ဘာမှ မလုပ်ချင်အောင် ပင်ပန်းနေတယ်ဆိုရင် ကော်ဖီနဲ့ Energy Drinks တွေ အစား ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သဘာဝစွမ်းအင်မြှင့်အစားအစာလေးတွေ စားရအောင်ပါ။ ဘယ်လိုအစားအစာတွေလဲ ဆိုတော့ –
(၁) လီမွန်ရေ

Photo: readersdigest
အလွယ်ဆုံးနဲ့ အရိုးရှင်းဆုံးက ကိုယ်သောက်နေတဲ့ ရေရိုးရိုးထဲ သံပရာသီးအရည်လေး ညှစ်ထည့်ပေးလိုက်ဖို့ပါပဲ။ ဒါဆိုရင် စွမ်းအင်ထုတ်ပေးနိုင်တဲ့ ဆဲလ်တွေအတွက် အရေးကြီးတဲ့ အီလက်ထရိုလိုက်တွေ ရမှာ ဖြစ်ပါတယ်။ ရေဓါတ်လည်း ဖြည့်ပေးရာ ရောက်ပြီး စိတ်ခံစားချက်လည်း မြှင့်တင်ပေးနိုင်မှာပါ။
(၂) လတ်ဆတ်တဲ့ သစ်သီးတွေ

Photo: readersdigest
သဘာဝသကြားဓါတ်ဟာ သွေးတွင်း သကြားဓါတ်ကို ထိန်းညှိပေးနိုင်ပါတယ်။ အကောင်းဆုံးက သစ်သီး Smoothie ဖျော်ရည်လေးတွေ သောက်ဖို့ပါပဲ။ အာရုံစိုက်မှု အားကောင်းစေတဲ့ ဘလူးဘယ်ရီသီး ၊ စွမ်းရည်တက်စေမယ့် ဗိုက်တာမင်စီကြွယ်ဝတဲ့ စတော်ဘယ်ရီ ၊ မဂ္ဂနီဆီယမ်ဓါတ် မြင့်မားတဲ့ ဒိန်ချဉ်တွေ သောက်သုံးပေးသင့်ပါတယ်။ စွမ်းအင်အမြန်တက်စေမယ့် အိုင်အိုဒင်းပါဝင်တဲ့ နာနတ်သီးတွေလည်း စားသုံးနိုင်ပါတယ်။
(၃) အစေ့အဆန်တွေ

Photo: readersdigest
သီဟိုဋ်စေ့ ၊ အယ်လ်မွန် နဲ့ သစ်ကြားစေ့တို့ဟာ မဂ္ဂနီဆီယမ်ဓါတ် မြင့်မားပြီး သွေးတွင်းသကြားဓါတ်အားကောင်းစေပါတယ်။ ဆာလောင်မှုကို ထိန်းညှိပေးနိုင်ပြီး အမျှင်ဓါတ် ကြွယ်ဝစေပါတယ်။
(၄) ချောကလက်နက်

Photo: readersdigest
ချောကလက်မှာ စိတ်ခံစားမှုနဲ့ စွမ်းအင်ကို မြှင့်တင်ပေးနိုင်မယ့် ကဖိန်းဓါတ်လိုမျိုး သဘာဝအတိုင်း လှုံ့ဆော်ပေးနိုင်တဲ့ Theobromine ပါဝင်ပါတယ်။
(၅) Whole Grain ပေါင်မုန့်

Photo: readersdigest
ကာဗွန်ဟိုက်ဒရိတ်ဟာ ခန္ဓာကိုယ်က လိုအပ်တဲ့ စွမ်းအင်ရဲ့ ၆၀% ကို ထောက်ပံ့ပေးနိုင်ပါတယ်။ Whole Grain ပေါင်မုန့်ချပ်တွေမှာ ဗိုက်တာမင်နဲ့ သတ္ထုဓါတ်တွေပါဝင်ပြီး ဆာလောင်မှုကို ထိန်းထားနိုင်တဲ့ အစွမ်း ရှိပါတယ်။ ဒါကြောင့် တစ်နေ့တာ အာဟာရထဲမှာ Oatmeal နဲ့ အမျှင်ဓါတ်မြင့်တဲ့ ကွေကာမျိုး စားပေးဖို့ လိုပါတယ်။
