မကြာခဏ ခြင်အကိုက်ခံရလို့ စိတ်ညစ်နေပါသလား။ ညဘက်အိပ်တဲ့အခါမှာလည်း အိပ်မက်ဆိုးတွေ မက်ရလွန်းလို့ စိတ်ညစ်နေပါသလား။ သင် ထိုကဲ့သို့ ကြုံတွေ့နေရခြင်းက အခုဖော်ပြပေးမယ့်အချက်များကို မသိသေးလို့ပဲဖြစ်ပါတယ်။ အခုဖော်ပြပေးမယ့်အချက်များကို သိပြီးသွားတဲ့နောက်မှာတော့ သင့်ရဲ့နေ့စဉ်ဘဝသည် ပိုမိုလွယ်ကူသွားပါလိမ့်မယ်။

ခြင်ကိုက်မခံရဖို့အတွက် ဘာအရောင်ဝတ်ကြမလဲ

tips for men that is useful for daily life

ခြင်ကိုက်ခံရမှာပေါ့ အမဲရောင် ဝတ်တာကိုးဆိုပြီး ငယ်ငယ်က လူကြီးတွေထံမှ အဆူခံရတာကို ကြားဖူးနားဝရှိကြပါလိမ့်မယ်။ လေ့လာတွေ့ရှိချက်အရ ခြင်တွေသည် အပူစုပ်ယူမှုကောင်းတဲ့ အနက်ရောင်အပြင် အခြားသော အရောင်ရင့်ရင့်များကို ကြိုက်နှစ်သက်ကြပါတယ်။

သင့်အနေနဲ့ ခြင်ကိုက်မခံချင်ဘူးဆိုရင်တော့ အရောင်နုပြီး အေးတဲ့အဝတ်အစားများကို ဝတ်ဆင်သင့်ပါတယ်။

အိပ်မက်ဆိုးမမက်အောင် ဘယ်လိုလုပ်ရမလဲ

tips for men that is useful for daily life

ညအိပ်ရာဝင်ခါနီးမှ အစား စားခြင်းသည် အိပ်မက်ဆိုးများကို မက်စေပါတယ်။ ဒါ့အပြင် နောက်ထပ်လေ့လာချက်တစ်ခုအရ အိပ်ခါနီးမှာ နို့နှင့်နို့ထွက်ပစ္စည်းများ စားသုံးပါကလည်း ထူးဆန်းပြီး ကြောက်မက်ဖွယ်ရာကောင်းသောအိပ်မက်များ မက်တတ်ကြောင်း သိရှိနိုင်ပါတယ်။

လူသားတစ်ယောက်ရဲ့ဦးနှောက်သည် ၂.၅ မီလီယမ် ဂစ်ဂါဘိုက်အထိ သိုလှောင်ထားနိုင်ပါတယ်

tips for men that is useful for daily life

ဦးနှောက်အာရုံကြောဆဲလ်များသည် ခန္ဓာကိုယ်အစိတ်အပိုင်းများနှင့် ဆက်စပ်နေပြီး ခန္ဓာကိုယ်အစိတ်အပိုင်းများကို အလုပ်ခိုင်းစေဖို့ရန်အတွက် မှတ်ဉာဏ်များ သိုလှောင်ထားဖို့ရန်အတွက် အလုပ်လုပ်ရပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ဦးနှောက်ကို သနားရင် ဒီ့ထက်ပိုပြီး မှတ်ဉာဏ်ကောင်းချင်တယ်ဆိုရင်တော့ ညဘက်ကို စောစောအိပ်ရာဝင်ဖို့တော့လိုပါလိမ့်မယ်။

စမတ်ဖုန်းများသည် သန့်စင်ခန်းထက်အောင် ပိုပြီးညစ်ပတ်နေပါတယ်

tips for men that is useful for daily life

ဟုတ်ပါတယ်။ ကျွန်တော်တို့နေ့စဉ်မပြတ် အသုံးပြုနေတဲ့ စမတ်ဖုန်းသည် ဘက်တီးရီးယားများစွာ ခိုကပ်နေပါတယ်။ ဒီအချက်သည် အလယ်တန်းကျောင်းသားများရဲ့စမတ်မဖုန်းကို လေ့လာကြည့်ပြီးတဲ့နောက်မှာ ပြောကြားထားတာပဲဖြစ်ပါတယ်။ စမတ်ဖုန်းများသည် ဘိုထိုင်အိမ်သာခွက်ထက် ၁၀ ဆ ပိုညစ်ပတ်တယ်လို့ သိပ္ပံပညာရှင်များက ထပ်မံပြောကြားထားပါတယ်။

မျက်လုံးမှိတ်ထားခြင်းသည် မှတ်ဉာဏ်ကောင်းစေတယ်

tips for men that is useful for daily life

မျက်လုံးမှိတ်ထားခြင်းသည် မေ့သွားသော မှတ်ဉာဏ်ကို ပြန်လည်တူးဆွနိုင်ပါတယ်။ သုတေသနစမ်းသပ်ချက်အရ ပုံပြင်တိုတစ်ပုဒ် နားထောင်ပြီးနောက်မှာ ၁၅ မိနစ်ခန့် မျက်စိမှိတ်ထားခြင်းသည် ထိုပုံပြင်ကို ကောင်းစွာမှတ်မိနိုင်အောင် ကူညီပေးတယ်လို့ သိရှိရပါတယ်။ ဒါ့အပြင် ရာဇဝတ်မှုတစ်ခုရဲ့အခင်းဖြစ်ပွားရာ မျက်မြင်သက်သေသည် မျက်လုံးမှိတ်ထားပြီး မှတ်ဉာဏ်များကို ပြန်လည်တူးဆွခြင်းက ပိုမိုတိကျစွာမှတ်မိစေနိုင်တယ်လို့လည်း သိရပါတယ်။ နောက်ဆိုရင် တစ်ခုခုမေ့သွားတဲ့အခါ မျက်လုံးမှိတ်ပြီး စဉ်းစားလိုက်ပါ။

မျက်တောင်ခတ်လိုက်တဲ့အချိန်သည် ဦးနှောက်ကို အနားရစေပါတယ်

tips for men that is useful for daily life

သင်သည် တစ်မိနစ်လျှင် ဘယ်နှကြိမ်လောက် မျက်တောင်ခတ်ဖြစ်ပါသလဲ။ တိုတောင်းလှတဲ့ မျက်တောင်တစ်ဖျက်အချိန်ကလေးသည် သင့်ရဲ့ဦးနှောက်ကို ကောင်းကောင်းအနားရစေပါတယ်။ မျက်တောင်ဖွင့်ပြီး ပြန်ဖွင့်လိုက်တဲ့အခါ ကိုယ်အာရုံစိုက်ရမယ့်အရာကို ပိုမိုအာရုံစိုက်နိုင်အောင် ကူညီပေးပါတယ်။

ဒါ့ကြောင့်လည်း အာရုံစူးစိုက်ရမယ့်အလုပ်၊ စိတ်ပင်ပန်းတဲ့အလုပ်များ လုပ်ရတဲ့အခါ မျက်တောင်များများ ခတ်ဖြစ်နေတာဖြစ်ပါတယ်။ သင့်မှာ စိတ်ဖိစီးမှုများလေ သင် မျက်တောင်ခတ်တဲ့နှုန်းက များလေပါပဲ။

Source: Brightside.me

Featured Image Source: Datingsidekick.com