လေ့လာချက်များအရ အသက် ၂၀ နှင့်အထက် အမျိုးသားများက တစ်လနှင့် နှစ်ပတ်ကြာခန့် စိတ်ဓာတ်ကျလေ့ရှိကြတယ်လို့ လေ့လာတွေ့ရှိရပါတယ်။ ဝမ်းနည်းခြင်း၊ တစ်စုံတစ်ခုကို ဆုံးရှုံးသွားမှာကို ကြောက်ရွံ့ခြင်း၊ ဒေါသထွက်ခြင်း စတဲ့ ခံစားချက်များ ရောပြွမ်းနေခြင်းသည် သင့်ရဲ့နေ့စဉ်ဘဝကို အနှောင့်အယှက်ဖြစ်စေပါတယ်။

လူတစ်ယောက်နှင့် တစ်ယောက်က စိတ်ဓာတ်ကျရတဲ့ အကြောင်းအရင်းချင်း မတူညီကြပါဘူး။ အချို့က အလုပ်ကြောင့်၊ တချို့က လူမှုပေါင်းသင်းဆက်ဆံရေးကြောင့်၊ အချို့ကလည်း မိမိကိုယ်မိမိ အားမရကာ စိတ်ကျရောဂါခံစားရတတ်ပါတယ်။ စိတ်ကျရောဂါကနေတဆင့် နှလုံးရောဂါ၊ အဝလွန်ရောဂါ၊ ကင်ဆာရောဂါ၊ ဆီးချိုရောဂါစတဲ့ နောက်ဆက်တွဲရောဂါများကိုပါ ခံစားရနိုင်ပါတယ်။

စိတ်ကျရောဂါ အပြင်းအထန်ခံစားရသူများကတော့ နောက်ဆုံးမှာတော့ မိမိဘဝကို အရှုံးပေးတတ်ကြပါတယ်။ ဒီလိုအသက်အန္တရာယ်ကိုတောင် ထိခိုက်စေနိုင်တဲ့ စိတ်ဓာတ်ကျခြင်းကို အကောင်းဆုံး ကုသပေးနိုင်တဲ့ နည်းလမ်းကောင်းလေးကတော့ မိမိကိုယ်ကို ဂရုစိုက်ခြင်းပဲဖြစ်ပါတယ်။

မိမိကိုယ်ကို ဘယ်လိုဂရုစိုက်ရမလဲ

man sleeping; healthy lifestyle

အိပ်ရေးဝဝ အိပ်စက်အနားယူခြင်း၊ အာဟာရပြည့်ဝတဲ့ အစားအစာများ စားသုံးခြင်း၊ အဆိုးမြင်ဝါဒီသမားများနှင့် ကင်းကင်းရှင်းရှင်းနေခြင်း၊ အားလပ်ချိန်များတွင် မိမိဝါသနာပါတဲ့အရာများကို လုပ်ဆောင်ခြင်း စသည်ဖြင့် နည်းလမ်းမျိုးစုံအသုံးပြုကာ မိမိကိုယ်ကို ဂရုစိုက်နိုင်ပါတယ်။

လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်ပါ

workout exercise for men

တစ်ပတ်လျှင် ၃ ရက်မှ ၅ ရက်ခန့်၊ တစ်ရက်လျှင် မိနစ် ၃၀ ခန့် လေ့ကျင့်ခန်း ပြုလုပ်ပေးလိုက်ပါ။ လေ့ကျင့်ခန်းများက သင့်ခန္ဓာကိုယ်ရှိ Endorphins ဟော်မုန်း ထုတ်လုပ်မှုကို မြှင့်မားစေပြီး ထိုဟော်မုန်းက သင့် စိတ်ခံစားချက်များကို ကောင်းမွန်စေတာကြောင့် စိတ်ဓာတ်ကျခြင်းကို မခံစားရအောင် ကူညီပေးပါလိမ့်မယ်။

ဆေးဝါးများ မှီဝဲပါ

man taking medicine; healthy lifestyle

Photo Source: Freepik.com

ကျွမ်းကျင်ဆရာဝန်များ ညွှန်ကြားထားတဲ့ ဆေးဝါးများ၊ စိတ်ငြိမ်ဆေးများ သောက်သုံးခြင်းကလည်း သင့်ရဲ့စိတ်ကျရောဂါကို သက်သာပျောက်ကင်းစေပါလိမ့်မယ်။ ဒါပေမဲ့ သင့်ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ဝယ်သောက်ခြင်းကို ရှောင်ကြဉ်သင့်ပြီး ဆရာဝန်ညွှန်ကြားတဲ့ပမဏအတိုင်းသား သောက်သုံးသင့်ပါတယ်။

ရင်ဖွင့်ပါ

friends talking; lifestyle tips

Photo Source: Freepik.com

မိမိ ချစ်ခင်ရတဲ့ သူငယ်ချင်းမိတ်ဆွေများ၊ မိသားစုဝင်များထံ ခံစားနေရတဲ့ အကြောင်းအရာများ ဖွင့်ဟပြောဆိုကြည့်လိုက်ပါ။ ဒါဆိုရင်တော့ ခံစားနေရတဲ့ဝေဒနာများ သက်သာသွားပြီး အားပေးစကားများ၊ အကြံဉာဏ်များ ရရှိနိုင်ပါတယ်။ သို့တည်းမဟုတ် စိတ်ပညာကုထုံးများ၊ စိတ်ပညာရှင်များထံတွင် ကုသမှုခံယူကာ မိမိရဲ့စိတ်ကျရောဂါကို တိုက်ဖျက်နိုင်ပါသေးတယ်။

အိုမီဂါသရီး ဖက်တိအက်ဆစ်များ မှီဝဲပါ

omega 3 fatty acids foods for men

Photo Source: Additude.com

ထိုအက်ဆစ်ဓာတ်က ဦးနှောက်နှင့် အာရုံကြော ဖွံ့ဖြိုးမှုအတွက် အရေးကြီးသော အာဟာရဓာတ်များ ဖြစ်ပြီး ထိုအက်ဆစ်ဓာတ်များ ကြွယ်ဝစွာပါဝင်တဲ့အစားအစာများကို မှန်မှန်မှီဝဲစားသုံးပါက စိတ်ကျရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ဗီတာမင် ဘီ (B12, B6) နှင့် ဗီတာမင်ဒီတို့ ကြွယ်ဝစွာပါဝင်တဲ့ အစားအစာများကလည်း သင့်ရဲ့စိတ်အာရုံကို စိတ်ဓာတ်မကျအောင် ကူညီပေးနိုင်ပါသေးတယ်။

Source: Healthline.com