ဒေါ့မွန်တိုက်စစ်မှူး အာလင်းဟာလန်းဟာ အသင်းက တောင်ပံကစားသမားကို မန်ချက်စတာယူနိုက်တက်အသင်းဆီ ရောင်းထုတ်ဖို့ အစီအစဉ်မရှိကြောင်း အတည်ပြုခဲ့ပြီးနောက် လာမယ့်ရာသီ ဆန်ချိုရဲ့ ဖန်တီးပေးပို့မှုတွေကို ပိုမိုအဆုံးသတ်ဖို့ စောင့်မျှော်လင့်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

ဆန်ချိုဟာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ တစ်ပတ်လုပ်ခ ပေါင် ၂၂၀၀၀၀ တန်ကြေးရှိတဲ့ စာချုပ်ချုပ်ဆိုဖို့ သဘောတူညီခဲ့ပြီးနောက် အိုးထရက်ဖို့ဒ်ကို အပြီးသတ်ပြောင်းရွှေ့တော့မယ့်ပုံပေါ်ခဲ့ပေမယ့် ဒေါ့မွန်အသင်းက အသက် ၂၀ အရွယ်တောင်ပံကစားသမားအတွက် သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးကို လုံးဝအလျှော့မပေးဘဲ တင်းခံနေတာဖြစ်ပါတယ်။

Photo: Metro

မန်ချက်စတာယူနိုက်တက်ဟာ ဆန်ချိုကို သြဂုတ်လ ၁၀ ရက်နေ့မှာ ယူရိုသန်း ၁၂၀ နဲ့ နောက်ဆုံးထားခေါ်ယူဖို့ သတ်မှတ်ပေးထားတဲ့ ဒေါ့မွန်ရဲ့ သတ်မှတ်ရက်မှာ သဘောတူညီမှုရရှိအောင် ပြုလုပ်နိုင်ခဲ့ခြင်းမရှိတာဖြစ်ပြီး ဆန်ချိုဟာ ရာသီကြိုလေ့ကျင့်ရေးပြုလုပ်ဖို့ ဆွစ်ဇာလန်ကို ထွက်ခွာသွားတဲ့အသင်းလူစာရင်းနဲ့အတူ လိုက်ပါသွားခဲ့တာဖြစ်ပါတယ်။

ဒေါ့မွန်အားကစားဒါရိုက်တာမိုက်ကယ်ဇော့ကလည်း အသင်းဟာ လာမယ့်ရာသီသစ်မတိုင်မီ ဆန်ချိုနဲ့ဆက်ရှိနေမယ့်အနေအထားအတွက် အစီအစဉ်ဆွဲနေပြီး ယခုဆုံးဖြတ်ချက်ဟာ နောက်ဆုံးဆုံးဖြတ်ချက်ဖြစ်တယ်လို့ ဆန်ချိုရဲ့အနာဂတ်နဲ့ပတ်သက်ပြီး အတည်ပြုပြောကြားခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် မိုက်ကယ်ဇော့က ပြီးခဲ့တဲ့နှစ်ကမှ ဆန်ချိုကို ၂၀၂၃ ခုနှစ်အထိ စာချုပ်သစ် ချုပ်ဆိုထားတယ်ဆိုတဲ့ လျှို့ဝှက်ချက်ကိုပါ ထုတ်ဖော်ပြောကြားလိုက်ပြီး ယူနိုက်တက်တို့ရဲ့မျှော်လင့်ချက်ကို အဆုံးသတ်ပေးခဲ့တာဖြစ်ပါတယ်။

Photo: Metro

မိုက်ကယ်ဇော့ရဲ့ အံ့အားသင့်ဖွယ်ကြေညာချက်ကို တုံ့ပြန်ပေးဖို့ ပြောကြားခဲ့တဲ့အခါမှာ ဟာလန်းက ဂျာမန်သတင်းစာ Ruhr Nachrichten ကို အခုလိုပဲ တုံ့ပြန်ပြောကြားခဲ့ပါတယ်။

“ဂျေဒန်က အံ့အားသင့်ဖွယ်ကစားသမားပါ။ သူ ဆက်နေတာကို ကျွန်တော် အရမ်းပျော်ပါတယ်။ သူက ကျွန်တော့်ကို ဂိုးတွေအများကြီးပေးလိမ့်မယ်ဆိုတာ သေချာပါတယ်။ ဒါပေမယ့် ကျွန်တော်လည်း သူ့ကို နည်းနည်းပေးမှာပါ”လို့ ပြောကြားခဲ့ပါတယ်။