တစ်ခါတစ်လေမှာ မှန်ကန်တဲ့ ဖက်ရှင်နဲ့ စတိုင်အတွဲအဖက်ဖြစ်ဖို့ဆိုတာ ခက်ပါတယ်။ Stylish Man တစ်ယောက်ဖြစ်ဖို့အတွက် ဖက်ရှင်က အရေးကြီးတယ်ဆိုတာ အားလုံး လက်ခံကြမှာပါ။ ဖက်ရှင်ကျဖို့အတွက်ဆိုရင် အခုပြောမယ့် အသုံးအဆောင်တွေက အမျိုးသားတိုင်း ပိုင်ဆိုင်ထားသင့်ပါတယ်။

(၁) နာရီ

Photo: techaio

နာရီတစ်လုံးဟာ အချိန်ပြောဖို့တင် အလုပ်လုပ်တာမဟုတ်ပါဘူး။ နာရီတွေဟာ လူတစ်ယောက်ရဲ့ အဆင်တန်ဆာလည်းဖြစ်သလို သူ့ရဲ့ အမှတ်သင်္ကေတလည်း ဖြစ်ပါတယ်။ ရှေးကာလတွေကတည်းက နာရီတွေဟာ သူ့ကို ပတ်ထားသူရဲ့ အဆင့်အတန်းနဲ့ စရိုက်သဘာဝကို ဖော်ပြတဲ့ ဖက်ရှင်အသုံးအဆောင်တွေ ဖြစ်ခဲ့ပါတယ်။ နာရီပတ်ထားသူဟာ အချိန်ကို လေးစားကြောင်း ၊ အလုပ်ကို စနစ်တကျ လုပ်တတ်ကြောင်း ၊ တာဝန်ယူတတ်ပြီး ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်း မြင့်မားသူ ဖြစ်ကြောင်း အကဲဖြတ်ကြပါတယ်။

(၂) ရှုးစ်ဖိနပ်များ

Photo: Lanx Shoes

Shoe တွေဟာ ခြေဖဝါးတွေကို ကာကွယ်ပေးဖို့တင်မဟုတ်ဘဲ ဖက်ရှင်ကျဖို့အတွက်ပါ အထောက်အကူပေးပါတယ်။ နေရာအခါအလျောက် လိုက်ဖက်တဲ့ ဖိနပ်စီးခြင်းဟာ ယဉ်ကျေးမှုဓလေ့ထုံးတမ်း လိုက်နာမှု ပြခြင်းဖြစ်သလို တစ်ဖက်ကလည်း ကိုယ့်ရဲ့ အဆင့်အတန်းနဲ့ အလုပ်အကိုင်ကို ဖော်ပြရာရောက်ပါတယ်။ အမျိုးသားတစ်ယောက်မှာ အနည်းဆုံး အရည်အသွေးကောင်းပြီး စီးလို့ကောင်းမွန်တဲ့ ဖိနပ်နှစ်ရံတော့ ရှိသင့်ပါတယ်။

(၃) နေကာမျက်မှန်

Photo: travelonthefly

စတိုင်ကျချင်တဲ့ အမျိုးသားတွေအတွက် နေကာမျက်မှန်ဟာ ဆွဲဆောင်မှုရှိအောင် ကူညီပေးမယ့် ဖက်ရှင်အသုံးအဆောင်တစ်မျိုးပါပဲ။ နေကာမျက်မှန်တွေဟာ မျက်လုံးကို အန္တရာယ်ရှိတဲ့ ခရမ်းလွန်ရောင်ခြည်တွေကနေ အကာအကွယ်ပေးရုံတင်မဟုတ်ဘဲ ဖက်ရှင်ကျပြီး ကြည့်ကောင်းအောင် တန်ဆာဆင်ပေးနိုင်ပါတယ်။ ခရီးသွားရင်ပဲ ဖြစ်ဖြစ် နေပူပဲထွက်ထွက် နေကာမျက်မှန်တပ်ပြီး ထွက်မယ်ဆိုရင် ကျန်းမာရေးအတွက်လည်း ကောင်းမွန်သလို လူကိုလည်း ပိုပြီး စတိုင်မိစေမှာပါ။

(၄) ခါးပါတ်

Photo: Fashion Beans
တန်ဖိုးကြီး ဘောင်းဘီကောင်းတွေ ပိုင်ဆိုင်ထားရုံနဲ့ မပြီးသေးပါဘူး။ အမျိုးအစားကောင်းမွန်တဲ့ ခါးပတ်လည်း ရှိဖို့ လိုပါတယ်။ ခါးပတ်ဟာ ကိုယ်ဝတ်လိုက်တဲ့ ဘောင်းဘီကို ပိုပြီး Fitting ကျစေပါတယ်။ ပိုပြီး အရေးကြီးတာက လူကြီးလူကောင်းဆန်ဆန် ဘောင်းဘီထဲ ရှပ်အင်္ကျီ ထည့်ဝတ်ရတဲ့ လူတစ်ယောက်အတွက် ခါးပတ်ကောင်းတစ်ခုဟာ လေးနက်တဲ့ အသုံးအဆောင်တစ်ခုလည်း ဖြစ်ပါတယ်။

(၅) Suit

Photo: Shutter Stock

Formal Suit တစ်စုံဟာ နေ့တိုင်း ဝတ်ဖို့ မလိုပေမယ့် တကယ့်အခမ်းအနားမှာ အလွန်ကို အရေးလှပါတယ်။ လူတစ်ယောက်ဟာ သူ့ကိုယ်သူ တန်ဖိုးတင်ဖို့ သူ့အသုံးအဆောင်တွေဟာ ထိုက်သင့်တဲ့ စံတစ်ခုမှာ ရှိသင့်ပါတယ်။ သင့်အဝတ်ဗီရိုထဲမှာရှိမယ့် Suit တစ်စုံက သင့်ကို အများကြီး ပြောင်းလဲပေးနိုင်တယ်ဆိုတာ မမေ့ပါနဲ့။