ကြည့်လိုက်ရင် ရှိရင်းစွဲအသက်ထက် အနည်းဆုံး ၅ နှစ် ငယ်တဲ့သူ ဖြစ်ဖို့ သိပ်မခက်တဲ့ နည်းလမ်းတွေ ရှိပါတယ်။ အသားအရေစိုပြေဝင်းလက်ခြင်း ၊ အရေးအကြောင်းရှင်းပြီး တင်းရင်းနုပျိုမှု ၊ သွက်လက်ပေါ့ပါးတဲ့ လှုပ်ရှားဟန်တွေက လူတစ်ယောက်ရဲ့ အရွယ်တင်မှုကို ပုံဖော်နေတာ မဟုတ်လား။ ဒီလိုမျိုး အရွယ်တင်စေဖို့ဆို အခုပြောတဲ့ အကျင့်လေးတွေ နေ့တိုင်း လုပ်ပေးဖို့တော့ လိုမှာပါ။

(၁) စပျစ်သီးများများစား

man-crop-ripe-bunch-black-grapes-wine-male-hands-picking-autumn-grapes-harvest-wine-making-vineyard

Photo: Freepik

စပျစ် ၊ ဘယ်ရီ ၊ သစ်တော် နဲ့ ဇီးသီးလို Sorbitol အနွယ်ဝင် အသီးတွေမှာ ပါတဲ့ Humectant ဆိုတဲ့ အချိုဓါတ်ဟာ ခန္ဓာကိုယ်အရေပြားကို အစိုဓါတ်ပေးနိုင်စွမ်းရှိပါတယ်။ အရေပြားဆိုတာ အစိုဓါတ်မြင့်တာနဲ့ အသားအရေဝင်းလက်တင်းရင်းတာ ဖြစ်လို့ နုပျိုမှုကို ပေးနိုင်တာ ဖြစ်ပါတယ်။ ပုံမှန်လည်း မျက်နှာကို Moisturize လုပ်တာ မျက်နှာသစ်ဆေးကောင်းကောင်း သုံးပြီး မျက်နှာသစ်ပေးတာမျိုးလည်း လုပ်ပေးရင် ပိုထိရောက်ပါတယ်။

(၂) မျက်လုံးမျက်ခုံး အလှပြင်

Frame your face

Photo: Freepik

မျက်ခုံးတွေရဲ့ ဖွဲ့စည်းပုံက အရွယ်တင်မှုကို ပုံဖော်ရာမှာ ထင်ရှားပါတယ်။ ဒါကြောင့် မျက်ခုံးတွေကို ကောင်းကောင်း ဂရုစိုက် Well-Groomed လုပ်ထားပါ။ မျက်လုံးကို ကြည်လင်နေအောင် Screen အကြည့်လျှော့ ၊ မျက်လုံးအညောင်းမခံဘဲ မျက်စဉ်းလေးခတ်တာမျိုး လုပ်ပေးပါ။

(၃) လက်တွေကို ဂရုစိုက်ဖို့လည်း မမေ့နဲ့

Shirtless young man applying cream on hand against white

Photo: Freepik

လူတွေရဲ့လက်ကို ကြည့်တာနဲ့ သူတို့ရဲ့ အသက်ကို ခန့်မှန်းလို့ ရတယ်လို့ ဆိုပါတယ်။ အများစုက အရွယ်တင်တယ်ဆိုရင် မျက်နှာလောက်ပဲ ကြည့်တတ်တာမလား။ ဒီတော့ လက်အရေပြား ကျန်းမာကြည်လင်နေဖို့ SPF ပါတဲ့ နေကာခရမ်လိမ်းတာမျိုး ပုံမှန်လုပ်ပေးပါ။ လီမွန်ရည်နဲ့ ပင်လယ်ဆားရောပြီး လက်ပေါ်မှာ လိမ်းပြီး သွားတိုက်တံအနုစားနဲ့လည်း ပွတ်တိုက်ပေးနိုင်ပါတယ်။

(၄) အစိမ်းနဲ့ အနီ များများစားပေး

Fruits and Vegetables

Photo: Freepik

ဟင်းသီးဟင်းရွက်အစိမ်းတွေမှာ ပါတဲ့ Vitamin K ဟာ သွေးခဲထုံးတာကို လျှော့ချပေးနိုင်ပါတယ်။ သွေးစီးဆင်းမှု ညီညွတ်တာကလည်း အရေပြားတွေ တင်းရင်းကျန်းမာစေတာပါပဲ။ ခရမ်းချဉ်သီးစားခြင်းကလည်း ခရမ်းချဉ်သီးမှာပါတဲ့ Lycopene ကြောင့် UV Ray လို အန္တရာယ်မြင့် ရောင်ခြည်တွေကနေ ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် ဟင်းသီးဟင်းရွက် အစိမ်းအမှည့် အစုံ စားပေးပါလို့ အကြံပြုချင်ပါတယ်။
အစားအသောက်နဲ့ ပတ်သက်လို့ နည်းနည်း ထပ်ပြောချင်တာက ဆယ်လ်မွန်နဲ့ အဆီများတဲ့ ငါးတွေ စားတာမျိုးလည်း လုပ်ပေးသင့်ပါတယ်။ တစ်ပတ်ကို နှစ်နှပ်လောက် အဆီများတဲ့ ငါးတွေ စားပေးရင် ပါးရေတွန့်တာတွေ ပျောက်ကင်းစေလို့ ဖြစ်ပါတယ်။

(၅) တစ်ပတ် ၄ ရက် အားကစားလုပ်ပါ

 

Young man playing table tennis

Photo: Freepik

ပုံမှန်အားကစားလုပ်တာက ရုပ်ရင့်မှု/အိုမင်းလွယ်မှုကို သက်သာစေနိုင်ပါတယ်။ နှလုံးနဲ့ အဆုတ်ကျန်းမာရေး အားပေးတဲ့အတွက် ကြွက်သားတွေ သန်မာပြီး အရိုးအကြောအချဉ်တွေ ပျော့ပျောင်းတဲ့အပြင် အသားအရေကျစ်ကျစ်လျစ်လျစ်နဲ့ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ကျန်းမာဖို့ အားပေးပါတယ်။ အားကစားလုပ်တာက ကြွက်သားဆုံးရှုံးမှု ဟန့်တားနိုင်ပြီး အိပ်စက်မှု အရည်အသွေးမြှင့်ပေးလို့လည်း ရုပ်ရည်ပျိုနုဖို့ပါ အထောက်အကူပြုပါတယ်။