လူတွေကို စည်းရုံးရေးကောင်းပြီး လူအုပ်ကြီးကို ဦးဆောင်နိုင်တဲ့သူတစ်ယောက် ဖြစ်ဖို့ ဆိုတာ သာမန်အရည်အချင်းနဲ့ မဖြစ်နိုင်ပါဘူး။ အင်္ဂလိပ်စကားမှာ ဒီလိုလူတွေကို Alpha Male လို့ ခေါ်ပါတယ်။ ခေတ်သစ်လူ့အဖွဲ့အစည်းမှာ Alpha Male ဆိုသူတွေဟာ ခက်ခဲတဲ့ အကြပ်အတည်းတွေကို ဖြေရှင်းဖို့ နေရာပေးခံထားရသူတွေ ဖြစ်ပါတယ်။

ထက်မြက်ပြီး လူ့အဖွဲ့အစည်းတစ်ခုကို ခေါင်းဆောင်နိုင်တဲ့ လူတစ်ယောက် ဟုတ်မဟုတ် ဘယ်လိုသိနိုင်မလဲ။ Alpha Mal တစ်ယောက်မှာ ဘယ်လို ဝိသေသလက္ခဏာတွေ ရှိနိုင်သလဲ။

(၁) ကိုယ့်ကိုယ်ကိုလေးစားမှု ရှိတယ်

Photo: bridgeslibrarysystem

Self-respect ဆိုတာ လူတိုင်းမှာ ရှိသင့်တဲ့အရာပါ။ လူတွေကို ဦးစီးခေါင်းဆောင်ပြုမယ့်သူအတွက်ဆိုရင်တော့ မရှိမဖြစ် အရည်အချင်းတစ်ခု ဖြစ်ပါတယ်။ကိုယ့်ကိူယ်ကို လေးစားမှု ရှိသူဟာ တစ်ခြားသူတွေနဲ့ သူ့အချိန်ကို တန်ဖိုးထားပါတယ်။ ကိုယ်လုပ်တဲ့ အလုပ် အကောင်းဆုံးအရည်အသွေး ထွက်အောင် လုပ်တယ်။ ကိုယ့်ကိုယ်ကို လေးစားတာကြောင့် ကိုယ့်ပုံရိပ် ညိုးနွမ်းစေတဲ့ အလုပ်တွေ မလုပ်မိအောင် ရှောင်ကြဉ်ပါတယ်။

(၂) အခက်အခဲတွေကို ရင်ဆိုင်ရဲတယ်

Photo: toastmasters

အခက်အခဲ ၊ စိန်ခေါ်မှုနဲ့ ရှုံးနိမ့်ခြင်းတွေက လူတစ်ယောက် ဘယ်လောက်မာကျောသလဲကို စစ်ဆေးပေးတဲ့ ကိရိယာတွေပါ။ အောင်မြင်မှုချည်း ဆက်တိုက်ရနေတာဟာ အံ့ဩစရာဆိုရင် အခက်အခဲနဲ့ ရှုံးနိမ့်မှု ဖန်တရာတေအောင် ခံစားရပေမယ့် ကိုယ်ပန်းတိုင်ကို မျက်ခြေမပြတ်တမ်း ကြည့်နေသူက တကယ့်အံ့ဖွယ်ပါပဲ။ တစ်ချိန်ချိန်မှာ လူတွေကို ဦးဆောင်မယ့်သူဆိုတာ စိတ်ဓါတ်ကြံ့ခိုင်တယ်။ ဝေဖန်မှုတွေ နဲ့ အတိုက်အခံတွေအကြား နစ်မွန်းပျောက်ကွယ်သွားမယ့် လူမျိုး မဟုတ်ပါဘူး။

(၃) သတ္တိကောင်းတယ်

Photo: skipprichard

သတ္တိကောင်းမှ ခေါင်းဆောင်ဖြစ်တာပါ။ သတ္တိကောင်းတယ်ဆိုတာ အကြောက်အရွံ့ကင်းတယ်လို့ ပြောတာ မဟုတ်ပါဘူး။ ဘီစီ ၅ ရာစုက ဂရိသမိုင်းပညာရှင် တူဆိုက်ဒီးစ်က ပြောဖူးပါတယ်။ “သတ္တိအကောင်းဆုံးလူတွေပဲ သူတိူ့ရှေ့မှာ ကြုံရမယ့် ဂုဏ်သိက္ခာနဲ့ အန္တရာယ်ယ်ာတွေကို အပြတ်သားဆုံး မြင်ပါတယ်။ ဒီလိုမြင်တဲ့ အရာတွေကိုလည်း နောက်မတွန့်စတမ်း ရင်ဆိုင်ပါတယ်”တဲ့။

(၄) ဟာသနဲ့ လူသားဆန်မှု ရှိတယ်

Photo:masongroup

သောမတ်စ်ကာလိုင်းရဲ့ စကားတစ်ခွန်းရှိပါတယ်။ “ဟာသဆိုတာ အနုပညာမြောက်တဲ့ ပါရမီရှင်တစ်ဦးရဲ့ အပြည့်စုံဆုံး ပုံရိပ်အဖြစ် သတ်မှတ်နိုင်ပါတယ်။”တဲ့။ ကိုယ့်ကိုယ်ကို အရင် ရယ်‌မောနိုင်တယ်ဆိုရင် သင့်ကို ဘယ်သူမှ တူးတူးခါးခါး ဝေဖန်တော့မှာ မဟုတ်ပါဘူး။ Alpha Man ဆိုသူတွေဟာ သူတို့အမှား ၊ သူတို့အရှုံးတွေကို ပေါ့ပေါ့ပါးပါး ဖြတ်သန်းသွားနိုင်သူတွေပါ။

ဒီလိုမျိုး ကိုယ့်ကိုယ်ကို အလွန်အကြူး အလေးအနက်မခံစားတာဟာ ကိုယ့်ကိုယ်ကို လေးစားမှုနဲ့ အတ္တအကြား ခြားနားမှုကို တံတားထိုးပေးထားပါ။ လူတစ်ယောက်ဟာ သူ့ကိုယ်သူ တကယ့်ကို ကိုယ့်ကိုယ်ကို လေးစားတယ်ဆိုရင် မှားယွင်းတဲ့ ခြေလှမ်းဟာ ဘဝဆုံးသွားတာ မဟုတ်ဘူးဆိုတာကို နားလည်ပါတယ်။ ဒီလို အမှားတွေကနေ ပိုကြီးပြီး ပိုကျယ်ပြောတဲ့ ရှုထောင့်သစ်တွေကနေ မြင်လာပါတယ်။

(၅) ဇွဲကောင်းတယ်

Photo: Freepik

Alpha Male ဆိုသူတွေဟာ စွဲမြဲထက်သန်တဲ့ ဇွဲလုံ့လ ရှိသူတွေပါ။ သူတို့ဟာ လွယ်လွယ်လေး အလျှော့မပေးတတ်သူတွေပါ။ သူတို့ဟာ အမြဲတမ်း နောက်ဆုံးအချိန်အထိ မားမားမတ်မတ် ရပ်သူတွေအဖြစ် မြင်ရမယ့် သူတွေ ဖြစ်ပါတယ်။ လူတွေဟာ ယုံကြည်တဲ့အရာတစ်ခုအတွက် ဇွဲစိတ်သန်သန်နဲ့ ဖန်တီးပုံဖော်နေသူနောက်ကို လိုက်ဖို့ ဝန်မလေးတတ်ပါဘူး။