မန်ချက်စတာယူနိုက်တက်အသင်းအတွက် ပင်နယ်တီကန်သွင်းမှု ဘရူနို ဖာနန်ဒက်စ် မလွဲချော်မီ အက်စ်တွန်ဗီလာ ဂိုးသမား အီမီလီယာနို မာတီနက်ဇ်ရဲ့ ထူးဆန်းတဲ့အပြုအမူဟာ တော်တော်လေး ရယ်စရာဖြစ်ခဲ့ပါတယ်။

အက်စ်တွန်ဗီလာအသင်းဟာ စနေနေ့ညနေက အိုးထရက်ဖို့ဒ်မှာ မန်ချက်စတာယူနိုက်တက်ကို ကျဉ်းမြောင်းတဲ့ရလဒ် ၁-၀ နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး ကော့တ်နေး ဟောက်စ်ရဲ့ ခေါင်းတိုက်သွင်းဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ယူနိုက်တက်ဟာ နာကျင်အချိန်ပိုမှာ ပင်နယ်တီပြစ်ဒဏ်ဘော ကန်ခွင့်ရရှိခဲ့ပြီးနောက် သရေတစ်မှတ် ရယူနိုင်မယ့် အခွင့်အရေးကို ရရှိခဲ့ပါတယ်။

Manchester-United-v-Aston-Villa

Photo: 90Mins

ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ ဖာနန်ဒက်စ်တို့ ၂ ဦးစလုံး ကွင်းထဲမှာ ရှိနေကြပြီး ယူနိုက်တက်ကွင်းလယ်ကစားသမားက နောက်ဆုံးမှာ အရေးပါတဲ့ ပင်နယ်တီကို ကန်သွင်းယူခဲ့ရာမှာ ဘားတန်းကျော်ပြီး လွဲချော်သွားခဲ့တာဖြစ်ပါတယ်။ ပင်နယ်တီ မကန်သွင်းမီ အခြေအနေကို ရိုက်ကူးထားတဲ့ ရုပ်သံဖိုင်မှာ မြင်တွေ့ရတဲ့ပုံအရ ဗီလာ ဂိုးသမား မာတီနက်ဇ်ဟာ ဖာနန်ဒက်စ်ကို အာရုံနောက်သွားအောင် အကောင်းဆုံး လုပ်ဆောင်နေတာကို တွေ့ရပါတယ်။

ဖာနန်ဒက်စ်ဟာ ဘောလုံးကို ပင်နယ်တီကန်သွင်းရမယ့် စက်ဝိုင်းပေါ်မှာ တင်ဖို့ ကြိုးပမ်းနေချိန်မှာ မာတီနက်ဇ်က ရော်နယ်ဒိုကို စကားလှမ်းပြောနေခဲ့တာကို မြင်နိုင်ပြီး ပေါ်တူဂီတိုက်စစ်မှူးကသာ ပင်နယ်တီကို ကန်သွင်းသင့်တဲ့သူလို့ ပြောကြားနေပုံရတာကို မြင်တွေ့ရပါတယ်။ ယူနိုက်တက်ကစားသမားတွေဟာ ဂိုးသမားကို ဂိုးပေါက်ဆီ ပြန်သွားဖို့ တွန်းထုတ်ခဲ့ကြပေမယ့် မာတီနက်ဇ်ဟာ တင်းခံနေပြီး ကာဗာနီက နောက်ဆုံးမှာတော့ ဂိုးစည်းပေါ်ထိ ရောက်အောင် ပြန်ပို့နိုင်ခဲ့ပါတယ်။

မာတီနက်ဇ်အနေနဲ့ အခုလို ပင်နယ်တီကန်သွင်းရမယ့် ပြိုင်ဘက်ကစားသမားကို အာရုံနောက်သွားအောင် လုပ်တာက ပထမဆုံးအကြိမ် မဟုတ်ဘဲ ကိုပါ အမေရိကပြိုင်ပွဲမှာ အာဂျင်တီးနားအတွက် ကစားပေးခဲ့တုန်းကလည်း ကိုလံဘီယာနောက်ခံလူ ယယ်ရီ မီနာကို “ငါ မင်းကို ဝါးစားပစ်မှာနော် ညီအစ်ကို။ မင်းကို ဝါးစားပစ်မှာနော် ညီအစ်ကို”လို့ ပင်နယ်တီ မကန်သွင်းမီ ပြောကြားခဲ့ပြီး အဲဗာတန်နောက်ခံလူဟာ အဲဒီ ပင်နယ်တီ ကန်သွင်းမှုကို လွဲချော်သွားခဲ့တာဖြစ်ပါတယ်။

Featured Photo: independent