ပုရိသတို့အားလုံးပဲ မင်္ဂလာပါ။ ထိပ်ပြောင်တယ်ဆိုတာဟာ ကိုယ်ဘယ်လိုမှ မထိန်းချုပ်နိုင်တဲ့ အရာတစ်ခုပါ။ စိတ်ဖိစီးမှုတွေ၊ စိတ်ညစ်စရာတွေများတာကြောင့် ဒါမှမဟုတ် ကျန်းမာရေးအခြေအနေတွေကြောင့် ထိပ်ပြောင်တာဖြစ်လာတတ်ပါတယ်။

ဒါကြောင့် ဒီလိုထိပ်ပြောင်မလာခင်မှာ ကြိုတင်ကာကွယ်ဖို့အတွက် အသုံးဝင်မယ့် ရနံ့အဆီများကို ဖော်ပြပေးချင်ပါတယ်။

၁။ Rosemary ရနံ့အဆီ

Source: pevonia.co.uk

မွှေးရနံ့သင်းပျံ့တဲ့ Rosemary ရနံ့အဆီဟာ ထိပ်ပြောင်တာကို ကာကွယ်ပေးနိုင်သလို ဦးရေပြားယားယံခြင်းကိုလည်း သက်သာစေပါတယ်။

၂။ လာဗန်ဒါရနံ့အဆီ

Source: UpNature

Antimicrobial အစွမ်းသတ္တိတွေပါဝင်တာကြောင့် ဆံပင်အရှည်မြန်ဖို့အတွက်ကူညီပေးကာ ဗောက်ထခြင်း၊ ဦးရေပြားယားယံခြင်းတို့လို ပြဿနာများကို ဖြေရှင်းပေးနိုင်ပါတယ်။

၃။ ပက်ပါမင့်ရနံ့အဆီ

Source: UpNature

ပက်ပါမင့်အဆီကို လိမ်းပေးခြင်းဟာ သွေးလေလည်ပတ်မှုအားကို တိုးတက်စေပြီး ဆံပင်အရှည်ကိုလည်း မြန်ဆန်လာစေပါတယ်။

၎။ စမုန်ဖြူရနံ့အဆီ

Source: Medical News Today

စမုန်ဖြူရနံ့အဆီကို အသုံးပြုပြီး ဦးရေပြားပေါ်မှာ နှိပ်နယ်ပေးခြင်းဟာ သွေးလေလည်ပတ်မှုကို ကောင်းမွန်စေတာကြောင့် ဆံပင်အရှည်နှုန်းကိုလည်း တိုးတက်စေပါတယ်။ ဒါ့အပြင် ဦးရေပြားပေါ်ရှိ အညစ်အကြေးတွေကိုလည်း ဖယ်ရှားပေးပါတယ်။

၅။ စပါးလင်ရနံ့အဆီ

Source: UpNature

အစွမ်းထက်တဲ့ စပါးလင်ရနံ့အဆီက ဆံကေသာကို အရောင်စိုပြေစေပြီး ထူထဲနက်နဲစေကာ ဆံပင်အရင်းကိုလည်း သန်မာစေပါတယ်။