“ရောမရောက်ရင် ရောမလိုကျင့်ရတယ်” ဆိုတဲ့စကားက အခုထိမှန်နေတုံးပါပဲ။ နိူင်ငံရပ်ခြားခရီးသွားတဲ့အချိန်မှာ အဲ့ဒီနိူင်ငံတွေရဲ့ “do’s and don’ts” ကိုသိထားဖို့လိုအပ်ပါတယ်။ မသိလိုပဲဖြစ်ဖြစ် သိလိုပဲဖြစ်ဖြစ် သူတို့နိူင်ငံက သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေကို မလိုက်နာဘူးဆိုရင် ဒုက္ခရောက်သွားနိူင်ပါတယ်။

ဒီနေ့ kwee ကနေပြီးတော့ ဘယ်နိူင်ငံရောက်ရင် ဘာတွေမလုပ်ရဘူးလဲဆိုတာ ပြောပြပေးသွားမှာပါ။

ဂျပန်မှာ tip money ပေးခြင်း

ဂျပန်နိူင်ငံမှာ tip money မပေးရဆိုပြီး သက်မှတ်ထားတာတော့မရှိပါဘူး။ ဒါပေမဲ့ ဂျပန်နိူင်ငံသားတော်တော်များများက tip money ပေးခြင်းကို ရိုင်းတယ်လို့ယူဆထားကြပါတယ်။ ဒါကြောင့် ဂျပန်ရောက် ရင် tip money ပေးခြင်းမလုပ်ဖို့ လိုအပ်ပါတယ်။

UAE မှာ ခွင့်ပြုချက်မရှိပဲ ဓာတ်ပုံရိုက်ခြင်း

UAE မှာ ခွင့်ပြုချက်မရှိပဲ ဓာတ်ပုံရိုက်ခြင်း ကိုရာဇဝတ်မူအနေနဲ့ သက်မှတ်ထားပါတယ်။ ထောင် (၆) လကျနိူင်သလို ဒေါ်လာ ၁ သိန်းကျော် ငွေဒဏ် ရိုက်ခံရနိူင်ပါတယ်။ အထူးသဖြင့် ဓာတ်ပုံရိုက်ပြီး လူမူကွန်ရက်ပေါ်တင်ရင် ပိုဆိုးပါတယ်။

သြစတြေးလျတွင် ကြားဖြတ်ခြင်း

သြစတြေးလျ နဲ့ အင်္ဂလန် နိူင်ငံတွေမှာ တန်းစီနေရင်း ကြားဖြတ်ခြင်းက မယဉ်ကျေးတဲ့ အပြုအမူတခုပါ။ သူတို့ရဲ့ လူတွေက ဒါကိုလုံးဝ လက်မခံပါဘူး။ အခုဆိုရင် ဒီယဉ်ကျေးမူက ကမ္ဘာအနှံ ကျင့်သုံးနေပါပြီ။ ဘက်စ်ကားစီးတာဖြစ်ဖြစ် ဈေးဝယ်တာဖြစ်ဖြစ် ကိုယ့်အလှည့်ရောက်တာကို စောင့်ဆိုင်းရမှာပါ။

OK ဆိုတဲ့လက်အမူအရာဟာ တူရကီမှာ ရိုင်းပါတယ်

ဟုတ်ပါတယ်။ OK ဆိုတဲ့လက်အမူအရာဟာ တူရကီမှာ ဆဲတဲ့ အဓိပ္ပာယ် သက်ရောက်ပါတယ်။ ဂျာမနီနဲ့ ဘရာဇီးမှာလည်း တူတူပါပဲ။

Bulgaria and Albania နိူင်ငံမှာ ခေါင်းညိတ်ခြင်း

နိူင်ငံတော်တော်များများမှာ ခေါင်းညိတ်ခြင်း ဟာ သဘောတူတယ် လိုပြောခြင်းဖြစ်ပါတယ်။ ဒါပေမဲ့ Bulgaria and Albania ခေါင်းညိတ်ခြင်းက ငြင်းဆန်တာပါ။

စင်ကာပူမှာ ငှက်တွေကို အစာကျွေးခြင်း

စင်ကာပူနိူင်ငံရဲ့ ဘယ်နေရာမှာမဆို ငှက်ကို အစာကျွေးခြင်းနဲ့ ပီကေဝါးခြင်းကို တားမြစ်ထားပါတယ်။ တကယ်လို့ကျူးလွန်ခဲ့ရင် ဒဏ်ငွေများစွာရိုက် ခံရနိူင်ပါတယ်။

Source: Bright Side