အမျိုးသားတစ်ယောက်အတွက် စိတ်ဓာတ်ဖွံ့ဖြိုးတိုးတက်မှုက အရေးကြီးတဲ့ အချက်ဖြစ်ပါတယ်။ စိတ်ဓာတ်ခိုင်မာရမယ်၊ စိတ်ဓာတ်မာကျောရမယ်၊ အခက်အခဲမှန်သမျှကို အကောင်းဆုံး ရင်ဆိုင်ကျော်လွှားနိုင်ရမယ်။ ဒီအတွက် အမျိုးသားတစ်ယောက်ရဲ့ စိတ်ဓာတ်ကကျန်းမာနေဖို့ လိုအပ်ပါတယ်။

အမျိုးသားတွေဟာ အားငယ်တတ်သလား

Source: PhalloGauge

စိတ်ဓာတ်ကျအားငယ်ခြင်းက အမျိုးသမီးတွေမှာပဲ ဖြစ်တတ်တဲ့ သဘောတရားမဟုတ်ပါဘူး။ အမျိုးသားများဟာလည်း အချိန်မရွေးစိတ်ဓာတ်ကျတတ်ကြပါတယ်။

ယောကျ်ားသားဆိုပြီး ဟန်ဆောင်ဖုံးကွယ်ဖို့ လိုအပ်သလား။

Source: boundless.org

အမျိုးသားတွေဟာ စိတ်ဓာတ်ပျော့ညံ့သူတစ်ယောက်အဖြစ် အမြင်ခံရမှာကို များသောအားဖြင့် မလိုလားတတ်ကြပါဘူး။ ဘယ်လိုအခက်အခဲတွေပဲရှိနေပါစေ၊ စိတ်ဓာတ်ခိုင်မာသူတစ်ယောက်အဖြစ် ရပ်တည်ချင်ကြတာလည်း အမျိုးသားတိုင်းရဲ့မာန်ဖြစ်ပါတယ်။ ဒါပေမယ့် တခါတရံမှာ အားငယ်တတ်တာကိုတော့ ဟန်ဆောင်ဖုံးကွယ်မထားပဲ ကိုယ်ယုံကြည်ရတဲ့သူတွေရဲ့ အားပေးနှစ်သိမ့်မှုကို ခံယူသင့်ပါတယ်။

စိတ်မကောင်းဖြစ်ရင် ဘယ်လိုဖြေဖျောက်မလဲ။

Source: JLL Fitness Blog

ခက်ခဲလှတဲ့လောကကြီးမှာ အမျိုးသားတစ်ယောက်ရဲ့အခန်းကဏ္ဍဟာ မလွယ်ကူလှပါဘူး။ လောကဓံတွေကြောင့် စိတ်နေမကောင်းဖြစ်ခဲ့ရင် အကောင်းဆုံးကုသပေးဖို့ လိုအပ်ပါတယ်။ ကိုယ့်ကိုတန်ဖိုးထားသူတွေဆီသွားပါ။ စိတ်ပျော်စေမယ့် နည်းလမ်းတွေကို ကျင့်သုံးပါ။ ကိုယ်လက်လေ့ကျင့်ခန်းတွေ လုပ်ဆောင်ပါ။ မကြာခင် စိတ်ဓာတ်ခွန်အားတွေ ပြန်တက်လာပါလိမ့်မယ်။