အလုပ်တစ်ခုကို ကိုယ့်ငွေအရင်းအနှီးနဲ့ စပြီး လုပ်တော့မယ်ဆိုရင် အများကြီး သတိထားရပါတယ်။ ဝန်ထမ်းဘဝမှာ သူများအလုပ်လုပ်ရင်း လကုန်ရင် လစာလေးယူပြီး မျှောလိုက်နေလို့ရပေမယ့် ကိုယ်တိုင် လုပ်ငန်းရှင် ဖြစ်လာရင်တော့ ကိုယ့်လုပ်ငန်း တိုးတက်အောင် ၊ မကျရှုံးအောင် နဲ့ အဓွန့်ရှည် တည်တံ့ဖို့အတွက် အစီအစဉ်တွေ အများကြီးလိုသလို မဖြစ်မနေ လုပ်ရမယ့် အချက်တွေလည်း ရှိနေပါတယ်။

(၁) လုပ်ငန်း အမြန်မချဲ့ပါနဲ့

Photo: Unsplash

လုပ်ငန်းရှင်တိုင်းရဲ့ အနာဂါတ် မျှော်လင့်ချက်ဟာ မိုးမျှော်တိုက်တစ်လုံးလို အမြင့်ကြီး။ သူ့စိတ်ကူးထဲက သူ့ကုမ္ပဏီ ၊ သူ့လုပ်ငန်းရဲ့ အလာအလာနဲ့ ရှေ့ရေးဟာ အကြီးကြီး ဖြစ်ပါလိမ့်မယ်။ ကိုယ့်မျှော်လင့်ချက်တွေ အစီအစဉ်တွေက အဝေးကြီးကို သွားမှာဆိုရင် ငွေကြေး စီမံမှု ၊ လုပ်ငန်း ချဲ့ထွင်တည်ဆောက်မှုကို ဖြည်းဖြည်းချင်းသွားသင့်ပါတယ်။

(၂) ဈေးကွက်ကို နားလည်ပါ

Photo: Pexels

ဈေးကွက်ဆိုတာ သင့်ပိုက်ဆံအိတ်ကို ဖောင်းလာစေမယ့် အရာ ဖြစ်သလို သင့်အိတ်ကပ်ထဲက အရာအားလုံးလည်း ဆွဲထုတ်သွားနိုင်တဲ့ အရာပါ။ ကိုယ့်လုပ်ငန်းက ထုတ်လုပ်မှု ထုတ်ကုန်နဲ့ ဝန်ဆောင်မှုအတွက် ဘယ်လို ဈေးကွက်ကို ပစ်မှတ်ထားသလဲ။ ဒီဝန်ဆောင်မှုဟာ ဒီဈေးကွက်နဲ့ အံ့ဝင်ရဲ့လား ။ ဘယ်လိုမျိုး ဈေးကွက်ထိုးဖောက်တဲ့ နည်းဗျူဟာတွေ သုံးရမလဲဆိုတာ အသေးစိတ် လေ့လာနေဖို့ လိုပါတယ်။

(၃) ပညာရှင်တွေရဲ့ အကူအညီ ယူပါ

Photo: Pexels

ကိုယ်ဖြန့်ချိလိုက်မယ့် ဈေးကွက်သစ်ကို နားလည်ဖို့အလွယ်ဆုံးနည်းက ဒေသခံ ဝန်ထမ်းတွေ ငှားတာပဲ ဖြစ်ပါတယ်။ ဈေးကွက်ကို ပါးပါးနပ်နပ် ထိုးဖောက်ဖို့ဆိုရင် ဝန်ထမ်းကောင်းတွေ ငှားရသလို ပညာရှင်တွေဆီကလည်း အကူအညီ ယူရမှာပါ။

(၄) Brand တည်ဆောက်ပါ

Photo: Unsplash

သင်ဟာ ဘာလဲဆိုတာ လူတွေ သိအောင် အရင်လုပ်ပါ။ Brand ဆိုတာ သင့်ရဲ့ တန်ဖိုးဖြစ်သလို သင့်အပေါ် ဖောက်သည်တွေ ယုံကြည်မှု ရှိစေအောင် လုပ်ပေးမယ့် အသွင်လက္ခဏာတစ်ခုလည်း ဖြစ်ပါတယ်။