စိတ်ဖိစီးမှုဆိုတာ အခြေအနေအကြောင်းကြောင်းကြောင့် ကြုံတွေ့ရနိုင်တဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာတစ်ခုပါ။စိတ်ဖိစီးပြီဆိုရင် စိတ်ရောလူပါပင်ပန်းမှုတွေကို ဖြစ်စေနိုင်ပါတယ်။ အကယ်၍အခုပြောပြမယ့်အလေ့အကျင့်ကောင်းတွေကိုသာ ပုံမှန်လေးပြုလုပ်ပေးမယ်ဆိုရင် စိတ်ဖိစီးမှုဒဏ်ကိုအတော်အသင့် ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။
(၁) စိတ်တည်ငြိမ်အောင်လေ့ကျင့်ပါ
Source : Shutterstock
စိတ်တည်ငြိမ်ခြင်းက စိတ်ဖိစီးမှုဒဏ်တွေကို အကောင်းဆုံးထိန်းချုပ်ပေးနိုင်ပါတယ်။ ဒါကြောင့် သင့်ရဲ့စိတ်ကိုတည်ငြိမ်စေမယ့် အရာတွေကိုလုပ်ဆောင်ပေးသင့်ပါတယ်။ဥပမာ နေ့စဉ်ပုံမှန် တရားထိုင်တာမျိုး ယောဂကစားတာမျိုးစတဲ့အလေ့အကျင့်ကောင်းတွေနဲ့ စိတ်ကိုတည်ငြိမ်အောင်လေ့ကျင့်ယူလို့ရပါတယ်။
(၂) ပျော်ရွှင်တဲ့စိတ်ကိုမွေးမြူပါ
Source : Shutterstock
ရယ်မောပျော်ရွှင်မှုတွေက လူတွေရဲ့စိတ်ကိုကျန်းမာစေပြီး ခံစားမှုကောင်းတွေပေးစွမ်းနိုင်ပါတယ်။ဒါကြောင့်သင့်ကိုစိတ်ပျော်စေမယ့် အရာလေးတွေလုပ်ဆောင်ခြင်းဖြင့် ပျော်ရွှင်တဲ့စိတ်ကိုမွေးမြူနိုင်ပါတယ်။ သူငယ်ချင်းတွေနဲ့ မကြာခဏတွေ့ဆုံတာမျိုး ဝါသနာပါတဲ့အရာလေးတွေလုပ်ဆောင်တာမျိုးစသည်ဖြင့်စိတ်ပျော်စေမယ့်အရာလေးတွေမကြာခဏလုပ်ဆောင်ပေးပါ။
(၃) အားကစားပုံမှန်လုပ်ပါ
Source : Shutterstock
ကိုယ်လက်လှုပ်ရှားအားကစားလုပ်ခြင်းက စိတ်ကျန်းမာရေးသာမက ကိုယ်ကာယကျန်းမာရေးကိုပါအကောင်းဆုံးမြှင့်တင်ပေးပါတယ်။ အားကစားပုံမှန်လုပ်သူတွေဟာ သာမာန်လူတွေထက် စိတ်ဖိစီးမှုကင်းပြီး ပျော်ရွှင်ကျန်းမာတဲ့လူနေမှု့ဘဝကိုရရှိကြပါတယ်။ဒါကြောင့် ကိုယ့်ရဲ့တစ်နေ့တာမှာ အနည်းဆုံး ၁ နာရီလောက်အချိန်ပေးပြီး ကိုယ်ကာယလေ့ကျင့်ခန်းလုပ်ဆောင်ဖို့အကြံပြုချင်ပါတယ်။
(၄) ခရီးသွားပါ
Source : Shutterstock
လူတော်တော်များများကတော့ မွန်းကျပ်နေတဲ့ စိတ်တွေပြေလျော့ဖို့ ခရီးသွားခြင်းကိုလုပ်ဆောင်လေ့ရှိကြပါတယ်။ မှန်ပါတယ် ခရီးသွားခြင်းက စိတ်အပန်းပြေစေဖို့အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်တာကြောင့် ဖြစ်နိုင်ရင် ကိုယ့်ရဲ့ Life Plan ထဲမှာခရီးသွားခြင်းကိုမဖြစ်မနေထည့်ထားသင့်ပါတယ်။ မိသားစု သူငယ်ချင်းတွေနဲ့သာမက တစ်ယောက်တည်းခရီးဖို့ကိုလည်း လုပ်ဆောင်ကြည့်သင့်ပါတယ်။