တစ်ချို့အမျိုးသားတွေရဲ့ ခန္ဓာကိုယ်ဆိုင်ရာ ပြဿနာတွေဟာ အနည်းငယ်ရှက်စရာကောင်းပါတယ်။ တစ်ချို့တွေကြတော့ လူမြင်ကွင်းမှာ မပြရဲလောက်အောင် ရှက်စရာကောင်းပါတယ်။ ဒါပေမယ့် အမျိုးသား အမျိုးသားတွေရဲ့ ခန္ဓာကိုယ်ဆိုင်ရာ ပြဿနာတိုင်းက ရှက်စရာမဟုတ်ပါဘူး။ တစ်ချို့သော ပြဿနာတွေကတော့ အဆင်မပြေမှုတွေ ဖြစ်စေပါတယ်။ ဒီနေ့ kwee page က ရှက်စရာကောင်းတဲ့ အမျိုးသားတွေရဲ့ ခန္ဓာကိုယ်ဆိုင်ရာ ပြဿနာတွေ အကြောင်း ပြောပြပေးသွားမှာပါ။
နောက်ကျောမှာ အမွှေးများပေါက်ခြင်း

Source: Men’s Health
အမျိုးသမီးအများစုဟာ နောက်ကျောမှာ အမွှေားများပေါက်တဲ့ အမျိုးသားတွေကို မနှစ်သက်ကြဘူး။ ပုံမှန်ထက် များတဲ့အမွှေးတွေ နောက်ကျောမှာပေါက်နေမယ်ဆိုရင်တော့ နေရထိုင်ရတာ အဆင်မပြေဖြစ်တက်ပါတယ်။ လေဆာနည်းပညာကို အသုံးပြုပြီး အမွှေးအမျှင်ရှင်းလင်းခြင်းဟာ အလွန်ထိရောက်တဲ့ နည်းလမ်းတခုဖြစ်တဲ့အပြင် ထိရောက်မှုအာနိသင်က တစ်သက်တာလုံးအတွက် ဖြစ်ပါတယ်။ဒါပေမယ့် လေဆာနဲ့ အမွှေးအမျှင်ရှင်းခြင်းဟာ ငွေကုန်ကြေးကျများစေတဲ့အတွက် မုတ်ဆိတ်ရိတ်ဓားနဲ့ရိတ်ခြင်း၊ဖယောင်းရည် ဒါမှမဟုတ် ခရင်မ်အသုံးပြုပြီး အမွှေးအမျှင်ရှင်းလင်းခြင်း (waxing) စတာတွေကို ရွေးချယ်အသုံးပြုနိုင်ပြီး အာနိသင်ကိုတော့ ရက်သတ္တပတ်အနည်းငယ်ကြာ ရရှိပါလိမ့်မယ်။
ဘီယာဗိုက်

Source: South China Morning Post
အမျိုးသားတွေက အမျိုးသမီးတွေထက် ခါးမှာအဆီပိုတွေ စုနိုင်ချေများပါတယ်။ ဒါကိုတော့ ဘီယာဗိုက်လို့ လူအများခေါ်ဆို ကြပါတယ်။ ဒါပေမယ့် ဘီယာသောက်ခြင်းကပဲ ဘီယာဗိုက်ဖြစ်စေတာ မဟုတ်ပါဘူး။ အလှုပ်အရှားနည်းတာ၊ အဆီအဆိမ့်တွေစားတာ၊ အထိုင်များတာ၊ ဝက်သားတုတ်ထိုးတွေ စားတာ အစရှိတဲ့ အချက်တွေကလည်း ဘီယာဗိုက် ဖြစ်လာစေပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်မှုပုံစံပြောင်းလဲခြင်း လေ့ကျင့်ခန်းပြုလုပ်ပေးခြင်းတို့က ဒီပြဿနာကို ဖြေရှင်းနိုင်မှာပါ။
ချွေးထွက်ခြင်း

Source: Novaderma
ချွေးထွက်တာက ပြဿနာမဟုတ်ပါဘူး။ အမျိုးသားတွေက အမျိုးသမီးတွေထက် ချွေးပိုထွက်ကြပါတယ်။ ပုံမှန်မဟုတ်တဲ့ ချွေးအလွန်အကျွံထွက်ခြင်းကိုတော့ hyperhidrosis လို့ခေါ်ပါတယ်။ ရာသီဥတုကြောင့်ပဲ ဖြစ်ဖြစ်၊စိတ်ခံစားမှုကြောင့်ပဲဖြစ်ဖြစ်၊ အလကားနေရင်ပဲဖြစ်ဖြစ် ချွေးအလွန်အကျွံထွက်နေရင် ပြဿနာပါ။ ချိုင်းကြား၊ခြေဖဝါး၊ လက်ဖဝါးတွေမှာ အဓိကထွက်လေ့ရှိပါတယ်။ ဒီလို အခြေအနေမျိုးနဲ့ ရင်ဆိုင်ရရင် ဆရာဝန်နဲ့ ပြသတိုင်ပင်သင့်ပါတယ်။
ခန္ဓာကိုယ်အနံ့ဆိုးထွက်ခြင်း

Source: Medical News Today
ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်းက ခန္ဓာကိုယ်အနံ့ထွက်စေ ပါတယ်။ ဒါပေမယ့် အနံ့ဆိုးတွေက ချွေးထွက်ခြင်းကြောင့်မဟုတ်ဘဲ ချွေးသံရဲရဲဖြစ်နေတဲ့ အရေပြားကို အသုံးချပြီး ပွါးများကြီးထွားနေတဲ့ ဘက်တီးရီးယားတွေကြောင့်ပဲ ဖြစ်ပါတယ်။ ရေပုံမှန်ချိုးပေးခြင်း၊ မပျော့လွန်းမပြင်းလွန်းတဲ့ ရေချိုးဆပ်ပြာကို ပုံမှန် အသုံးပြုပေးခြင်း၊ချွေးနံ့ပျောက်ဆေးများ အသုံးပြုခြင်းစတာတွေနဲ့ အနံ့အသက်ဆိုးခြင်း၊ ဘက်တီးရီးယားပွါးများခြင်းတို့ကို တိုက်ထုတ်နိုင်ပါတယ်။ ကြက်သွန်ဖြူ၊ ကြက်သွန်နီစတဲ့ အနံ့ပြင်းတဲ့ အစားအသောက်တွေမစားဘဲ ရှောင်ရှားခြင်းကလည်း ခန္ဓာကိုယ်အနံ့ဆိုးထွက်ခြင်းကို ကာကွယ်နိုင်ပါတယ်။
