ရာသီဥတုပူလာတာနဲ့ အမျှ ခန္ဓာကိုယ်မှာ ချွေးနံ့ဆိုးတွေထွက်ပေါ်လာတက်ပါတယ်။ ချွေးနံ့ဆိုးထွက်ခြင်းက ကိုယ့်ကိုယ်ကို ယုံကြည်မှုပျောက်ဆုံးစေသလို ဘေးကလူတွေကိုလည်း အနှောက်ယှက်ဖြစ်စေနိုင်ပါတယ်။ဒီနေ့မှာတော့ ချွေးနံ့ဆိုးထွက်တဲ့ ပြဿနာနဲ့ ရင်ဆိုင်နေရတဲ့ ဘော်ဒါတွေအတွက် သဘာဝချွေးနံ့ပျောက်ဆေး (၅) မျိုးကိုပြောပြပေးချင်ပါတယ်။

(၁) ပန်းသီးရှာလကာရည်

Source : NewsWorldLab

ပန်းသီးရှာလကာရည်ဟာ ခန္ဓာကိုယ်မှအနံ့အသက်အဆိုးတွေ ထွက်ပေါ်စေတဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားသန့်စင်ပေးနိုင်တဲ့ အစွမ်းသတ္တိတွေရှိပါတယ်။ ပန်းသီးရှာလကာရည်ကို ရေအနည်းငယ်ရောစပ်ပြီး ရလာတဲ့ အရည်ကို ဂွမ်းဖြင့်သုတ်မှာ ချိုင်းကြားတစ်ဝိုက်လိမ်းပေးမယ်ဆိုရင် အနံ့အသက်တွေ ကင်းစင်စေမှာဖြစ်ပါတယ်။

(၂) မုန့်ဖုတ်ဆိုဒါ

Source : Pinterest

မုန့်ဖုတ်ဆိုဒါကို အနံ့အသက်ဆိုးတွေ ဖယ်ရှားပေးတဲ့သန့်စင်ရေး ပစ္စည်းတစ်ခုအဖြစ်အသုံးပြုနိုင်ပါတယ်။ မုန့်ဖုတ်ဆိုဒါတစ်ဇွန်းခန့်ကို သံပရာရည်ရောထည့်ပြီး ချိုင်းမှာလိမ်းပေးနိုင်ပါတယ်။

(၃) သံပုရာသီး

Source : Medical News Today

သံပုရာသီးဟာ အနံ့အသက်ဆိုးတွေ ဖယ်ရှားပေးနိုင်တဲ့နေရာမှာတော့ ဆရာတစ်ဆူလို့ ပြောလို့ရပါတယ်။သံပုရာသီးတစ်စိမ်ကို အရည်ညှစ်ပြီး ချိုင်းအတွင်း သုတ်လိမ်းပေးမယ်ဆိုရင် ချွေးနံ့ဆိုးတွေ ကင်းဝေးစေရုံမက ချိုင်းကြားအသားအရေကိုလည်း ဖြူဝင်းလာစေမှာဖြစ်ပါတယ်။

(၄) ကျောက်ချဉ်

Source : Home Quicks

အားလုံးသိကြတဲ့အတိုင်း အရင်ခေတ်က ချွေးနံ့ပျောက်ဆေးတွေ တွင်တွင်ကျယ်ကျယ်အသုံးမပြုကြသေးတဲ့အချိန်မှာ ကျောက်ချဉ်ကအကောင်းဆုံး ချွေးနံ့ပျောက်ဆေးပဲဖြစ်ပါတယ်။ ကျောက်ချဉ်ကိုသွေးပြီး ချွေးနံ့အများဆုံးထွက်စေတဲ့ ချိုင်းလိုနေရာတွေမှာ လိမ်းပေးရင် သိသိသာသာ ချွေးနံပျောက်ကင်းစေမှာဖြစ်ပါတယ်။

(၅) လက်ဖက်ရည်

Source : Medical News Today

Green Tea (သို့မဟုတ်) Black Tea လက်ဖက်ရည်သောက်ခြင်းဟာ ခန္ဓာကိုယ်အတွက် ကောင်းကျိုးတွေများစွာဖြစ်စေရုံသာမက အနံ့အသက်ဆိုးတွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။ Green Tea (သို့မဟုတ်) Black Tea လက်ဖက်ခြောက်ထုပ်လေးတွေကို ရေနွေးပူပူမှာ ၁၀ မိနစ်ခန့်စိမ်ထားပါ။ထို့နောက် အအေးခံပြီး ရေခဲသေတ္တာအတွင်း ၁၅ မိနစ်ခန့်ထည့်ထားပေးရပါမယ်။ထို့နောက်ချိုင်းနဲ့ လက်တွေကို လိမ်းပေးပြီး နာရီဝက်အကြာမှာရေဆေးချလိုက်ပါ။ချွေးနံ့ပျောက်စေရုံမက အသားအရေကိုပါလှပစေမှာဖြစ်ပါတယ်။