အမေရိကန်သမိုင်းမှာ အီလွန်မတ်စ်ဟာ တစ်နှစ်အတွင်း အကြီးဆုံးအခွန်ထမ်းရမယ့်ပုဂ္ဂိလ်လို့ ပြောရတော့မှာပါ။

Tesla ကားကုမ္ပဏီနဲ့ SpaceX အာကာသယာဉ်လုပ်ငန်းတည်ထောင်သူ အီလွန်မတ်စ်ဟာ ကမ္ဘာ့အချမ်းသာဆုံးဘီလျံနာကြီး ဖြစ်ပြီး နိုဝင်ဘာ လဆန်းပိုင်းကစလို့ ဒေါ်လာ ၁၄ ဘီလျံဖိုးတန် Tesla စတော့ခ်ရှယ်ယာတွေ ရောင်းချခဲ့သူလည်း ဖြစ်ပါတယ်။ ဒီလောက် များပြားတဲ့ ရှယ်ယာတွေ ရောင်းထုတ်ခြင်း မလုပ်ခင်မှာ မတ်စ်ဟာ သူ့ရဲ့ Twitter အကောင့်ကနေ သူ့ပိုင် Tesla စတော့ခ်တွေထဲက ၁၀% ရောင်းသင့်သလားဆိုပြီး လူမှုကွန်ရက်မှာ မဲခွဲ Poll ခေါ်ခဲ့ပါတယ်။

esla Motors CEO Elon Musk speaks during the Model S Beta Event held at the Tesla factory in Fremont

Photo: Reutes

Twitter Poll မှာ ရှယ်ယာတွေ ရောင်းဖို့ ထောက်ခံမှုတွေ ထွက်လာပြီးနောက် မကြာခင်မှာ စတော့ရှယ်ယာ ၉ သိန်း ၃ သောင်းကျော်ကို ဒေါ်လာ ၁.၁ ဘီလျံကျော်ဈေးနဲ့ တ်ရောင်းခဲ့ပါတယ်။ ဒီနောက် ဆက်တိုက်ဆိုသလို ဘီလျံပေါင်းများစွာ တန်တဲ့ ရှယ်ယတွေ ထုတ်ရောင်းလာခဲ့ပါတယ်။ ရှယ်ယာတွေ အကြီးအကျယ် ထုတ်ရောင်းရတဲ့ ရည်ရွယ်ချက်ကတော့ အခွန်ဆောင်ဖို့ ဖြစ်ပါတယ်တဲ့။

ဒီဇင်ဘာ တတိယထဲမှာ တင်ခဲ့တဲ့ မတ်စ်ရဲ့ Tweet ထဲမှာ “ဒီကိစ္စ(အခွန်) ကို စိတ်ဝင်စားသူတွေအတွက် ကျွန်တော် ဒီနှစ်ထဲမှာ အခွန် ဒေါ်လာ ၁၁ ဘီလျံကျော်ဖိုး ပေးဆောင်ရမှာပါ ” လို့ ရေးထားခဲ့ပါတယ်။

CNBC ဝက်ဘ်ဆိုက်ကတော့ မတ်စ်ဟာ ၂၀၂၁ ခုနှစ်ထဲမှာ စုစုပေါင်း အခွန် ဒေါ်လာ ၁၂ ဘီလျံ ပေးဆောင်ရမယ်လို့ ခန့်မှန်းထားခဲ့တာ ဖြစ်ပါတယ်။ အခုလို ဒေါ်လာဘီလျံနဲ့ချီ အခွန်ဆောင်ရတဲ့ကိစ္စက ဝယ်ထားတဲ့ရှယ်ယာသက်တမ်းအကုန်မှာ အခွန် ၅၀% ဆောင်ရမယ့် အရေးအတွက် ထုတ်ရောင်းခဲ့တာလို့ ဆိုပါတယ်။ မတ်စ်ဟာ ၂၀၁၂ ခုနှစ်က Tesla ရှယ်ယာတစ်စုကို ၆.၂၄ ဒေါ်လာနှုန်းနဲ့ အစုရှယ်ယာ ၂၂.၈ သန်း ဝယ်ခွင့်ရခဲ့တာပါ။

Elon Musk

Photo: CNBC

၈ နှစ်အကြာ ရှယ်ယာတွေ ပြန်ထုတ်ရောင်းရမယ့်အချိန်မှာ အခွန်ဆောင်ပြီးမှ သူ့အတွက် သီးသန့်ဈေးနဲ့ ရှယ်ယာတွေကို သတ်မှတ်ချိန်အတွင်း ပြန်ဝယ်နိုင်မှာ ဖြစ်ပါတယ်။ အခွန်သဘောအရ ဝင်ငွေခွန်နဲ့ အသားတင်ရင်းနှီးမြှပ်နှံမှုအခွန် ၄၀.၈% ဆောင်ရမှာ ဖြစ်ပြီး ကယ်လီဖိုးနီးယားပြည်နယ် ထိပ်တန်းအခွန်နှုန်းထားအရ ၁၃.၃% အထိ ပေးရမှာ ဖြစ်ပါတယ်။ ၂၀၂၁ နှစ်ဆန်းပိုင်းမှာ ProPublica ဟာ အီလွန်မတ်စ်နဲ့ တခြား ဘီလျံနာကြီးတွေဟာ ၂၀၁၈ ခုနှစ်မှာ ဖက်ဒရယ်ဝင်ငွေခွန် မပေးဘဲရှောင်ရှားခဲ့တယ်လို့ စုံစမ်းဖော်ထုတ်ခဲ့ပါတယ်။

ProPublica အရ ၂၀၁၄ နဲ့ ၂၀၁၈ အတွင်းမှာ မတ်စ်ဟာ ဒေါ်လာ ၁၃.၉ ဘီလျံကျော် ချမ်းသာခဲ့ပေမယ့် ဒေါ်လာ ၁.၅၂ ဘီလျံ ဝင်ငွေအပေါ် အခွန် ဒေါ်လာ ၄၅၅ သန်းပဲ ပေးခဲ့တယ်လို့ ဆိုပါတယ်။ Forbes မဂ္ဂဇင်းရဲ့ အဆိုအရ မတ်စ်ဟာ ဒေါ်လာ ၂၄၄ ဘီလျံကျော် ချမ်းသာတဲ့ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ မတ်စ်ဟာ ၂၀၂၂ ခုနှစ်ရောက်မှ အခွန်ဆောင်ရမှာ ဖြစ်ပေမယ့် ဒီမိုကရက်တစ်အမတ်တွေရဲ့ Build Back Better အခွန်ဥပဒေ ထွက်လာမယ်ဆိုရင် နောက်ထပ် ထမ်းရမယ့်အခွန်နှုန်းက ထပ်မြင့်သွားဖို့ ရှိပါတယ်။

Featured Photo: CNBC