သင်ဟာအစားအစာစားသုံးတဲ့အခါမှာ ဖြေးဖြေနဲ့မှန်မှန်ပဲ စားသုံးသင့်ပါတယ်။ လေ့လာမှုအသစ်အရ အစားအစာကို လျင်မြန်စွာစားခြင်းဖြင့် သင့်ရဲ့ကျန်းမာရေးနဲ့ ခန္ဓာကိုယ်ကို ဆိုးရွားတဲ့အန္တရာယ်တွေပေးနိုင်တယ် ဆိုတာကိုတွေ့ရှိခဲ့ရပါတယ်။ အထူးသဖြင့် ညစာစားတဲ့အချိန်ဟာ အရေးကြီးပါတယ်။ ညစာကိုမြန်မြန်မစားသင့်ပါဘူး။ ညစာကိုအလျင်အမြန်စားခြင်းဟာ သင့်ရဲ့ခန္ဓာကိုယ်ဝိတ်ချိန်ကို သိသာစွာတိုးစေတဲ့အပြင် သင့်ရဲ့နုလုံးကို ရောဂါတွေဝင်လာစေနိုင်ပါတယ်။

Hungry caucasian man eating italian pizza in pizzeria. delicious pizza in cafe

Photo : Freepik

အစားအစာတွေကို လျင်မြန်စွာစားသောက်တတ်တဲ့ အကျင့်ရှိပါက သင့်ကျန်းမာရေးက အနှုတ်လက္ခဏာပြနေမှာပဲဖြစ်ပါတယ်။ အစားကိုမြန်မြန်စားဖြင့်ကြောင့် သွေးကြောတွေထဲကသကြားဓာတ်ကို ခန္ဓာကိုယ်ကစုပ်ယူဖို့မလွယ်ကူပါဘူး။ ဆဲလ်တွေထဲမှာရှိသင့်တဲ့ သကြားဓာတ်တွေမရှိတဲ့အခါ သင့်ခန္ဓာကိုယ်ဟာ အင်ဆူလင်ကိုလိုအပ်ချက်ပိုများလာပြီပေ့ါ။ အဲ့အခါမှာ ကျောက်ကပ်ရောဂါကို စတင်ခံစားလာရနိုင်ပါတယ်။

အစားအစာကိုမြန်မြန်စားခြင်းရဲ့ နောက်ထပ်ဆိုးကျိုးတစ်ခုကတော့ အစာမကြေနိုင်ခြင်းပဲဖြစ်ပါတယ်။ အစာအိမ်ကခပ်မြန်မြန်ဝင်ရောက်လာတဲ့အစာတွေကို မြန်မြန်ချေဖျက်ဖို့မဖြစ်နိုင်ပါဘူး။ အဲ့အတွက် အစာမကြေရင်ပြည့်ရင်ကယ်ဖြစ်ပြီး နေရခက်ပါလိမ့်မယ်။

Couple eating fries and burger on a sunny summer day in park on a faire having a great time

Photo : Freepik

သင်ဟာအလုပ်အရမ်းများတဲ့သူ (သို့) အစားအသောက်ကို အလွန်အမင်းခုံမင်သူတစ်ဦးဖြစ်နိုင်ပါတယ်။ ဒါပေမယ့်အစာစားချိန်ကို လုံလောက်အောင်ပေးသင့်သလို စားကောင်းသောက်ဖွယ်တွေကိုလည်း ဖြည်းဖြည်းနဲ့များများ စားသုံးလို့ရနိုင်ပါတယ်။အစားအသောက်ကိုလျင်မြန်စွာစားသောက်ခြင်းကို ရှောင်ကြဉ်ခြင်းအားဖြင့် အထက်ပါဆိုးကျိုးတွေကနေ ကင်းဝေးစေမှာပဲဖြစ်ပါတယ်။