မိမိကိုယ်ကို သံသယစိတ် ဝင်နေပြီးရုန်းကန်နေရပြီလား။ ယနေ့ အောင်မြင်နေတဲ့ လူတွေတော်တော်များများကို သွားမေးကြည့်လိုက်ပါ။ သူတို့မှာလည်း သူတို့ကိုယ်သူတို့ သံသယစိတ် ဝင်ခဲ့မိမှာ အမှန်ပါပဲ။
ဘာတွေက မိမိကိုယ်ကို သံသယစိတ်ဝင်စေတာလဲ

Source: Life hack
- တခြားလူတွေက သင့်ကိုဆွဲချဖို့ကြိုးစားခြင်း
- အောင်မြင်မှုနည်းခြင်း
- အတိတ်က ကျဆုံးမှုတွေ
သက်ရောက်မှုတွေက ဘာတွေဖြစ်မလဲ
- ဆက်လက်ပြီး မလုပ်ကိုင်ချင်တော့တာ
- အောင်မြင်မှု မရရှိတော့တာ
- စိတ်ချမ်းသာမှု မရှိတော့တာ
မိမိကိုယ်ကို သံသယစိတ်ဝင်တာက အရမ်းကိုဆိုးရွားတဲ့ ပြဿနာတစ်ခုပါ။ ဒါပေမယ့် ဒီစိတ်ကို လုံးဝ ဖျောက်နိုင်မယ့် နည်းလမ်းလေးတွေ ရှိနေပါသေးတယ်။
ဒါမျိုးတွေ ကြုံနေရတာ သင်တစ်ယောက်တည်းမဟုတ်ဘူးဆိုတာ သတိရပါ

Source: revenues&Profits
ယနေ့ အောင်မြင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေမှာလည်း မိမိကိုယ်ကို ငါဒါကိုလုပ်နိုင်ပါ့မလား ဆိုတဲ့ သံသယစိတ် တကြိမ် (သို့) တကြိမ်ထက်ပိုတဲ့ အချိန်တွေရှိခဲ့ဖူးပါတယ်။ ဒါက စစ်တမ်းတွေအရ သိရတဲ့ အချက်အလတ်တွေကို ကိုးကားပြီးပြောတာပါ။ ဒီလိုပဲ အောင်မြင်နေတဲ့ ရုပ်ရှင်မင်းသားမင်းသမီးတွေ အကုန်နီးပါး ဒီလိုမျိုးတွေ ကိုရင် ဆိုင်ကျော်ဖြတ်ခဲ့ကြရတာပါ။ လောကမှာ သင်တစ်ယောက်တည်း ဒီလိုမျိုးဖြစ်နေတာလို့ မထင်လိုက်ပါနဲ့။ အားလုံးက ဒီအခက်အခဲကို ကျော်ဖြတ်နေရတာပါ။
တကယ်လို့ သင်က သံသယစိတ်ကို အစာတွေကျွေးနေမယ်ဆိုရင် သူကြီးထွားလာပါလိမ့်မယ်။ သူ့ကိုအငတ်ထားလိုက်ပါ။ အားပျော့သွားပါလိမ့်မယ်။
ပြဿနာတွေနဲ့ ရင်ဆိုင်ရရင် ရှောင်ပြေးဖို့မကြိုးစားပါနဲ့

