Marvel ရုပ်ရှင်ချစ်သူတွေကို MCU ထဲက အကောင်းဆုံးရုပ်ရှင်တွေအကြောင်း စာရင်းပေးပါဆိုရင် ပေးစရာစာရင်းတွေ များမယ် ထင်ပါတယ်။ ကိုယ့်အကြိုက်သူ့အကြိုက် ကွဲပြားမှုတွေ ရှိကြပေမယ့် MCU Fan တွေရင်ထဲ အခိုင်အမာစွဲကျန်နေပြီး အားလုံးအကြိုက်တူတဲ့ ဇာတ်ကားတွေလည်း ရှိမှာပါပဲ။

Marvel Cinematic Universe ရုပ်ရှင်တွေထဲမှာ အဦးဆုံး MCU Film ကတော့ ၂၀၀၈ ခုနှစ်က ထွက်ခဲ့တဲ့ iron Man ရုပ်ရှင်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း Marvel Studio ရဲ့ ပဉ္စမမြောက်ရုပ်ရှင်ဖြစ်တဲ့ ၂၀၁၁ ခုနှစ်ထွက် Captain America: The First Avenger ကတော့ အရေးပါတဲ့ရုပ်ရှင်အဖြစ် သတ်မှတ်ထားပါတယ်။

MCU ခေါင်းစဉ်အောက်မှာ ထွက်လာတဲ့ ရုပ်ရှင်ကားဒါဇင်ပေါင်းများစွာထဲမှာ အကောင်းဆုံးကားတွေအဖြစ် GQ Magazine က ရွေးချယ်ထားတဲ့အတိုင်း ဖော်ပြချင်ပါတယ်။ ကိုယ်မျှော်လင့်ထားတဲ့ ဇာတ်ကားနဲ့ TV Shows တွေ ပါမပါကို တစ်ချက်ကြည့်လိုက်ကြရအောင်ပါ။

(၅) Spider-Man: Homecoming (2018)

Spider-Man Homecoming (2018)

Photo: gq-magazine

MCU မှာ တွမ်ဟော်လန်ရဲ့ သက်ရောက်မှုက သိပ်ကြီးပါတယ်။ သူ့ရဲ့ Spider-Man: No Way Home ရုပ်ရှင်အောင်မြင်မှုကို ကြည့်ရင် သိနိုင်ပါတယ်။ Spider-Man: Homecoming မှာ ၁၅ နှစ်သား အထက်တန်းကျောင်းသားဘဝနဲ့ နယူးယော့ခ်မြို့ ကာကွယ်သူအဖြစ်ကို ပြီးပြည့်စုံတဲ့ ဟန်ချက်တစ်ခု ပေးထားတယ်လို့ ချီးကျူးထားပါတယ်။ ဘာပဲဖြစ်ဖြစ် ငွေကြေးအရ Box Office တင် ဒေါ်လာသန်း ၈၈၀ ကျော် ရတာကိုက အောင်မြင်မှုတစ်ခုလို့ ပြောနိုင်ပါတယ်။

(၄) Avengers: Infinity War (2018)

Avengers Infinity War (2018)

Photo: gq-magazine

ဒီရုပ်ရှင်ဟာ MCU ရဲ့ အအောင်မြင်ဆုံး ရုပ်ရှင်ကားတွေထဲက တစ်ကားလို့ ဆိုနိုင်ပါတယ်။ Infinity Stones တွေကို လိုက်စုပြီး ဖျက်ဆီးရှင်းလင်းရေး စီမံကိန်းလုပ်မယ့် Thanos ကို Avengers တွေ ဟန့်တားပါတော့တယ်။ အရေးကြီးတဲ့အချက်က ရုပ်ရှင်အဆုံးမှာ MCU ထဲက ဟီးရိုးတစ်ဝက်ကို သတ်ပစ်ဖို့ ဆုံးဖြတ်လိုက်တဲ့ ရဲရင့်တဲ့ ဆုံးဖြတ်ချက်ပဲ ဖြစ်ပါတယ်။ Avengers: Infinity War ဟာ Box Office ဝင်ငွေ ဒေါ်လာ ၂.၀၄၈ ဘီလျံ ဝင်ခဲ့တယ်လို့ ဆိုပါတယ်။

(၃) Thor: Ragnarok (2017)

