ချစ် တဲ့အကြောင်းတွေကို လူတွေဟာ အရင်ကတည်းက နည်းအမျိုးမျိုးနဲ့ ပြသလာခဲ့တာပါ။ အခုလို အွန်လိုင်းပေါ်က ဒီဂျစ်တယ်ခေတ်ကြီး ရောက်တော့လည်း ပုံစံသစ်နဲ့ ချစ်ခြင်းကို ဖော်ပြရတာပါပဲ။ ချစ်တတ်တဲ့ ကွီးတို့အတွက် ဒီဂျစ်တယ်ခေတ်မှာ ဘယ်လို ‘ရို’ လို့ရမလဲ ဆိုတာနဲ့ ပတ်သက်ပြီး အကြံလေးတချို့ ပေးချင်ပါတယ်။
(၁) ခေတ်ဟောင်းနည်းလမ်းတွေ သုံးပါ
Photo : Freepik
တစ်ခါတလေ အချစ်ဆိုတာ ရိုးမသွားအောင် လုပ်ရတဲ့ ပုံစံတစ်မျိုးလည်း ဖြစ်တတ်ပါတယ်။ ရိုးရှင်းလှတဲ့ ပို့စကတ်နဲ့အမှတ်တရ လက်ဆောင်လေးတွေကို တစ်နေရာရာကနေ ခေတ်ဟောင်းထုပ်ပိုးမှုကိုမှ ပုံစံသစ်နဲ့ ပို့ပြီး ကိုယ့်ချစ်သူကို အံ့အားသင့်စေတာမျိုး ၊ ဒါမှမဟုတ်လည်း အွန်လိုင်းပေါ်ကနေ ဖြစ်ဖြစ် သူမရှေ့မှာ ဖြစ်ဖြစ် ဂစ်တာတီးပြီး သီချင်းဆိုပြတာမျိုး ၊ ကိုယ်ပိုင်ခံစားချက်နဲ့ သူမအတွက် အမှတ်တရကဗျာတစ်ပုဒ် ရေးပြီး ကိုယ်တိုင်ဖတ်ပြတာမျိုးလေးတွေ ပြန်လုပ်ကြည့်နိုင်ပါတယ်။
(၂) ဂိမ်းအတူ ဆော့ပေးပါ
Photo : Freepik
ဗွီဒီယိုဂိမ်းအတူကစားတာကလည်း ချစ်သူနှစ်ဦးအကြား ပိုပြီး ပျော်ရွှင် ၊ ကျန်းမာပြီး ရင်းနှီးမှု ပိုတိုးစေပါတယ်။ စွန့်စားမှုပါတဲ့ ဂိမ်းမျိုး ဖြစ်ဖြစ် ဉာဏ်စမ်းဂိမ်းတွေဖြစ်ဖြစ် ကစားတာမျိုး လုပ်နိုင်ပါတယ်။ ဂိမ်းဝါသနာပါတဲ့ကောင်မလေးနဲ့ ရည်းစားဖြစ်ရင် ဒီနည်းက အသုံးတည့်ပါတယ်။
(၃) ဟင်းအတူတူချက်စားပါ
Photo : Freepik
တစ်လမှာ တစ်ကြိမ် နှစ်ကြိမ်လောက်တော့ ကိုယ့်ကောင်မလေးနဲ့ ညစာအတူ ချက်ပြုတ်စားတာမျိုး လုပ်ကြည့်ဖို့လည်း အကြံပေးချင်ပါတယ်။ ထူးထူးဆန်းဆန်း ဟင်းလျာသစ်တစ်မျိုးကို အတူစမ်းချက်ပြုတ်ကြည့်တာမျိုးကလည်း စွန့်စားခန်းတစ်ခုလိုပါပဲ။
(၄) ဝါသနာတစ်ခု အတူတူ လက်တွေ့လုပ်ကြည့်ပါ
Photo : Freepik
ကိုယ့်ကောင်မလေးနဲ့ ကိုယ့်အကြားမှာ တူညီတဲ့ ဝါသနာလေးတွေ ရှိထားရင်လည်း အများကြီး အဆင်ပြေပါတယ်။ တစ်ခုခုကို အတူတူ စိတ်နှစ်ပြီး အသစ်အဆန်းပေါ် ပုံဖော်ဖန်တီးတာဟာ နှစ်ယောက်သားအတွက် စိတ်လှုပ်ရှားစရာလည်း ဖြစ်ပါတယ်။ ဥပမာ- အွန်လိုင်းကာရာအိုကေ App တစ်ခုကို သုံးပြီး သီချင်းတစ်ပုဒ်ကို အတူတူ သီဆိုကြတာမျိုး ၊ အတူတူ ဂီတသင်တန်းတစ်ခုခု တက်တာ ၊ Gym ကစားတာမျိုး ဖြစ်ပါတယ်။
(၅) အမှတ်တရခရီးလေးတွေအတွက် အစီအစဉ် ချထားပါ
Photo : Freepik
Romantic Moments တွေအတွက် အကောင်းဆုံးက အတူခရီးထွက်တာပါပဲ။ တစ်နှစ်မှာ တစ်ခါလောက် အတူခရီးထွက်နိုင်မယ့်ရက်တစ်ခုခု သတ်မှတ်ပြီး အစီအစဉ်ဆွဲကြည့်ဖို့လည်း ပြောချင်ပါတယ်။
Featured Photo : lovepanky