စိုးရိမ်ပူပန်ခြင်းဟာ အမေရိကန်နိုင်ငံမှာ နံပါတ်တစ် ကျန်းမာရေးပြဿနာတစ်ခုဖြစ်နေတယ်လို့ ကျွမ်းကျင်သူတွေက ပြောထားပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာ လူတွေသန်းပေါင်းများစွာ ဒီပြဿနာကို ရင်ဆိုင်နေကြရပါတယ်။ ဒါပေမယ့် သတင်းကောင်းတစ်ခုကတော့ စိုးရိမ်ပူပန်မှုတွေကို တိုက်ထုတ်နိုင်မယ့်နည်းလမ်းတွေ ရှိနေခြင်းပါပဲ။ ဒီနေ့ kwee page က စိုးရိမ်ပူပန်မှုတွေကို ဘယ်လို တိုက်ထုတ်ရမလဲဆိုတဲ့ နည်းလမ်းလေးတွေကို ပြောပြပေးသွားမှာပါ။
အတွေးတွေကို ပြန်လည်တိုက်ခိုက်ပါ

Source: Lifehack
စိုးရိမ်ပူပန်မှုဟာ တဖြည်းဖြည်း ကြီးထွားလာတက်ပါတယ်။ မကောင်းတဲ့အတွေးတွေကို ကြီးထွားခွင့်ပေးလိုက်မယ်ဆိုရင် တဖြည်းဖြည်းနဲ့ ရူးသွပ်သွားနိုင်ပါတယ်။ စိုးရိမ်ပူပန်မှုဟာ နှင်းတောင်ပေါ်ကနေ လှိမ့်ကျလာတဲ့ နှင်းလုံးလိုပါပဲ။ လှိမ့်လေလေ နှင်းလုံးက ကြီးလေလေဖြစ်သလို စိုးရိမ်ပူပြန်မှုဟာလည်း ဒီအတိုင်းပါပဲ။
ပထမဦးဆုံး မကောင်းတဲ့အတွေးတွေကို ဘယ်လိုရပ်တန့်ရမလဲဆိုတာ ရှာဖွေရပါမယ်။ အကယ်၍ မကောင်းတဲ့အတွေးတွေ ဝင်လာပြီ စိုးရိမ်ပူပန်မှုတွေရှိလာပြီဆိုရင် “ဒါတွေက တကယ်ကောဖြစ်နိုင်မလား” ဆိုပြီး မိမိကိုယ်ကို ပြန်မေးပါ။ အတိတ် နဲ့ အနာဂတ်တွေအကြောင်း တွေးနေတာကို ရပ်တန့်လိုက်ပါ။ ပြီးတော့ လက်ရှိဖြစ်ပျက်နေတာတွေကိုပဲ အကောင်းဆုံး စီမံခန့်ခွဲပြီး ဘဝကို ပျော်ရွှင်စွာဖြတ်သန်းလိုက်ပါ။
တရားထိုင်ပါ

Source: Mindful.org
တရားထိုင်ခြင်းနည်းလမ်းဟာ စိုးရိမ်ပူပန်မှုကို တိုက်ထုတ်ရာမှာ အသုံးအဝင်ဆုံး နည်းလမ်းတစ်ခုပါပဲ။ အကယ်၍ မိမိမှာ စိုးရိမ်ပူပန်မှုတွေ များနေတယ်ဆိုရင် တရားထိုင်သင်တန်းတွေ တက်ရောက်ဖို့အကြံပေးပါရစေ။ ဒီအလေ့အကျင့်ဟာ စိတ်ဖိစီးမှုတွေကို လျှော့ကျစေပြီး ဘဝအတွက် အရေးကြီးတဲ့ အစိတ်အပိုင်းတွေမှာ အသုံးဝင်လာပါလိမ့်မယ်။
လေ့ကျင့်ခန်းလုပ်ပါ

Source: YouWorkForThem
လေ့ကျင့်ခန်းပြုလုပ်နေတဲ့အချိန်မှာ ခန္ဓာကိုယ်ကနေ endorphins နဲ့ serotonin ဆိုတဲ့ အင်ဇိုင်း နှစ်မျိုးထုတ်လွှတ်လေ့ရှိပါတဘ်။ ဒီအင်ဇိုင်းတွေက ပျော်ရွှင်မှုနဲ့ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေပါတယ်။ သူတို့တွေဟာ ခန္ဓာကိုယ်ပေါ်ကြွက်သား တင်းမာမူတွေကို လျှော့ချပေးပြီး အာရုံစိုက်မှုတွေကိုလည်း ကောင်းမွန်စေပါတယ်။
ကဖိန်းစားသုံးမှု လျှော့ချပါ

Source: Healthline
ကဖိန်းဓာတ်ဟာ စိုးရိမ်ပူပန်မှုတွေကို မြှင့်တက်စေပြီး အထိတ်တလန့်ဖြစ်စေတက်ပါတယ်။ ပြီးတော့ ကဖိန်းဓာတ်ဟာ အာရုံကြောကို ပုံမှန်ထက်လှုံဆော်ပေးကာ နှလုံးခုန်နှုန်းမမှန်ခြင်းနဲ့ စိုးရိမ်ကြောင်းကြခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ညဖက်တွေမှာ အိပ်မပျော်ခြင်းကို ဖြစ်ပေါ်စေပြီး အတွေးတွေများပြားတာကြောင့် စိုးရိမ်ပူပန်မှုတွေတိုးပွားလာတက်ပါတယ်။ ဒါကြောင့် ကဖိန်းစားသုံးမှုကို တက်နိူင်သမျှလျှော့ချဖို့ တိုက်တွန်းပါရစေ။
