အားကစားလုပ်ရာမှာလည်း အသုံးအဆောင်ပစ္စည်းတွေက အများကြီး အထောက်အကူပြုပါတယ်။ အားကစားလုပ်တယ်ဆိုတာ တစ်ကိုယ်လုံး လှုပ်ရှားရတာ ဖြစ်လို့ လှုပ်ရှားမှုကို သွက်လက်လွယ်ကူပြီး သက်တောင့်သက်သာရှိစေတဲ့ ပစ္စည်းလေးတွေ သုံးဖို့ လိုပါတယ်။ ဒါမှသာ Workout ကို အထိရောက်ဆုံး လုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒီတော့ အားကစားလုပ်မယ့် အမျိုးသားတွေအနေနဲ့ ဘယ်လိုပစ္စည်းလေးတွေ မရှိမဖြစ် လိုသလဲဆိုတာလေး ပြောပြချင်ပါတယ်။
(၁) မှန်ကန်တဲ့ ဖိနပ်

Photo: gentlemanwithin
အားကစားလုပ်မယ်ဆိုရင် ဖိနပ်အရွေးမှန်ဖို့ လိုပါတယ်။ Treadmill လို ပြေးစက်ပေါ် ပြေးမယ်ဆိုရင် အပြေးစီးဖိနပ်တွေ လိုပါတယ်။ အပြေးစီးဖိနပ်တွေက ခြေကျင်းဝတ် ၊ ခြေချောင်းနဲ့ ခြေဖဝါးပြင်ပေါ် အားသက်ရောက်မှုနဲ့ လှုပ်ရှားမှုကို အထောက်အပံ့ပေးလို့ ဖြစ်ပါတယ်။ ချုံ့ပြောရရင် ခြေဖဝါးပေါ် ဆက်တိုက်ကြုံလာမယ့်ဖိအားတွေကို သက်သာအောင် ထိန်းပေးထားနိုင်လို့ပါ။ ရိုးရိုးဖိနပ်နဲ့ ပြေးရင် ခြေထောက်နဲ့ ဒူးတွေ နာပြီး အရိုးအဆစ်နဲ့ ကြွက်သားတွေ ဒဏ်ပါ ဖြစ်လာနိုင်ပါတယ်။
(၂) ချွေးစုပ်နိုင်တဲ့ ရှပ်အင်္ကျီ

Photo: gentlemanwithin
အစိုဓါတ်ကို စုပ်ယူနိုင်တဲ့ T-Shirt တွေကလည်း အားကစားသမားတွေ မရှိမဖြစ် လိုတဲ့အသုံးအဆောင်ထဲမှာ ပါပါတယ်။ ရိုးရိုးတီရှပ်တွေက ချည်ပေါ် လိုက်ပြီး ချွေးပိုထွက်တာ ၊ လူမြင်မကောင်းအောင် ချွေးကွက်တွေ စွန်းထင်းတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ချွေးစုပ်နိုင်တဲ့ တီရှပ်တွေက ချွေးနံ့နဲ့ ချွေးအစိုဓါတ်ကို ဖယ်ရှားဖို့ အထူးထုတ်ထားတာ ဖြစ်လို့ လျှော်ရဖွပ်ရချိန်မှာလည်း အလုပ်မများတော့ပါဘူး။
(၃) အောက်ခံဘောင်းဘီ

Photo: gentlemanwithin
Compression Shorts တွေဟာ အားကစားဘောင်းဘီအောက်မှာ ဝတ်ရတဲ့ ဘောင်းဘီတွေ ဖြစ်ပြီး ခြေထောက်သွေးစီးဆင်းမှုကို ပိုကောင်းမွန်အောင်နဲ့ ဒဏ်တွေကနေ နလန်ထမြန်ဖို့အတွက် ထုတ်ထားတာပါ။ အားကစားလုပ်ရာမှာလည်း Compression Shorts တွေက ပံ့ပိုးမှု ရှိပါတယ်။ ဒါကြောင့်ပဲ အပြေးသမားတွေ ၊ စက်ဘီးစီးသူတွေနဲ့ ဝိတ်အကြီးကြီး တင်,မ တဲ့ Powerlifters တွေ လေ့ကျင့်ခန်း Training ဆင်းရင်း ဝတ်စေရာမှာ အားပိုစိုက်နိုင်စွမ်း တက်လာတယ်လို့ ဆိုပါတယ်။
(၄) အားကစားလက်အိတ်

Photo: gentlemanwithin
အားကစားလုပ်ရာမှာ ဝတ်ဆင်လေ့ရှိတဲ့ Workout Gloves တွေဟာ အတော်လေး အသုံးဝင်တဲ့ အသုံးအဆောင်တစ်ခု ဖြစ်ပါတယ်။ Heavy Deadlifts တွေ မ,ရာမှာ Workout Gloves တွေ မဝတ်ဘဲ မ,ရင် လက်တွေ စုတ်ပြတ်ကုန်မှာပါ။ တခြား Workout တွေ ဖြစ်တဲ့ Pullups ဆွဲတာ ၊ Chinups ကစားတာတွေလည်း ဒီလို လက်အိတ်လေးတွေ သုံးပေးဖို့ လိုပါတယ်။
(၅) နားကြပ်

Photo: gentlemanwithin
ဂီတဟာ သင့်ရဲ့ အားကစားလှုပ်ရှားမှုကို ပိုပြီး ထိရောက်ကောင်းမွန်အောင် ကူညီပေးနိုင်စွမ်းရှိပါတယ်။ သီချင်းနားထောင်ရင်း အားကစားလုပ်ခြင်းဟာ ပြေးစက်ပေါ် ပိုပြီး မြန်မြန်နဲ့ ကြာကြာ ပြေးနိုင်ကြောင်း သုတေသနတွေက ဖော်ထုတ်တွေ့ရှိထားပါတယ်။ ဒါကြောင့် သီချင်းနားထောင်ရင်း အားကစားလုပ်ဖို့ Headphone ကောင်းကောင်းလေး တစ်ခုတော့ ဆောင်ထားသင့်ပါတယ်။
Featured Image Photo: muscleandfitness
