ဒေါ့မွန်ကြယ်ပွင့်တိုက်စစ်မှူး အာလင်းဟာလန်းဟာ ယခုအပတ် ၎င်းရဲ့မွေးရပ်မြေ နော်ဝေက နိုက်ကလပ်တစ်ခုကနေ မောင်းထုတ်ခြင်းခံခဲ့ရတယ်လို့ Metro ရဲ့သတင်းအရ သိရပါတယ်။

အသက် ၁၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဟာလန်းဟာ ပြီးခဲ့တဲ့လက ဒေါ့မွန်အသင်းရဲ့ ဘွန်ဒက်စ်လီဂါရာသီ ပြီးဆုံးခဲ့ပြီးနောက် လက်ရှိအချိန်မှာ အားလပ်ရက်ရရှိနေတဲ့ ကစားသမားဖြစ်ပါတယ်။

Photo: Metro

တနင်္ဂနွေနေ့မနက်အစောပိုင်းက ထွက်ပေါ်လာတဲ့ ဗီဒီယိုဖိုင်ထဲမှာ ဟာလန်းဟာ နိုက်ကလပ်ဝင်ပေါက်က လုံခြုံရေးရဲ့ မောင်းထုတ်ခြင်းကို ခံခဲ့ရတာကို မြင်တွေ့ခဲ့ရပြီး ဒေါ့မွန်ကြယ်ပွင့်ဟာ ကလပ်အတွင်းမှာ ပွဲဆူစေခဲ့တဲ့အတွက် မောင်းထုတ်ခံခဲ့ရတယ်လို့ နားလည်ရပါတယ်။

ဟာလန်းဟာ ယခုအပတ် နော်ဝေမှာ ၎င်းရဲ့ ဖခင်ဖြစ်တဲ့ အဲ့ဖ်အင့်ဟာလန်းနဲ့အတူ အချိန်ကုန်ဆုံးနေသူဖြစ်ပြီး ဟာလန်းရဲ့ဖခင်က ၎င်းရဲ့သားဖြစ်သူ နိုက်ကလပ်ကနေ မောင်းထုတ်ခံခဲ့ရတဲ့ဖြစ်စဉ်ကို ဟာသဖောက်ခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။”လာစမ်းပါ အာလင်း။ အလုပ်ပြန်လုပ်ရအောင်။ မြို့ကြီးက ညသန်းခေါင်ပွဲလမ်းသဘင်တွေက မင်းအတွက်မဟုတ်ဘူး”လို့ တွစ်တာမှာ ရေးသားခဲ့တာဖြစ်ပါတယ်။

Source ; Squawka