မျက်လုံးအမြင်အာရုံတွေ ပြောင်းလဲခြင်းက လူတွေထိန်းချုပ်လို့မရတဲ့ အရာတွေထဲမှာ ပါဝင်ပါတယ်။ အသက်အရွယ်ကိုလိုက်ပြီး အမြင်အာရုံတွေပြောင်းသွားတက်ပါတယ်။ တစ်ချို့လူတွေမှာ အမြင်အာရုံနဲ့ပတ်သက်ပြီး စောစီးစွာ ပြဿနာတွေကြုံရတက်ပါတယ်။ တစ်ချို့လူတွေကတော့ အသက် (၅၀) ကျော်မှပဲ ဒီပြသာနာကိုကြုံရလေ့ရှိပါတယ်။ တစ်ချို့သောလူတွေက အမြင်အာရုံကို ထိခိုက်မိစေတဲ့ အလေ့အကျင့်ဆိုးတွေကို နေ့စဉ်ပြုလုပ်နေကြပါတယ်။ ဒီနေ့ဆောင်းပါးမှာတော့ အမြင်အာရုံကို ထိခိုက်စေသော အလေ့အကျင့်ဆိုးတွေအကြောင်း ပြောပြပေးသွားမှာပါ။
နေကာမျက်မှန်မဝတ်တာ

Source: Mather Vision Group
နေပူထဲထွက်တဲ့အချိန်မှာ အများစုက နေကာမျက်မှန်ဝတ်ဖို့ မေ့တက်ကြပါတယ်။ ဒါက ရေရှည်မျက်စိကျန်းမာရေးအတွက် မကောင်းပါဘူး။ မျက်စိနဲ့ ခရမ်းလွန် ရောင်ခြည်ထိတွေ့ စေခြင်းဟာ မျက်စိကျန်းမာရေးကို ထိခိုက်စေပါတယ်။ ဒါ့ကြောင့် အပြင်သွားတိုင်း နေကာမျက်မှန်ဝတ်ဆင်သွားဖို့ အကြံပေးချင်ပါတယ်။
မျက်ကပ်မှန်အဟောင်း အသုံးပြုခြင်း

Source: Cascadia Eye
တစ်ချို့သောလူတွေဟာ မျက်ကပ်မှန်ကို တစ်နေကုန်အသုံးပြုကြတယ်။ အိပ်ချိန်မှာတောင် တပ်ဆင်ထားတက်ကြတယ်။ မျက်ကပ်မှန် မချွတ်ပဲ (၂) ရက်ဆက်တိုက် တပ်ဆင်ထားမယ်ဆိုရင် မျက်စိပိုးဝင်နိုင်ခြေ မြင့်မားပါတယ်။ အခြားသူတွေနဲ့ မျက်ကပ်မှန် ဝေမျှသုံးစွဲခြင်းကလည်း ကောင်းတဲ့အရာ မဟုတ်ပါဘူး။
မကြာခဏ မျက်စိကို ပွတ်တာ

Source: Advanced Eye Medical Group
မျက်စိကို လက်နဲ့ပွတ်တာက အပြင်ပန်းကြည့်ရင် အန္တရာယ်ကင်းသလိုပါပဲ။ ဒါပေမယ့် ဒီလိုလုပ်လိုက်ခြင်းက မျက်စိထဲကို ဖုန်မုန့်တွေနဲ့ ဘက်တီးရီးယားတွေ ဝင်သွားစေပါတယ်။ ဒါကမျက်စိကို ပန်းရောင်သန်းသွားစေသလို မျက်ကြည်လွှာကိုလည်း ထိခိုက်စေပါတယ်။
တစ်နေကုန် ဖုန်းကြည့်တာ

Source: Mental Floss
ဖုန်း (သို့) ကွန်ပျူတာမျက်နှာပြင်တွေကို အချိန်အကြာကြီးစိုက်ကြည့်ရင် မျက်စိညောင်းသလို ခံစားမိကြမှာပါ။ ဖုန်း၊ ကွန်ပျူတာမျက်နှာပြင်တို့ကနေ ထုတ်လွှတ်လိုက်တဲ့ အပြာရောင်အလင်းက မျက်လုံးကို ခြောက်သွေ့စေပြီး မျက်ရည်ထုတ်လုပ်မှုကို လျော့နည်းသွားစေပါတယ်။ ဒါက မျက်လုံးကို မှုန်ဝါးဝါးဖြစ်တာ၊ အမြင်အာရုံမရှင်းလင်းတာတွေ ဖြစ်လာနိုင်စေပါတယ်။
