Kwee ပရိသတ်တွေအနေနဲ့ ပြီးခဲ့တဲ့နှစ်တွေတုန်းက ပျော်ရွှင်စရာတွေ အမှတ်တရ ကောင်းတွေအများကြီး ပိုင်ဆိုင်နိုင်ခဲ့ကြမယ်လို့ မျှော်လင့်ပါတယ်။ ဒါပေမယ့် အဲ့ဒီလို ပျော်ရွှင်မှုတွေ ပိုင်ဆိုင်ရဖို့အတွက် နာကျင်ခဲ့ရတာတွေရှိကောင်းရှိနိုင်ပါတယ်။ အခက်အခဲတွေ ကျော်ဖြတ်ခဲ့ရနိုင်တယ်။ ဘာပဲဖြစ်ဖြစ် တစ်နေရာတည်းမှာ ရပ်တည့်မသွားဘဲနဲ့ ရှေးဆက်နေဖို့ အရေးကြီးပါတယ်။ တစ်ခုသိထားရမှာက အတိတ်ကအဖြစ်အပျက်တွေကို မေ့လိုက်ပါ။ အနာဂတ်လှပအောင် ဘယ်လိုဖန်တီးမလဲဆိုတာ စဉ်းစားပါ။ လက်ရှိမှာ ကြိုးစားပါ။ ဒီနေ့ kwee page ကပရိသတ်တွေအတွက် အင်းအားဖြစ်ဖွယ်ရာ အားပေးစကားလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

တစ်ခါတစ်လေသင်က ခိုတစ်ကောင်ဖြစ်နိုင်ပေမယ့် တစ်နေ့မှာ သင်ဟာ ကျောက်ရုပ်ဖြစ်သွားနိုင်တယ်ဆိုတာကို လက်ခံထားပါ။

ပျော်ရွှင်ဖို့အတွက် နည်းလမ်းကောင်းတစ်ခုက တခြားလူတွေကို ပျော်ရွှင်အောင် လုပ်ပေးလိုက်ပါ။

Source: Psychology Today

ဘဝမှာ အကောင်းဆုံးသော ခံစားချက်ဟာ တခြားလူတွေက သင်မလုပ်နိုင်ဘူးလို ထင်ထားတာကို လုပ်ပြနိုင်လိုက်တဲ့ ခံစားချက်ပါပဲ။

ကျရှုံးမှုဆိုတာ နောက်တစ်ခေါက်ပြန်လည်စတင်ဖို့အတွက် အခွင့်အရေးပါပဲ။ ဒါပေမယ့် ပိုပြီးဉာဏ်ကောင်းဖို့ လိုအပ်ပါတယ်။

Source: Startup Stories

ရှေးဆက်သွားပါ။ မရပ်လိုက်ပါနဲ့။ သင်လိုချင်တဲ့ ပန်းတိုင်ရောက်ပါလိမ့်မယ်။

သင်ပြောတဲ့ဟာသမှာ တစ်စုံတစ်ယောက်ကို ရယ်မောစေချင်တယ်ဆိုရင် အဲ့ဒီလူကို ဟာသဉာဏ်ရှိတဲ့လူလို့ပြောပေးလိုက်ပါ။

Source; Heart to Heart Counseling Center

အောင်မြင်တဲ့လူတစ်ယောက်ဖြစ်ဖို့ထက် တန်ဖိုးရှိတဲ့လူတစ်ယောက်ဖြစ်အောင် ကြိုးစားပါ။

အဓိပ္ပာယ်မရှိတဲ့ အရာတွေအတွက် ဝမ်းမနည်းပါနဲ့။ အဓိပ္ပာယ်မရှိတဲ့အရာက သင့်အတွက် ဝမ်းနည်းနေမှာမဟုတ်ဘူး။