မေလ ၂၆ ရက်နေ့ ပိုလန်နိုင်ငံမှာ ကျင်းပသွားမယ့် ယူရိုပါလိဂ်ဗိုလ်လုပွဲကို ပရိသတ် ၉၅၀၀ အထိ ကွင်းထဲမှာ လာရောက်ကြည့်ရှုနိုင်စေဖို့ ပိုလန်အာဏာပိုင်တွေဆီကနေ ခွင့်ပြုချက် ရရှိခဲ့ပြီလို့ ယူအီးအက်ဖ်အေက ပြောကြားခဲ့ပါတယ်။

ဗိုလ်လုပွဲကို ဂဒန့်မြို့က အီနာဂါကွင်းမှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ပရိသတ်ဝင်ဆံ့ဦးရေရဲ့ ၂၅ ရာခိုင်နှုန်းဖြစ်တဲ့ လက်မှတ် ၄၀၀၀ ကို ဗိုလ်လုပွဲယှဉ်ပြိုင်ကစားမယ့် အသင်း ၂ သင်းက ၂၀၀၀ စီ ခွဲတမ်းရရှိမှာဖြစ်ပြီး ကျန်တဲ့လက်မှတ်တွေကိုတော့ ဒေသတွင်းကော်မတီအဖွဲ့အစည်း၊ ယူအီးအက်ဖ်အေနဲ့ နိုင်ငံအဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ဖော်ကိုင်ဖက်တွေနဲ့ တိုက်ရိုက်ထုတ်လွှင့်မယ့်ရုပ်သံဌာနတွေက ရရှိမှာဖြစ်ပါတယ်။

Manchester United have one foot in the Europa League final

Photo: RTE News

“ပိုလန်အာဏာပိုင်တွေဟာ ဗိုလ်လုပွဲအတွက် ကွင်းအတွင်း ပရိသတ်ဝင်ဆံ့ဦးရေရဲ့ ၂၅ ရာခိုင်နှုန်းကို ခွင့်ပြုသွားမှာဖြစ်ပြီး ပရိသတ်ပေါင်း ၉၅၀၀ အထိ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်”

ပွဲလာရောက်ကြည့်ရှုသူတွေအနေနဲ့ ကိုဗစ်-၁၉ ရောဂါပိုး ကင်းရှင်းကြောင်း သို့မဟုတ် ကာကွယ်ဆေး ထိုးနှံထားပြီးဖြစ်ကြောင်း သက်သေတစ်ခုခု ပြသဖို့ လိုအပ်ကောင်း လိုအပ်နိုင်တယ်လို့ ယူအီးအက်ဖ်အေက ပြောကြားခဲ့ပါတယ်။

“ပိုလန်နိုင်ငံအပြင်ဘက်ကနေ လာရောက်အားပေးမယ့် ပရိသတ်တွေအနေနဲ့ နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှု ကန့်သတ်ချက်တွေနဲ့ ဗိုလ်လုပွဲ ကျင်းပချိန်မှာ လိုအပ်သလိုထုတ်ပြန်တဲ့ စည်းကမ်းတွေကိုလည်း လိုက်နာရမှာပါ။ လက်မှတ်ကိုင်ဆောင်ထားသူတွေအတွက် ကင်းလွတ်ခွင့် ပေးမှာမဟုတ်ပါဘူး”လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။

Europa league cup

Photo: Sportstar

မန်ချက်စတာယူနိုက်တက်အသင်းဟာ ကြာသပတေးနေ့မှာ ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်အဖြစ် ရိုးမားအသင်းနဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ပထမအကျော့မှာ ၆-၂ နဲ့ ဂိုးပြတ်အနိုင်ရရှိထားတာကြောင့် နောက်တဆင့် တက်ရောက်ဖို့ ကျိန်းသေသလောက်ဖြစ်နေပြီဖြစ်ပါတယ်။ ဗီလာရီးရဲလ်အသင်းကတော့ အိမ်ကွင်းမှာ အာဆင်နယ်ကို ၂-၁ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် အမ်းမရိတ်စ်ကို လာရောက်ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။