ဒေါ့မွန်ကြယ်ပွင့်တိုက်စစ်မှူး အာလင်းဟာလန်းဟာ ယခုနွေရာသီမှာ ချဲလ်ဆီးအသင်းကို ပြောင်းရွှေ့ချင်နေတယ်လို့ သတင်းတွေအရ သိရပါတယ်။

ဥရောပချန်ပီယံ ချဲလ်ဆီးအသင်းဟာ လက်ရှိမှာ နွေရာသီအပြောင်းအရွှေ့ဈေးကွက် မပိတ်မီ ဒေါ့မွန်တိုက်စစ်မှူးကို ခေါ်ယူဖို့အတွက် ဖြစ်နိုင်ခြေအားလုံးကို ရှာဖွေနေတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း နော်ဝေလက်ရွေးစင်တိုက်စစ်မှူးကို ခေါ်ယူဖို့က ပေါင်သန်း ၁၅၀ ကျော် ကုန်ကျမှာဖြစ်ပြီး အသက် ၂၀ အရွယ်ရှိပြီဖြစ်တဲ့ ဟာလန်းကလည်း လုပ်ခလစာ ပေါင် ၃ သိန်းဝန်းကျင် တောင်းဆိုသွားလိမ့်မယ်လို့ နားလည်ရပါတယ်။

Erling Haaland interested in Chelsea transfer this summer

Photo: radiobeerlula

ဟာလန်းဟာ ရီးရဲလ်မက်ဒရစ်၊ မန်ချက်စတာစီးတီး၊ ဘာစီလိုနာ၊ မန်ချက်စတာယူနိုက်တက်တို့အပါအဝင် ဥရောပတလွှားက ကလပ်အသင်းအများအပြားရဲ့ စိတ်ဝင်စားမှုကို ခံနေရသူဖြစ်ပေမယ့် ချန်ပီယံလိဂ်ဖလားကို ပူပူနွေးနွေးရရှိထားတဲ့ ချဲလ်ဆီးကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေတယ်လို့ The Telegraph က ဖော်ပြခဲ့ပါတယ်။

ချဲလ်ဆီးအသင်းဟာ ယခုနွေရာသီမှာ ဟာလန်းကို ခေါ်ယူဖို့က ခက်ခဲမယ်ဆိုတာကို ကောင်းကောင်း သတိပြုမိနေပြီး လာမယ့်နှစ်အထိ ဒေါ့မွန်အသင်းကနေ ထွက်ခွာမှုကို နှောင့်နှေးကြန့်ကြာစေမယ့် သဘောတူညီမှုမျိုး ရရှိဖို့အတွက် ရွေးချယ်စရာတွေကို စဉ်းစားနေတယ်လို့ ယင်းသတင်းက ဖော်ပြခဲ့ပါတယ်။

Erling Haaland interested in Chelsea transfer this summer

Photo: radiobeerlula

ဒေါ့မွန်အသင်းကတော့ ဟာလန်းအနေနဲ့ ၎င်းတို့အသင်းမှာ အနည်းဆုံး နောက်ထပ်တစ်ရာသီလောက်အထိ ဆက်ရှိနေဦးမယ်လို့ အခိုင်အမာပြောကြားထားပြီး လာမယ့်နွေရာသီမှာ ဟာလန်းရဲ့ စာချုပ်ပါအချက်အရ လျော်ကြေး ယူရိုသန်း ၈၀ လောက်နဲ့ ခေါ်ယူနိုင်မှာဖြစ်ပါတယ်။ ဒေါ့မွန်အသင်းဟာ ဟာလန်းရော ဆန်ချိုကိုပါ ဆုံးရှုံးခံချင်စိတ်မရှိဘဲ ပြီးခဲ့တဲ့လက ဒေါ့မွန်အားကစားဒါရိုက်တာ မိုက်ကယ်ဇော့က ယခုနွေရာသီမှာ ဟာလန်း အသင်းပြောင်းရွှေ့မယ့်သတင်းတွေကို ငြင်းပယ်ထားခဲ့တာ ဖြစ်ပါတယ်။