လူကြီးလူငယ်မရွေး Energy Drink လို့ ခေါ်တဲ့ ခွန်အားဖြည့်အချိုရည်သောက်ရတာ ကြိုက်ကြပါတယ်။။ဘာလို့ လူတွေက ဒီအချိုရည်တွေကို ကြိုက်ကြတာလံ။ လူတိုင်းနီးပါးက ခွန်အားဖြည့်အချိုရည်တွေဟာ စွမ်းအားကိုမြှင့်တင်ပေးနိုင်တယ်ဆိုတဲ့ ယုံကြည်မှုနဲ့ သူတို့ရဲ့ နှစ်သက်စရာအရသာအတွဲအဖက်ကြောင့် နှစ်ခြိုက်ကြတာဖြစ်ပါတယ်။ ခွန်အားဖြည့်အချိုရည်တွေဟာ ကောင်းကျိုးတွေထက် ဘေးထွက်ဆိုးကျိုးတွေ ပိုပြီးများပြားပါတယ်။

Source: India.com

ခွန်အားဖြည့်အချိုရည်တွေရဲ့ ဘေးထွက်ဆိုးကျိုးတွေက ဘာတွေလဲ

ခွန်အားဖြည့်အချိုရည်တွေဟာ ရေဓာတ်ကို ဆုံးရှုံးစေပါတယ် – ခွန်အားဖြည့်အချိုရည်တွေမှာ အဓိကပါဝင်တဲ့ ပစ္စည်းက ကဖိန်းဓာတ်ဖြစ်ပါတယ်။ ၁၆ အောင်စရှိတဲ့ အချိုရည်တစ်ဗူးမှာ ကဖိန်းဓာတ် ၁၆၀ မီလီဂရမ်နီးပါလောက် ကိုပါဝင်နေပါတယ်။။ ဒီဓာတ်ဟာ ဆီးရွှင်စေတဲ့ အကျိုးအာနိသင်ရှိပါတယ်။ ဒါကြောင့် ရေဓာတ်ဆုံးရှုံးမှုဖြစ်နိုင်ချေများပါတယ်။

နှလုံးခုန်နှုန်းကို မြန်ဆန်စေပါတယ် – အားဖြည့်အချိုရည်တွေမှာ ပါဝင်တဲ့ ကဖိန်းဓာတ်ဟာ နှလုံးခုန်နှုန်းကို မြန်ဆန်စေပါတယ်။ အခုခေတ်လူငယ်တွေမှာ ခွန်အားဖြည့်အချိုရည်တွေသောက်သုံးမှုများတာကြောင့် နှလုံးနဲ့ဆိုင်တဲ့ ရောဂါတွေဖြစ်ပွားမှုပိုမိုများပြားလာတာကိုတွေ့နေရပါတယ်။

Source: New York Post

သွားကိုလည်း ထိခိုက်စေနိုင်တယ် – ခွန်အားဖြည့်အချိုရည်တွေမှာ Citric Acid ပါဝင်ပါတယ်။ အဆိုပါ အက်ဆစ်ဓာတ်က သွားကို ယိုယွင်းပျက်စီးစေနိုင်ပါတယ်။

သင့်ကို ခွန်အားမပေးနိုင်ပါဘူး – နာမည်ကတော့ Energy Drink ပါ။ ဒါပေမယ့် ဒီ ခွန်အားဖြည့်အချိုရည်တွေဟာ သောက်သုံးသူတွေကို ခွန်အားအစစ်အမှန်ပေးနိုင်မှာမဟုတ်ပါဘူး။

သကြားဓာတ် အလွန်များပြားစွာ ပါဝင်နေပါတယ် – လူတစ်ယောက်ဟာ တစ်နေ့ကို သကြားပမာဏ လက်ဖက်ရည်ဇွန်း ၆ စွန်းပဲစားသုံးဖို့သင့်ပါတယ်။ ဒါပေမယ့် အချိုရည်တွေမှာ တစ်ဘူးကို လက်ဖက်ရည်ဇွန် ၁၃ ဇွန်းစာလောက်ပါဝင်လေ့ရှိပါတယ်။ နေ့စဉ်သုံးစွဲဖို့ သတ်မှတ်ထားတဲ့ ပမာဏရဲ့ ၂ ဆ ကျော်ပမာဏဖြစ်ပါတယ်။

Source: REIZE Energy Drink

ဒီလို ဆိုးကျိုးများတဲ့ ခွန်အားဖြည့်အချိုရည်တွေကို တတ်နိူင်သမျှ ရှောင်ရှားကြဖို့ အကြံပေးပါရစေ။