နေ့စဉ်အလုပ်၊ စီးပွားရေး၊ လူမှုရေး ကိစ္စအဝဝကြောင့် အလုပ်များနေချိန်မှာ ကိုယ့်ရဲ့ဖက်ရှင်အတွက် အမြဲတမ်းအချိန်ပေးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒီလိုမျိုး ၂၄ နာရီ ၇ ရက်ပတ်လုံး အလုပ်များနေတဲ့ ယောကျာ်းများအတွက် ကိုယ့်ဖက်ရှင်ကို တကူးတက အားစိုက်ထုတ်စရာမလိုဘဲနဲ့ ကြည့်ကောင်းနေစေမယ့် နည်းလမ်းကောင်းလေးတွေဖြစ်ပါတယ်။

အခုဖော်ပြပေးမယ့် လျှို့ဝှက်ချက် နည်းလမ်းကောင်းတွေကို သိသွားပြီဆိုရင်တော့ စတိုင်လ်ကျအောင် ဖန်တီးဖို့ဆိုတာ အချိန်ယူစရာမလိုဘဲ အလိုအလျောက်ဖြစ်ပေါ်လာမှာဖြစ်ပါတယ်။

ကိုယ့်ရဲ့လူနေမှုဘဝနဲ့ ပန်းတိုင်ကို ဦးစားပေးစဉ်းစားပါ

Effortless Outfit Ideas for Stylish Men

သင်သည် ရုံးမှာပဲ အချိန်ကုန်ဆုံးနေရသူတစ်ယောက်လား။ ဒါဆိုရင် ရုံးတက်ရုံးဆင်းဖက်ရှင်တွေကိုသာ အဝတ်များမှာဖြစ်ပါတယ်။ ဒါ့ကြောင့် စမတ်ကျတဲ့ ဖက်ရှင်ကို ဖန်တီးဖို့လိုအပ်ပါလိမ့်မယ်။

ထိုသို့မဟုတ်ဘဲ ကိုယ့်အလုပ်က အိမ်မှာပဲ လုပ်ရတယ်။ ရုံးကိုတော့ လိုအပ်မှသာ တစ်ပတ်လျှင် တစ်ခါလောက်သာ သွားရတယ်ဆိုရင်တော့ စမတ်ကျကျ အဝတ်အစားတွေထက် ပေါ့ပါးလွတ်လပ်ပြီး လူငယ်ဆန်တဲ့ဖက်ရှင်မျိုးကို ဖန်တီးရမှာဖြစ်ပါတယ်။ ထိုအဝတ်အစားဖက်ရှင်တွေအတွက် ရင်းနှီးမြှုပ်နှံဖို့လိုအပ်ပါလိမ့်မယ်။

ကိုယ့်ခန္ဓာကိုယ်နဲ့ Fit ဖြစ်နေတာမျိုးကို ရွေးချယ်ပါ

Effortless Outfit Ideas for Stylish Men

ကိုယ်ရွေးချယ် ဝတ်ဆင်တဲ့ အဝတ်အစားက ကိုယ့်ခန္ဓာကိုယ်ဆိုဒ်ထက် ကြီးလွန်းနေတာမျိုး (သို့) သေးလွန်းနေတာမျိုးကို ရှောင်ကြဉ်ရပါမယ်။ ကိုယ့်ခန္ဓာကိုယ်အချိုးအစားနဲ့ Fit ဖြစ်နေတဲ့ အဝတ်အစားသည် ကိုယ့်ကိုယ်ကိုယ် Confidence တက်လာအောင် ကူညီပေးနိုင်ပါတယ်။

မိမိတတ်နိုင်တဲ့ အရည်အသွေးကောင်းပစ္စည်းများကို ရွေးချယ်ပါ

Effortless Outfit Ideas for Stylish Men

အရည်အသွေးကောင်းသော ဖက်ရှင်အသုံးအဆောင်ပစ္စည်းများသည် သင့်ရဲ့ဖက်ရှင်ကို အဆင့်အတန်းမြင့်စေရုံသာမကဘဲ ကြာရှည်ခံအောင်လည်း ကူညီပေးပါတယ်။ အရည်အသွေးနဲ့ အရေအတွက်ကြား အားပြိုင်လာတဲ့အခါ သေသေချာချာရွေးချယ်ဖို့လိုပါလိမ့်မယ်။

အစမ်းဝတ်ကြည့်ပါ

Effortless Outfit Ideas for Stylish Men

ကိုယ့်ခန္ဓာကိုယ်နဲ့ ကွက်တိကျတဲ့ အရည်အသွေးကောင်းသော ဖက်ရှင်အဝတ်အထည်များကို ဝယ်ယူပြီးနောက်မှာတော့ အစမ်းဝတ်ကြည့်ဖို့လိုအပ်ပါလိမ့်မယ်။ ဒါမှသာ ပထမဦးဆုံးဝတ်ဆင်မယ့်နေ့မှာ သက်သောင့်သက်သာနဲ့ ဖက်ရှင်ကျနိုင်မှာဖြစ်ပါတယ်။

ကိုယ့်ရဲ့အဝတ်ဘီဒိုနဲ့ ရင်းနှီးကျွမ်းဝင်မှုရှိနေပါစေ

Effortless Outfit Ideas for Stylish Men

ကိုယ့်ရဲ့အဝတ်တွေကို သေသေချာချာမီးပူတိုက်ထားပေမယ့် ဘယ်နေရာမှာ ဘယ်အဝတ်အစား မရှိသလဲဆိုတာကို မသိရင် ကိုယ်လိုချင်တဲ့ အဝတ်အစားကို လှန်လျောရှာဖွေရင်းနဲ့ မီးပူတိုက်ထားပြီးသားတွေသည်လည်း ကြေမွသွားတတ်ပါတယ်။ ဒါ့ကြောင့် ကိုယ့်ရဲ့ဘီဒိုကို အိမ်နေဝတ်က တစ်ကန့်သပ်သပ်၊ အပြင်ဝတ်က တစ်ကန့်သပ်သပ် သေသေချာချာ ခွဲထားသင့်ပါတယ်။

ကြိုတင်ပြင်ဆင်ပါ

Effortless Outfit Ideas for Stylish Men

မနက်ကျရင်တော့ ဘယ်အဝတ်အစား ဝတ်သွားမယ်ဆိုပြီး ညကတည်းက သေသေချာချာရွေးထားလိုက်ပါ။ ဒါမှ သွားခါနီးလာခါနီးမှ ဘယ်အဝတ် ကောက်စွပ်ရမှန်းမသိဘဲ အချိန်အလဟဿကုန်ရတဲ့အခြေအနေကနေ ကင်းဝေးသွားပါလိမ့်မယ်။

ဒီလိုအခြေခံအချက်လေးတွေကို သိထားပြီဆိုရင်တော့ ကိုယ့်ရဲ့နေ့စဉ်ဘဝသည်လည်း ပိုမိုလွယ်ကူသွားပြီး ဖက်ရှင်အတွက် တကူးတက အားစိုက်ထုတ်နေစရာမလိုတော့ပါဘူး။

Source: Gentlemansgazette.com

Featured Image Source: DMARGE