မိန်းကလေးတယောက်ကို ချစ်ကြောင်းသူမြင်အောင်ဘယ်လိုလုပ်မလဲ။ ဒါက ဖြေဖို့ခတ်ပါတယ်။ လူတော်တော်များများကတောပ အချစ်ကို အနက်အဓိပ္ပာယ်အမျိုးမျိုးဖွင့်ဆိုကြပါတယ်။ ဒါပေမဲ့ လူတိုင်းက လက်ခံထားကြတဲ့ တူညီတဲ့အချက်တွေရှိနေပါသေးတယ်။ ဒီနေ့မှာတော့ မိန်းကလေးတစ်ယောက်ကို ချစ်ကြောင်း သူသိအောင် ဘယ်လိုပြရမလဲ ပြောပြပေးသွားမှာပါ။

နေ့တိုင်းကွီးတို့ရဲ့ပါတနာကို ချစ်ကြောင်းပြောတာကကောင်းတဲ့အရာတခုပါ။ဒါပေမဲ့ ဒီလိုအရေးကြီးတဲ့ စကားကိုနေ့စဉ် တူညီတဲ့ စကားလုံးတွေနဲ့ပဲပြောနေရင်ရိုးအီသွားပါလိမ့်မယ်။ ဒါကြောင့် တခြားစကားလုံးတွေနဲ့ အစားထိုပြောပေးပါ။ ဥပမာ “မင်းနဲ့ တွေ့ရတာငါအရမ်းပျော်တာပဲ” ဒါမှာမဟုတ် “မင်းနဲ့အတူရှိနေရတာ ငါအရမ်းကံကောင်းတာပဲ” စသဖြင့် စကားလုံးတွေ လှည့်ပြီးပြောလို့ရပါတယ်။ဒီလိုသူမကို ချစ်ကြောင်းပြောနေတာက သူမကိုတန်ဖိုးထားရာရောက်ပါတယ်။

Happy caucasian couple sitting on a park bench, reading a book together

Source : Freepik

မိန်းကလေးအများစုကပန်းကြိုက်ကြပါတယ်။ သူမထင်မှတ်ထားတဲ့အချိန် မထင်မှတ်တဲ့နေရာမှာ ပန်းစည်း သို့မဟုတ် ပန်းပွင့် ပဲဖြစ်ဖြစ် လက်ဆောင်ပေးလိုက်ပါ။ ဒါကသူမကို ကြည် နူးစေမှာအမှန်ပါပဲ။ပြီးတော့ သူမကိုချစ်ကြောင်းပြရာလည်းရောက်ပါတယ်။

ဟုတ်ပါတယ်။ မိန်းကလေးတွေက သူချစ်တဲ့သူနဲ့ အမှတ်တရလေးတွေ ဖန်တီးရတာ သဘောကျကြပါတယ်။ အားလပ်ရက်မှာ သူမနဲ့ အတူပရဟိတလုပ်ငန်းတွေမှာ ပါဝင်ပေးလိုက်ပါ။ ဒါမှမဟုတ်ဘုရားသွားအလှူအတန်းလေးတွေ လုပ်ပေးပါ။ မိန်းကလေးတွေက ကလေးဆန်ကြပါတယ်။ သူတို့ကိုကစားကွင်း ခေါ်သွားပေးလိုက်ပါ။ ကလေးငယ်တယောက်လို့ ခုန်ပေါက်ပြီး ပျော်နေတာကိုသင်မြင်ရပါလိမ့်မယ်။ပြီးတော့ မြို့နဲ့ မနီးမဝေးခရီးတိုလေးတွေသွားပေးပါ။

ငါမင်းအတွက် ဂုဏ်ယူတယ်ဆိုတဲ့စကားက အတွဲတွေတော်တေ်ာများများမှာ ပြောလေ့ပြောထရှိတဲ့ စကားတော့မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီလိုတခုခုအတွက် ချီးကျူးဂုဏ်ပြုတာက ကိုယ့်ရဲ့အချစ်တွေကို ပြရာရောက်ပါတယ်။သူနဲ့အတူရှိနေရတာ ဂုဏ်ယူကြောင်းပြောပါ။သူတို့ရဲ့ ကောင်းတဲ့အချက်လေးတွေရှာပြီး ဂုဏ်ယူကြောင်းပြောပါ။

Beautiful young couple meets in a city park

Source : Freepik

ချစ်စရာကောင်းတဲ့ စာတိုတွေပို့ပေးပါ။ “ငါမင်းကို သတိရနေတယ်”။ “ငါမင်းကိုအရမ်းချစ်တာပဲ”။ “မင်းလိုချစ်သူတယောက်ရှိတာ ငါအရမ်းကံကောင်းတာပဲ” စတဲ့ စာတိုတွေကို မကြာခဏဆိုသလိုပို့ပေးပါ။ ဒါကကွီးဟာ သူတို့ကို သတိရနေတယ် သူတို့အကြောင်းတွေးနေတယ်ဆိုတာကို ဖော်ပြရာရောက်ပါတယ်။ ဒီနည်းနဲ့လည်း သူတို့ကို ချစ်ကြောင်းပြနိုင်ပါတယ်။

ဒါပေမဲ့ တခုမှတ်ထားရမှာက ဒီလိုတစုံတယောက်ကို ချစ်ကြောင်းပြဖို့အတွက် သင့်ကိုတခြားတယောက်က အတင်းအကြပ်လုပ်ခိုင်းနေတာမျိုး မဖြစ်သင့်ဘူးဆိုတာပါပဲ။ ဒီလိုအရာတွေက စိတ်ထဲက ပါမှ လုပ်တာကောင်းပါတယ်။