထားဖို့လည်း လိုပါတယ်။ ဒါပေမယ့်လည်း Porn ကားတွေထဲကလို အလွန်အကျွံကြီး လုပ်စရာတော့လည်း မလိုပါဘူး။ ကိုယ့်မူကိုယ့်ဟန်နဲ့ပါပဲ။ ပွင့်လင်းမှုနဲ့ အတူတူ ကြည်ကြည်နူးနူး ဖြတ်ကျော်နိုင်ရင် လိင်ကိစ္စအတွက် မစွမ်းမှာ စိုးရိမ်စရာလိုတော့မှာ မဟုတ်ပါဘူး။

Featured Photo: indianstylestealer