အဲရစ် ဘိုင်လီဟာ ကြာသပတေးနေ့ညက ပင်နယ်တီအဆုံးအဖြတ်ခံယူရာမှာ ဘောလုံးကို မကြည့်ဘဲ ကန်သွင်းခဲ့တာကြောင့် လွဲချော်သွားခဲ့ပြီး အိုင်ဗရီကို့စ်အသင်းဟာ အာဖရိကဖလားပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ်။

eric-bailly-manchester-united

Photo: Manchestereveningnews

မန်ချက်စတာယူနိုက်တက် နောက်ခံကစားသမားဟာ အာဖရိကဖလား ၁၆ သင်းရှုံးထွက်အဆင့် ပင်နယ်တီအဆုံးအဖြတ်ခံယူရာမှာ တစ်ဦးတည်းသော ပင်နယ်တီ လွဲချော်သူဖြစ်ခဲ့ပြီး လီဗာပူးလ်ကြယ်ပွင့် မိုဟာမက် ဆာလားက အနိုင်ရရှိစေမယ့် ပင်နယ်တီကို ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ နီကိုလာ ပေပေ၊ မက်စ်ဝဲလ် ကွန်းနတ်၊ ဇာဟာတို့အားလုံးဟာ ပင်နယ်တီအဆုံးအဖြတ်ခံယူရာမှာ အမှားအယွင်းမရှိ ကန်သွင်းယူနိုင်ခဲ့ပေမယ့် အိုင်ဗရီကို့စ်ရဲ့ တတိယမြောက် ပင်နယ်တီကို ကန်သွင်းခဲ့တဲ့ ဘိုင်လီကတော့ ရယ်စရာကောင်းလောက်အောင် လွဲချော်ခဲ့တာဖြစ်ပါတယ်။

Bailly's No-Looked Penalty Disaster

Photo: Sportbible

ဘိုင်လီဟာ အဓိကဆုဖလားပြိုင်ပွဲကြီးလို့ မသတ်မှတ်ဘဲ တစ်ဖက် ၅ ယောက်ဆီ ယှဉ်ပြိုင်ကစားရတဲ့ အပျော်တမ်းလိဂ်ပွဲစဉ်လိုမျိုး သဘော ထားပြီး ဘောလုံးကို မကြည့်ဘဲ ကန်သွင်းခဲ့ရာမှာ အီဂျစ်ဂိုးသမား အဘူ ဂါဘယ်လ်က ကာကွယ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ရယ်စရာကောင်းတာက ဘိုင်လီဟာ ပင်နယ်တီ ကန်သွင်းဖို့ စတင်ခြေလှမ်းချိန်မှာ အီဂျစ်ဂိုးသမား ညာဘက်ကို ဒိုင်ဗင်ပစ်ဖို့ အားယူနေရတာကို မြင်တွေ့ခဲ့ပေမယ့်လည်း ဂိုးသမားရဲ့ ညာဘက်ကိုမှ ကန်သွင်းယူခဲ့တာဖြစ်ပြီး လူမှုကွန်ရက်က ပရိသတ်တွေကြားမှာ ရယ်မောစရာ ဖြစ်ခဲ့တာဖြစ်ပါတယ်။

Ivory Coast's defender Eric Bailly (R) fights for the ball with Egypt's forward Mohamed Salah during the Africa Cup of Nations

Photo: Unitedinfocus

မန်ချက်စတာ ယူနိုက်တက်နောက်ခံကစားသမားဟာ ပွဲချိန် မိနစ် ၁၂၀ လုံး ကောင်းမွန်တဲ့ ခံစစ်စွမ်းရည်ကို ပြသခဲ့သူဖြစ်ပြီး ပင်နယ်တီအဆုံးအဖြတ်မှာသာ ဂိုးဝင်အောင် ကန်သွင်းနိုင်ခဲ့မယ်ဆိုရင် ပွဲစဉ်တလျှောက် အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခံရမှာ သေချာပါတယ်။ ဒါပေမယ့်လည်း အလွန်ဆိုးရွားတဲ့ ပင်နယ်တီကန်သွင်းမှုကို ပြုလုပ်ခဲ့တာကြောင့် အိုင်ဗရီကို့စ်အသင်းကို အာဖရိကဖလားပြိုင်ပွဲကနေ ထွက်ခွာစေခဲ့ပြီး ၎င်းအနေနဲ့ ဘောလုံးကို မကြည့်ဘဲ ကန်သွင်းခဲ့တဲ့လုပ်ရပ်အတွက် နောင်တရနေမှာ သေချာပါတယ်။

Featured Photo: Sportbible