ပူလောင်ခြောက်သွေ့ပြီး ချွေးသံတရွှဲရွှဲနဲ့ နေရခက်တဲ့ နွေရာသီဟာ အသားအရေပျက်စီးမှု အများဆုံး ကြုံတဲ့ ရာသီလည်း ဖြစ်ပါတယ်။ တသောသော ထနေတဲ့ ဖုန်တွေ ၊ ချွေးနဲ့ နေရောင်ဟာ သင့်ရဲ့ ပုံပန်းသွင်ပြင်ကို တရိရိ ပွတ်တိုက်ဖျက်ဆီးတော့မှာ ဖြစ်လို့ အသားအရေ နေလောင် ပျက်စီးမှုတွေ သက်သာအောင် ထိန်းသိမ်းဖို့ လိုပါတယ်။
(၁) Sunscreen သုံးပါ
Photo: Freepik
နေရောင်အောက်မှာ သွားလာနေရသူဟာ နှစ်နာရီကြာတိုင်း နေလောင်ခံ Sunscreen လိမ်းပေးသင့်ပါတယ်။ UVA နဲ့ UVB ရောင်ခြည် နှစ်မျိုးစလုံးက ကာကွယ်ပေးနိုင်တဲ့ နေလောင်ခံလိမ်းဆေး သုံးသင့်ပါတယ်။ SPF 30 နဲ့ အထက် Sunscreen တိုင်းက နွေရာသီမှာ ပုံမှန်သုံးသင့်တဲ့ အလှကုန်တွေပါ။
(၂) Toner
Photo: A Best Fashion
ရေချိုးပြီးတိုင်းမှာ Tona တစ်စက်နှစ်စက်လောက်ကို ဂွမ်းဖတ်ပေါ် လောင်းချပြီး မျက်နှာကို ပွတ်ပေးသင့်ပါတယ်။ ဒါဆို မျက်နှာပေါ်က မလိုအပ်တဲ့ အဆီပြန်မှုတွေ ၊ အညစ်အကြေး နဲ့ မျက်နှာကြမ်းတမ်းမှုတွေ ဖယ်ရှားသန့်စင်ပေးသွားမှာပါ။
နွေရာသီမှာ မနက်ခင်း မျက်နှာသစ်ပြီးတိုင်း သုံးပေးမယ်ဆို ပိုပြီး ထိရောက်မှာ ဖြစ်သလို အလုပ်မှာ တစ်နေကုန် ရောက်နေချိန်မှာလည်း တစ်ခါတည်း အသားအရေ ထိန်းသိမ်းပြီး ဖြစ်နေမှာပါ။
(၃) Mint ပါတဲ့ အလှကုန်
Photo: Freepik
ရေချိုး ဆပ်ပြာ ၊ ခေါင်းလျှော်ရည်တွေကို ပရုပ်ပါတဲ့ ထုတ်ကုန်သုံးမယ်ဆိုရင် လန်းဆန်းအေးမြတဲ့ ခံစားမှုကို ရနေမှာ ဖြစ်သလို ချွေးထွက်များတဲ့ ရာသီမှာ ပေါ့ပါးသွက်လက်နေမှာပါ။ Herbal Mint ပါတဲ့ Toner ၊ Peppermint ဆပ်ပြာနဲ့ ခေါင်းလျှော်ရည် သုံးနိုင်ပါတယ်။
(၄) Deodorant
Photo: Fashion Beans
ချွေးသိပ်မထွက်ပါဘူးဆိုတဲ့သူတောင် နွေရာသီမှာ ကိုယ်ခန္ဓာကနေ ချွေးနံ့ဆိုး မထွက်စေဖို့ Deodorant လိမ်းပေးဖို့လိုပါတယ်။ ချွေးနံ့ပျောက်ဆေးဝယ်မယ်ဆိုရင် alcohol မပါဘဲ အနံ့သိပ်မပြင်းတဲ့ ထုတ်ကုန်မျိုး ပိုရွေးဖို့ အကြံပေးချင်ပါတယ်။