ဖက်ရှင်ကျတဲ့ အမျိုးသားများအတွက် နေ့စဉ်ဘဝမှာ စတိုင်လ်ကျပြီး ဆွဲဆောင်မှုရှိနေစေဖို့ ဘယ်လိုအသုံးအဆောင်ပစ္စည်းများ လိုအပ်သလဲ။ သင်ရော ဘယ်လိုအသုံးအဆောင်ပစ္စည်းမျိုးကို နေ့စဉ်နှင့်အမျှ ဆောင်ထားတတ်ပါသလဲ။

ပိုက်ဆံအိတ်

accessories for men

ဘဏ်ကတ်များ၊ ပိုက်ဆံများကို တစ်စုတစ်စည်းတည်း ထည့်ထားဖို့ရန်အတွက် လိုအပ်တဲ့အရာကတော့ အရည်အသွေးကောင်းတဲ့ ပိုက်ဆံအိတ်တစ်လုံးပဲဖြစ်ပါတယ်။ အရည်အသွေးကောင်းတဲ့ ပိုက်ဆံအိတ်ကို ဝယ်ယူထားမယ်ဆိုရင် သင့်အတွက် သုံးနှစ်လောက် အသုံးခံပါလိမ့်မယ်။

ရေမွှေး

accessories for men

တစ်နေ့တာလုံး ကိုယ်သင်းရနံ့လေး သင်းပျံ့နေဖို့ရန်အတွက် ရေမွှေးက ယောကျာ်းလေးတိုင်း မရှိမဖြစ် ပိုင်ဆိုင်ထားသင့်တဲ့ အသုံးအဆောင်ပစ္စည်းတစ်ခုပဲဖြစ်ပါတယ်။ သင့်ရဲ့ကိုယ်သင်းရနံ့က သင်းပျံ့နေမှသာ မိမိကိုယ်ကို ယုံကြည်ချက်ရှိပြီး ဆွဲဆောင်မှုမြင့်မားလာမှာဖြစ်ပါတယ်။

နာရီ

accessories for men

စမတ်ကျတဲ့အမျိုးသားတွေမှာ လက်ပတ်နာရီတစ်လုံးစီ ပိုင်ဆိုင်ထားကြပါတယ်။ ယနေ့ခေတ်က နည်းပညာခေတ်ဖြစ်တဲ့အလျောက် စမတ်လက်ပတ်နာရီများလည်း ပေါ်ပေါက်လာပြီဖြစ်တဲ့အတွက်ကြောင့် သင့်ရဲ့နာရီနဲ့ ဖုန်းကို တစ်ခါတည်း ချိတ်ဆက်ထားလို့ရတာပေါ့။

ရေဘူး

accessories for men

တစ်နေ့တာလုံးမှာ ရေဓာတ်ပြည့်ဝနေဖို့လိုအပ်ပါတယ်။ ရေဓာတ်ပြည့်ဝမှသာ သင့်အသားအရေက စိုပြေနေပြီး ကျန်းမာရေးနဲ့ ညီညွှတ်နေမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ဘယ်နေရာသွားသွား ရေဘူးသေးသေးလေးတစ်ဘူးလောက်တော့ ဆောင်ထားသင့်ပါတယ်။

ခါးပတ်

accessories for men

ခါးပတ်ကတော့ ဖက်ရှင်ကျတဲ့ အမျိုးသားတိုင်း ပိုင်ဆိုင်ထားသင့်တဲ့ ဖက်ရှင်အသုံးအဆောင်ပစ္စည်းတစ်မျိုးပါ။ ခါးပတ်ဝတ်မယ်ဆိုရင်တော့ သင့်ရဲ့ရှူးဖိနပ်အရောင်နဲ့ လိုက်ဖက်တဲ့ခါးပတ်မျိုးကို ရွေးချယ်သင့်ပါတယ်။

ရှူးဖိနပ်

accessories for men

ရှူးဖိနပ်ကောင်းကောင်းတစ်ရံက သင့်ရဲ့ဖက်ရှင်ကို ဆွဲဆောင်မှု မြင့်မားလာအောင် ကူညီပေးနိုင်ပါတယ်။

တစ်သျှူး (သို့) လက်ကိုင်ပုဝါ

accessories for men

Photo Source: iStock.com

ချွေးထွက်လာတဲ့အခါပဲဖြစ်ဖြစ်၊ အဝတ်အစားများ ပေကျံသွားတဲ့အခါပဲဖြစ်ဖြစ် အလွယ်တကူအသုံးပြုနိုင်တဲ့အသုံးအဆောင်ပစ္စည်းကတော့ တစ်သျှူးပဲဖြစ်ပါတယ်။ တစ်သျှူး (သို့) လက်ကိုင်ပုဝါ ဆောင်ထားပေးခြင်းအားဖြင့် သင်က သပ်သပ်ရပ်ရပ်နေတတ်တဲ့သူတစ်ယောက်ဖြစ်ကြောင်း ဖော်ပြပေးနိုင်ပါတယ်။

Source: Pinterest.com