ယူရို ၂၀၂၀ ပြိုင်ပွဲကျင်းပမည့်အချိန် ကို ကိုရိုနာဗိုင်းရပ်စ်ကြောင့် ၂၀၂၁ ခုနှစ်အထိ ရွှေ့ဆိုင်းလိုက်ပြီ ဖြစ်ကြောင်းသိရပါတယ်။
ဗိုင်းရပ်စ်ကြောင့် နိူင်ငံတွင်းပြိုင်ပွဲတွေသာမက ဥရောပ ချန်ပီယံလိဂ် ပြိုင်ပွဲတွေပါ ရက်အကန့်အသက်မရှိ ရပ်နားထားရပါတယ်။ တစ်ချို့ ပြည်တွင်းပြိုင်ပွဲတွေဟာ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီကို အဆုံးသက်ဖို့ ပြင်ဆင်နေပြီလို့လည်း သိရပါတယ်။
Source: Goal.com
UEFA ကတော့ ယူရို ၂၀၂၀ ပြိုင်ပွဲကို ၂၀၂၁ ခုနှစ် ဇွန်လ ၁၁ ရက်နေ့မှာသာ ကျင်းပဖြစ်တော့မည်ဖြစ်ကြောင်း တရားဝင်ကြေညာခဲ့ပါတယ်။ UEFA တာဝန်ရှိသူတွေဟာ ပြည်တွင်းပြိုင်ပွဲတွေ ကိုအတတ်နိူင်ဆုံး အငြင်းပွားဖွယ်မရှိအောင် အဆုံးသက်ဖို့ နည်းလမ်းတွေကို ရှာဖွေနေပါတယ်။
နိူင်ငံကူးပြီး ယှဉ်ပြိုင်ရတဲ့ ဥရောပ ချန်ပီယံရှစ် ပွဲစဉ်တွေကိုတော့ ၂၀၂၀ ခုနှစ် ဇန် ၁၂ ရက်နေ့မှာ ဆက်လတ် ယှဉ်ပြိုင်ကစားစေဖို့ လုပ်ဆောင်နေပါတယ်။
Source: The Top 10 News
ချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ်ကို ၂၀၂၀ ဇွန်လ မှာ ကျင်းပနိူင်ဖို့ မျှော်လင့်နေကြပါတယ်။ လောလောဆယ်တော့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပြိုင်ပွဲတွေတောင် ကျင်းပပြီးစီးခြင်းမရှိသေးပါဘူး။
Source: Daily Mirror
လက်ရှိတွင် ဥရောပထိပ်တန်းလိဂ်အားလုံးမှာ ဗိုင်းရပ်အန္တရာယ်ကြောင့် ရပ်ဆိုင်းထားပြီး ပြန်လည်ကျင်းပနိုင်မည့်အခြေအနေမှာလည်း မသေချာသည့်အနေအထားတွင် ရှိနေသည်။ ပရီးမီးယားလိဂ်နှင့် လာလီဂါပြိုင်ပွဲများကို အနည်းဆုံး ဧပြီလ (၃) ရက်အထိ ရွှေ့ဆိုင်းထားခဲ့ပြီး ဘွန်ဒစ်လီဂါပြိုင်ပွဲမှာမူ ဧပြီလ (၂) ရက်အထိ ရပ်ဆိုင်းထားကြောင်း တရားဝင်ကြေညာထားသည်။