Thor Ragnarok (2017)

Photo: gq-magazine

Thor စီးရီးမှာ ထင်ရှားပြီး လူကြိုက်များတဲ့ ဇာတ်ကောင်နှစ်ဦးရှိတယ်လို့ ဆိုချင်ပါတယ်။ တစ်ဦးက Thor (ခရစ္စဟမ်းစ်ဝေါ့သ်) နဲ့ နောက်တစ်ယောက်က Loki (တွမ်ဟင်ဒယ်လ်စတန်) ပဲ ဖြစ်ပါတယ်။ စရိုက်အလိုက် သရုပ်ဆောင်မှုပိုင်းအရလည်း ချီးကျူးစရာကောင်းအောင် ပုံစံမိပါတယ်။ Thor : Ragnarok မှာတော့ Sakaar ဂြိုလ်မှာ အကျဉ်းကျနေတဲ့ Thor က Asgard ကို ပြန်ပြီး သေခြင်းနတ်သမီး Hela လက်ကနေ သူ့ကမ္ဘာကို အဖျက်ဘေးက ကာကွယ်ဖို့ ဖြစ်လာပါတယ်။ ဒီထဲမှာ ပရိသတ်တွေအမှတ်ရဆုံးအခန်းတစ်ခုက Thor နဲ့ Hulk တို့ ဖိုက်ကြတဲ့ အခန်းပဲ ဖြစ်မှာပါ။

(၂) Spider-Man: No Way Home (2021)

Spider-Man No Way Home (2021)

Photo: gq-magazine

ရုပ်ရှင်လောကမှာ ပိုက်ဆံရဖို့က အဓိက ဟုတ်မဟုတ် ယတိပြတ်မပြောတတ်ပေမယ့် ပိုက်ဆံများများပြန်ရတာက အောင်မြင်မှုရဲ့ အမှတ်လက္ခဏာတစ်ခုလို့ တိုင်းတာကြသူတွေလည်း ရှိမှာပါ။ မနှစ်က ထွက်ခဲ့တဲ့ Spider-Man: No Way Home ကတော့ ဇာတ်လမ်းအရလည်း တွမ်ဟော်လန်ရဲ့ နောက်တစ်ဆင့်ဇာတ်ကောင်စရိုက်ကို ဆွဲခေါ်နိုင်ခဲ့သလို Green Goblin ၊ Electro နဲ့ Doc Ock တို့လို Multiverse က ဗီလိန်တွေနဲ့အတူ တခြား Universe ထဲက Peter Parker တွေပါ ပါဝင်လာပါတယ်။ Box Office ဒေါ်လာ ၁.၈ ဘီလံကျော် ရခဲ့တဲ့ ဒီရုပ်ရှင်က ၂၀၂၁ ရဲ့ ဝင်ငွေအကြမ်းဆုံးရုပ်ရှင်ဖြစ်ခဲ့သလို သမိုင်းမှာ ဆဠမမြောက် ဝင်ငွေအများဆုံးရုပ်ရှင်အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

(၁) Guardians Of The Galaxy (2014)

Guardians Of The Galaxy (2014)

Photo: gq-magazine

နံပါတ်တစ် အကောင်းဆုံး MCU ရုပ်ရှင်အဖြစ် The Guardians Of The Galaxy ရုပ်ရှင်ကို ပြောကြပါတယ်။ ဒါကို သဘောတူသူနဲ့ ကန့်ကွက်သူ နှစ်ဖွဲ့ရှိကြမှာပါ။ Avengers: Endgame ၊ Captain America: Civil War ၊ Avengers: Age Of Ultron တို့ကို ကျော်ပြီး ဖော်ပြထားတာ ဖြစ်ပါတယ်။ ဘယ်လိုပဲ အငြင်းပွားမှုတွေ ရှိရှိ ပထမဆုံး GOG ကားဖြစ်ပြီး အခက်အခဲနဲ့ ကြန့်ကြာမှုတွေကနေ ပေါ်ပေါက်လာခဲ့တဲ့ ဒီရုပ်ရှင်ဟာ MCU အတွက် အရေးပါတဲ့ အပြောင်းအလဲတစ်ခုရဲ့ မူလတာထွက်တစ်ခုအဖြစ်တော့ အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်။

Featured Photo: consequence