Relationship တခုကိုတည်ဆောက်ဖို့ဆိုတာမလွယ်လှပါဘူး။ တည်ဆောက်ပြီး ထိန်းသိမ်းဖို့က ပိုပြီးခက်ခဲပါသေးတယ်။ အထူးသဖြင့် အခုမှ စပြီးတွဲဖူးတဲ့ စုံတွဲတွေမှာ ပိုပြီး အခတ်အခဲတွေကြုံရတတ်ပါတယ်။ဒီအတွက် စိတ်မပူပါနဲ့။ ဒီနေ့တော့ ကျန်းမာတဲ့ Relationship တခုပိုင်ဆိုင်နိူင်ဖို့ သိထားသင့်တဲ့အရာလေးတွေကို ပြောပြပေးသွားမှာပါ။
ပထမ အရေးကြီးဆုံးအချက်ကတော့ တစ်ယောက်ကိုတစ်ယောက် လေးစားမှုရှိဖို့ပါပဲ။ လူတစ်ယောက်ရဲ့ဘဝမှာ ဒီအချက်ဟာ အရေးကြီးပါတယ်။ လေးစားမှုမရှိဘဲနဲ့ လူနှစ်ယောက်ပေါင်းဖက်ဖို့ ဆိုတာခတ်ခဲပါတယ်။

Source: Freepik
သင်က ဘယ်လောက်ဘဲ ချမ်းသာချမ်းသာ လေးစားဖွယ်မကောင်းတဲ့လူဆိုရင် ရှင်လျက်နဲ့သေနေတဲ့ လူနဲ့တူတူပါဘဲ။ Relationship မှာလည်းဒီလိုပါဘဲ။ တစ်ယောက်အပေါ်တစ်ယောက်လေးစားမှုမရှိဘူးဆိုရင် တွဲနေလျက်နဲ့သူစိမ်းတွေလို ဖြစ်နေမှာပါ။
အမြစ်မရှိတဲ့ အပင်ရှိတယ်ဆိုတာ ကြားဖူးကြပါသလား။ မရှိပါဘူး။ ဒီလိုဘဲ relationship တခုဟာလည်း ယုံကြည်မှုမရှိဘဲနဲ့ အကြာကြီး ခံလေ့မရှိပါဘူး။ ယုံကြည်မှုတည်ဆောက်ဖို့က အချိန်အများကြီးယူရပါတယ်။ ဒါပေမယ့် အနည်းငယ်သောနားလည်မှုလွဲခြင်း၊ အမှားလုပ်မိခြင်းတို့ကြောင့် လွယ်လွယ် ပျက်စီးနိူင်ပါတယ်။ လူတွေရဲ့နှလုံးသားကို ယုံကြည်မှုနဲ့ သိမ်းပိုက်နိူင်သလို ယုံကြည်မှုနဲ့ဘဲ ကွဲကြေသွားအောင်ပြုလုပ်နိူင်ကြတယ်။ သင့်ရဲ့ပါတနာက သင့်ဆီကနေ အများကြီးမမျှော်လင့်ပါဘူး။ ရိုးသားပြီး ယုံကြည်ရတဲ့လူ တစ်ယောက်ဖြစ်ဖို့ဘဲ မျှော်လင့်တာပါ။
ကားတွေ၊ လေယာဉ်တွေစီးပြီး ခရီးသွားတဲ့အခါမှာ ခရီးသည် လုံခြုံရေးအတွက် ထိုင်ခုံခါးပက်ပတ်ထားဖို့က အရေးကြီးပါတယ်။ ဒီလို ခရီးလေးသွားတာတောင်မှာ လုံခြုံးရေက အရေးကြီးတယ်ဆိုရင် တဘဝလုံး လက်တွဲသွားရမယ့် ပါတနာ ရဲ့လုံခြုံရေးက ဘယ်လောက်ထိ အရေးပါလဲဆိုတာ သိနိုင်ပါတယ်။
Relationship တခုတည်ဆောက်ဖို့ အခြေခံကျတဲ့ အချက်တွေထဲမှာ မိမိရဲ့ပါတနာ လုံခြုံရေးက အရေးကြီးတဲ့ အချက်တွေထဲမှာ ပါဝင်ပါတယ်။ သင့်ရဲ့ ပါတနာကို စိတ်ပိုင်းဆိုင်ရာအရရော ရုပ်ပိုင်းဆိုင်ရာအရပါ လုံခြုံမှုမပေးနိူင်ဘူးဆိုရင်တော့ သင်ဟာ သူမအတွက် ထိုက်တန်တဲ့သူမဟုတ်ဘူးဆိုတာ သိဖို့လိုအပ်ပါတယ်။

Source: Freepik
Relationship တခုမှာ အချစ်က အရေးပါတာ ပြောဖို့လိုမယ်မထင်ပါဘူး။ တကယ်ချစ်ကြတဲ့ စုံတွဲတွေမှာ ကတောက်ကဆ အနည်းငယ်တော့ရှိကြတယ်။ ကျန်းမာတဲ့ relationship တွေက အတားအဆီးတွေ များစွာ အခတ်အခဲတွေ များစွာကို ကျော်ဖြတ်ပြီး ပျော်ရွှင်မူတွေကို ရှာဖွေပြီး အဓိပ္ပာယ်ရှိရှိနေတတ်ကြတယ်။
Relationship တခုမှာ ငါဘာတွေလုပ်ရင် သူငါ့ကို မုန်းသွားမလဲလို့တွေးတာထက် ဘယ်လိုတွေလုပ်ပြီး အချစ်တွေတိုးအောင် လုပ်ကြမလဲဆိုတာကို ပိုပြီးအလေးပေးစဉ်းစားသင့်ပါတယ်။ အချစ်ဆိုတာ အလွန်သိမ်မွေ့တဲ့အရာတခုပါ။ ဒီသိမ်မွေ့တဲ့ အချစ်ကဘဲ လူပေါင်းများစွားကို ပျက်စီးစေနိူင်ပါတယ်။ ဒါကြောင့် အချစ်ဆိုတဲ့အရာကို သတိထားကိုင်တွယ်ဖို့ လိုအပ်ပါတယ်။
