ဒဏ်ရာကသက်သာပြီး မြက်ခင်းစိမ်းပေါ်ပြန်ရောက်ကတည်းက ဂိုးသွင်းစက်တစ်လုံးသဖွယ် ဂိုးတွေဆက်တိုက်သွင်းယူနေတဲ့ ဒေါ့မွန်လူငယ်ကြယ်ပွင့် ဟာလန်း ​သူဘာကြောင့် ကမ္ဘာ့ဘောလုံးလောကရဲ့ အလားအလာအရှိဆုံး လူငယ်ကစားသမားတစ်ယောက်အဖြစ် သတ်မှတ်ခံထားရလဲဆိုတာကို ထပ်မံသက်သေပြသွားခဲ့ပြန်ပါပြီ။

Erling Haaland appears to defy GRAVITY as he hangs in the air Ronaldo-style then nods home in Borussia Dortmund's 3-0 win over Bundesliga strugglers Greuther Furth
Photo : Fear The Wall

အသက် ၂၁ နှစ်ရွယ် နော်ဝေလူငယ်တိုက်စစ်မှူး ဟာလန်းဟာဆိုရင် ဗုဒ္ဓဟူးနေ့က ဂရိုင်သာဖတ်သ်အသင်းကို (၃-ဝ) ဂိုးနဲ့ အနိုင်ယူရရှိခဲ့တဲ့ ဂျာမန်ဘွန်ဒစ်လီဂါ (၁၆) ပွဲစဉ်မှာ ကမ္ဘာ့ဆွဲအားကို ဆန့်ကျင်တဲ့ အမြင့်ခုန်နှုန်းနဲ့ အံ့ဩသင့်ဖွယ်ရာ ခေါင်းတိုက်သွင်းဂိုး သွင်းယူပြခဲ့တာပဲ ဖြစ်ပါတယ်။

အဆိုပါပွဲစဉ်မှာတော့ ဟာလန်းဟာ ပထမပိုင်း ပွဲကစားချိန် ၃၃ မိနစ်မှာ ပင်နယ်တီကနေတစ်ဆင့် ဒေါ့မွန်အသင်းအတွက် ဦးဆောင်ဂိုးကို စတင်သွင်းယူပေးခဲ့တာဖြစ်ပြီး ဒုတိယပိုင်း ၈၂ မိနစ်မှာ ဂျူလီယန် ဘရန့်တ်ရဲ့ ကောင်းမွန်သေသပ်စွာ ဖြတ်တင်ပေးပို့လာတဲ့ဘောလုံးကို ဟာလန်းက ပြိုင်ဘက်အသင်းနောက်တန်းကစားသမားတွေကို ကျော်ဖြတ်ပြီး အံ့ဩသင့်ဖွယ်ရာ အမြင့်ခုန်နှုန်းနဲ့ ဂရိုင်သာဖတ်သ်အသင်းရဲ့ ညာဘက်ထောင့်ဂိုးပိုက်အတွင်းကို လှလှပပပဲ ခေါင်းတိုက်သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ သွင်းဂိုးဟာ ဟာလန်းရဲ့ကစားသမားသက်တမ်းတစ်လျောက် မယုံနိုင်စရာ သွင်းတစ်ဂိုးအဖြစ်မှတ်တမ်းဝင်ခဲ့ပြီး ဒီလိုကမ္ဘာ့ဆွဲအားကို ဆန့်ကျင်တဲ့ အမြင့်ခုန်နှုန်းနဲ့ ခေါင်းတိုက်သွင်းဂိုးဟာ ရော်နယ်ဒိုပြီးနောက် ဒုတိယမြောက် အမြင့်ခုန်ခေါင်းတိုက်သွင်းယူနိုင်ခဲ့တဲ့ ကစားသမားဟာ ဟာလန်းဖြစ်လာခဲ့ပြီဖြစ်ကြောင်း ကမ္ဘာ့သတင်းမီဒီယာတွေမှာ ဖော်ပြနေကြပါတယ်။

Erling Haaland appears to defy GRAVITY as he hangs in the air Ronaldo-style then nods home in Borussia Dortmund's 3-0 win over Bundesliga strugglers Greuther Furth
Photo : The Indian Express

ဟာလန်းဟာ လက်ရှိဘောလုံးရာသီ ဘွန်ဒစ်လီဂါပြိုင်ပွဲမှာ ပွဲပေါင်း၁၀ ပွဲကစားပြီး ၁၃ ဂိုး သွင်းယူထားကာ ဘွန်ဒက်လီဂါရဲ့ ဂိုးအများဆုံးသွင်းယူထားတဲ့ ကစားသမားစာရင်းရဲ့ နံပါတ် (၃) နေရာမှာ ရပ်တည်လျက်ရှိပါတယ်။ ၎င်းနော်ဝေလူငယ်တိုက်စစ်မှူးဟာ လာမယ့် နွေရာသီမှာ ဒေါ့မွန်အသင်းကနေ ထွက်ခွာနိုင်ခြေရှိနေပြီး မန်စီးတီး၊ ရီးယဲလ်မက်ဒရစ်၊ ဘာစီလိုနာနှင့် ဘိုင်ယန်မြူးနစ်အသင်းတို့လို ဥရောပထိပ်တန်းကလပ်များစွာတို့ရဲ့ စိတ်ဝင်စားမှုကို ခံနေရတဲ့ လူငယ်တိုက်စစ် ကစားသမားတစ်ဦးပဲ ဖြစ်ပါတယ်။

Featured Photo : Daily Mail