တစ်နေကုန် သွားလာလှုပ်ရှားပြီး အလုပ်လုပ်နေရတဲ့ ယောကျာ်းများအတွက် မိမိရဲ့တစ်နေ့တာပင်ပန်းသမျှတွေကို ဖြေဖျောက်ပေးနိုင်မယ့် နည်းလမ်းကောင်းလေးတစ်ခုရှိပါတယ်။ ထိုနည်းလမ်းကောင်းလေးကတော့ အရသာရှိပြီး ကျန်းမာရေးနဲ့လည်း ညီညွှတ်တဲ့ သစ်သီးဖျော်ရည်ဖြင့် ကုန်ခမ်းသွားတဲ့ အားအင်များကို ပြန်လည်ဖြည့်တင်းပေးရမှာပဲဖြစ်ပါတယ်။

သစ်သီးဖျော်ရည်များနဲ့ စွမ်းအားဖြည့်အချိုရည်ရဲ့အဓိကကွာခြားချက်ကတော့ ကျန်းမာရေးနှင့် ညီညွှတ်ခြင်း မညီညွှတ်ခြင်းပဲဖြစ်ပြီး သစ်သီးဖျော်ရည်များက ကိုယ်တိုင်ကိုယ်ကျဖျော်ရတဲ့အတွက်ကြောင့် အနည်းငယ် အပင်ပန်းခံရပါတယ်။ စွမ်းအားဖြည့်အချိုရည်ကတော့ အဆင်သင့် အလွယ်တကူဝယ်သောက်နိုင်ပါတယ်။

how to release fatigue for men

Photo Source: Wholelifechallenge.com

ဒါပေမဲ့ စွမ်းအားဖြည့်အချိုရည်သည် သောက်ပြီးပြီးချင်း ၂ နာရီအတွင်းမှာ လူက လန်းဆန်းတက်ကြွလာပေမယ့် ၂ နာရီကျော်သွားတဲ့နောက်မှာတော့ သင့်ရဲ့စွမ်းအင်တွေကို အကုန်စုပ်ယူကာ သုံးစွဲလိုက်ရတဲ့အတွက်ကြောင့် ပင်ပန်းမှုဒဏ်ကို နှစ်ဆပိုခံရလေ့ရှိပါတယ်။

ဒါဆိုရင် ကျန်းမာရေးနဲ့လည်း ညီညွှတ်ပြီး စွမ်းအင်ဖြည့်တင်းပေးမယ့် သစ်သီးဖျော်ရည်ကို ဘယ်လိုဖျော်သောက်ရမလဲ။

apple juice for men

သင့်အနေနဲ့ ဖျော်ရည်စိမ်းစိမ်းလေး ဖျော်သောက်ချင်တယ်ဆိုရင်တော့ ပန်းသီးအစိမ်းရောင် ၄ လုံး၊ တရုတ်နံနံ အနည်းငယ်နှင့် ဟင်းနုနွယ်ရွက် အနည်းငယ်သာ လိုအပ်ပါလိမ့်မယ်။ ဒါပေမဲ့ လိမ္မော်ရောင်ဖျော်ရည်လေးကိုသာ နှစ်သက်တယ်ဆိုရင်တော့ လိမ္မော်သီး ၄ လုံး၊ ပန်းသီးအနီ ၂ လုံးနှင့် မုန်လာဥနီ အနည်းငယ်တို့ လိုအပ်ပါလိမ့်မယ်။

အရင်ဦးဆုံး ဖျော်ရည်စိမ်း ဖျော်ဖို့ရန်အတွက် ပန်းသီးစိမ်းကို ရေဆေးပြီး ပါးပါးလှီးပါ။ တရုတ်နံနံနှင့် ဟင်းနုနွယ်ရွက်များကိုလည်း ရေဆေးထားပါ။ ထို့နောက် သစ်သီးဖျော်စက်ထဲထည့်ကာ ရေအနည်းငယ်ထည့်ပြီး ဖျော်သောက်နိုင်ပါပြီ။

orange juice for men

Photo Source: Sipsmarter.org

လိမ္မော်ဖျော်ရည်လည်း ထိုနည်းအတိုင်းပါပဲ။ လိမ္မော်သီးကို အခွံခွာကာ လိမ္မော်စိပ်များ ခွာထားပါ။ ပန်းသီးနှင့် မုန်လာဥနီကို ရေဆေးကာ ပါးပါးလှီးပါ။ ထို့နောက် ဖျော်စက်ထဲထည့်ကာ ရေအနည်းငယ်ထည့်ပြီး ဖျော်သောက်နိုင်ပါတယ်။ အေးစိမ့်စိမ့်လေး သောက်ချင်ပါက ရေခဲရေ အနည်းငယ် ထည့်သောက်နိုင်ပါတယ်။

ပါဝင်ပစ္စည်း (၃) မျိုးတည်းနဲ့ ဖျော်သောက်နိုင်တဲ့ ဒီသစ်သီးဖျော်ရည်များသည် ပင်ပန်းနွမ်းနယ်မှုကို ပြေပျောက်စေနိုင်သလို ခန္ဓာကိုယ်တွင်းရှိ အဆိပ်အတောက်များကိုလည်း ဖယ်ရှားပေးတဲ့အတွက်ကြောင့် အသားအရေကို ကြည်လင်စိုပြေစေပါတယ်။

Source: Cookingwithsapana.com