ဂျင်းဘောင်းဘီများကို လူငယ်၊ လူရွယ် ကျားမ မရွေး နှစ်နှစ်ခြိုက်ခြိုက်ဝတ်ဆင်ကြပါတယ်။ ဘယ်တော့မှ ရိုးမသွားတဲ့ ဖက်ရှင်က ဂျင်းဖက်ရှင်ဆိုလည်း မမှားပါဘူး။ တကယ်လို့ စာဖတ်သူက Jeans ချစ်သူတစ်ယောက်လို့ ကိုယ့်ကိုယ်ကို သတ်မှတ်ထားတယ်ဆိုရင်တော့ ဗဟုသုတအနေနဲ့ သိထားသင့်တဲ့ စိတ်ဝင်စားစရာအချက်တချို့ကို ဖတ်ရှုကြည့်ဖို့ မမေ့နဲ့ဦးနော်။

၁၈၇၃ ခုနှစ်

Source: lifestyle.howstuffworks.com

ကမ္ဘာ့ပထမဦးဆုံး ဂျင်းဝတ်စုံကို တီထွင်ခဲ့သူတွေကတော့ Levis Strauss နဲ့ Jacob Davis တို့ပဲဖြစ်ပါတယ်။ ၁၈၇၃ ခုနှစ်မှာ တီထွင်ခဲ့တာပါ။

၁၁၅

Source: lifestyle.howstuffworks.com

ဂျင်းဘောင်းဘီတွေကို စတင်တီထွင်ရခြင်း ရည်ရွယ်ချက်က ဖက်ရှင်ကျဖို့အတွက်မဟုတ်ဘဲ မိုင်းတွင်းအလုပ်သမားများအတွက် အကြမ်းခံဝတ်ဆင်နိုင်ဖို့အတွက် ထုတ်လုပ်ထားခြင်း ဖြစ်ပါတယ်။ ၁၁၅ ဆိုတဲ့နံပါတ်ကတော့ ၁၉၉၈ ခုနှစ်မှာ ကယ်လိုဖိုးနီးယားပြည်နယ်ရှိ မိုင်းတွင်းတစ်ခုထဲတွင် ရှာဖွေတွေ့ရှိခဲ့ရတဲ့ ဂျင်းဘောင်းဘီအရေအတွက်ပဲဖြစ်ပါတယ်။

၇ ဆိုတဲ့နံပါတ်က ဖော်ပြနေတဲ့အကြောင်းအရာ

Source: stylecaster.com

ခုနှစ်ဆိုတဲ့ နံပါတ်နဲ့ပတ်သက်တဲ့စိတ်ဝင်စားစရာအချက်ကတော့ အမျိုးသမီးတွေဆီမှာ ယေဘုယျအားဖြင့် ဂျင်းဘောင်းဘီ ၇ စုံ အနည်းဆုံးရှိကြတယ်လို့ လေ့လာတွေ့ရှိခဲ့ရပါတယ်။

၂၀၀၁

အမေရိကန်ပြည်ထောင်စုရဲ့ ၄၃ ယောက်မြောက် သမ္မတတစ်ယောက်ဖြစ်တဲ့ George W.Bush က အိမ်ဖြူတော်အတွင်းရှိ Oval Office မှာ မဝတ်ဆင်ရဘူးလို့ ၂၀၀၁ ခုနှစ်မှာ ကြေငြာချက်ထုတ်ပြန်ခဲ့ပါတယ်။

Waist Overalls

Source: thetrendspotter.net

Jeans လို့ ယနေ့အမည်ခေါ်တွင်တဲ့အရာကို စစချင်း အမည်ခေါ်တွင်ခဲ့ကြတာကတော့ Waist Overalls ပါ။ နောက်ပိုင်းမှသာ Jeans ဆိုပြီး ပြောင်းလဲခေါ်တွင်ခဲ့ကြတာပါ။

၆ လ

Source: smarthomekeeping.com

ဂျင်းဘောင်းဘီတွေကို ဝယ်ယူပြီး ၆ လခန့်ကြာမှ လျှော်ဖွတ်သင့်တယ်လို့ ပြောထားကြပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ခဏခဏလျှော်တဲ့အခါ ဂျင်းဘောင်းဘီပုံပျက်သွားမှာကြောင့်ရယ်၊ အရောင်ပြယ်ပြီး မြန်မြန်ဟောင်းနွမ်းသွားမှာစိုးလို့ပါ။ လျှော်ဖွတ်တဲ့အခါမှာလည်း အရောင်မပြယ်ဖို့ရန်အတွက် ဂျင်းဘောင်းဘီကို ပြောင်းပြန်လှန်ပြီးမှ လျှော်ပေးရပါမယ်။

ဆိုင်မှာ ဂျင်းဘောင်းဘီ ဝယ်ယူတဲ့အခါ

Source: globalblue.com

စမ်းဝတ်ကြည့်တာ အကောင်းဆုံးပါပဲ။ စမ်းဝတ်ကြည့်ဖို့ အချိန်မရဘူးဆိုရင် ဂျင်းဘောင်းဘီရဲ့ ခါးနေရာကို လည်ပင်းမှာ ပတ်ကြည့်ပါ။ မကျပ်လွန်း၊ မချောင်းလွန်းဘဲ ကွက်တိကျတယ်ဆိုရင်တော့ သင့်ခါးဆိုဒ်နဲ့ ကွက်တိကျနေမှာပဲဖြစ်ပါတယ်။