Source: E&T Magazine-IET
ပြဿနာတွေနဲ့ နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်ကြုံတွေ့ရတဲ့အခါ လူတော်တော်များများဟာ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ဖြစ်သွားတတ်ပါတယ်။ ပြီးတော့ ပြဿနာကို ရင်မဆိုင်ပဲ ရှောင်ပြေးတတ်ကြတယ်။ တစ်ချို့တွေကကျတော့ အခြားသူတွေကို လွဲချတတ်ကြတယ်။
ဒီလိုလုပ်တာဟာ မိမိရဲ့စွမ်းဆောင်ရည်ကို ကျဆင်းစေရုံသာမက သံသယ စိတ်ကိုလည်း ပိုမိုကြီးထွားလာစေပါတယ်။ ကိုယ့်ရဲ့စွမ်းဆောင်ရည်ကို ကိုယ်တိုင်မယုံကြည်နိူင်တော့ဘူး။ ဒါကြောင့် ပြသာနာတွေနဲ့ ရင်ဆိုင်ရတဲ့အခါမှာ ရှောင်ပြေးဖို့ထက် ရင်ဆိုင်ဖြေရှင်းဖို့ကြိုးစားပါ။ ဒါဟာ ကိုယ့်ရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးရာရောက်သလို နောက်တချိန် ပြဿနာတွေကြုံလာရင်လည်း မကြောက်တော့ပဲ ယုံကြည့်မှုအပြည့်နဲ့ ရင်ဆိုင်ဖြေရှင်းရဲလာမှာပါ။
မိမိကိုယ်ကို အခြားလူတွေနဲ့မနှိုင်းယှဉ်ပါနဲ့

Source: Outsourcing-Pharma
ငါးတစ်ကောင်ကို သစ်ပင်တတ်ခိုင်းပြီး သူ့ရဲ့အရည်အချင်းကို ဆုံးဖြတ်လို့မရသလို မျောက်ကိုလည်း ရေကူးခိုင်းပြီး သူ့ရဲ့အရည်အချင်းကို ဆုံးဖြတ်ချက်ချလို့မရပါဘူး။ ဒါဟာ လူတွေကြားမှာ အသုံးများတဲ့ စကားပါ။ တကယ်လည်းမှန်ပါတယ်။ လူတစ်ယောက်ချင်းစီမှာ သူ့အရည်အချင်းနဲ့ သူရှိပြီးသားပါ။ ဒါကို တွေ့အောင် မိမိကိုယ်တိုင်ရှာဖွေရမှာပါ။
တကယ်လို့သင်ဟာ မိမိကိုယ်ကို အခြားလူတွေနဲ့ နှိုင်းယှဉ်နေမယ်ဆိုရင် စိတ်ညစ်နေရမှာအမှန်ပါပဲ။ လေ့လာမှုတွေအရ လူမှုကွန်ယက်အပေါ်မှာ အချိန်အများကြီး ပေးတဲ့သူတွေမှာ မိမိကိုယ်ကိုယုံကြည်မူ အားလျှော့နည်းနေတယ်လို့ ဆိုထားပါတယ်။ ဟုတ်ပါတယ်။ လူမူကွန်ယက်တွေမှာ လူတော်တော်များများက သူတို့အောင်မြင်နေတဲ့အကြောင်း ဘာတွေပိုင်ဆိုင်ကြောင်း စသဖြင့် ကောင်းတာတွေပဲ ရွေးပြီးတင်တတ်ကြတယ်။
ဒါတွေကိုကြည့်ပြီး ငါကဘာကောင်မှ မဟုတ်ပါလားဆိုပြီး တွေးနေရင် ဒါဟာ မှားယွင်းနေတဲ့လုပ်ရပ်တခုပါပဲ။ ဒီလို နှိုင်းယှဉ်မှုမျိုးက မလုပ်သင့်တဲ့ အရာပါ။ လူတစ်ယောက်နဲ့ ယှဉ်ပြိုင်ချင်တဲ့ ဆိုရင် ကိုယ်နဲ့ တန်းတူ ဘဝတူတွေနဲ့ပဲ ယှဉ်ပြိုင်ပါ။
လူတစ်ယောက်ချင်းစီမှာ ထူးခြားတဲ့ အရည်အချင်းတစ်ခုစီ ရှိနေပါတယ်။ ရှာဖွေပါ။ ဖော်ထုတ်ပါ။ အသုံးချပါ။ ဘာမှမလုပ်ပဲနေရင်တော့ ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။ ကျရှုံးမှုကို မကြောက်ပါနဲ့။ လူတိုင်း တကြိမ်တခါတော့ ကျရှုံးဖူးပါတယ်။ အကောင်းမြင်စိတ်ထားပါ။
